+66 2 879 0300 myanmar@yanhee.net

သွေးသန့်ပီး အသားဖြူဆေးသွင်းခြင်း

Chelation

နှလုံးသွေးကြောကျဉ်းရောဂါများနှင့် သွေးကြောများပိုမိုကျန်းမာစေရန် Chelation Therapy ပြုလုပ်ကြပါစို့

ခွဲစိတ်ကုသမှုပြုလုပ်ရန်မလိုအပ်ပဲ သွေးကြောများအတွင်း သွေးလည်ပတ်မှု ပိုမိုကောင်းမွန်သွားပီး ဆဲလ်များကျန်းမာရေးအတွက် အထောက်အကူများစွာပေးနိုင်မည့် သွေးကြောထဲသို့ တိုက်ရိုက်ဆေးသွင်းပေးခြင်းဖြင့် ကုသမှုပြုလုပ်ခြင်းဖြစ်ပါသည်။

Chelation Therapy ပြုလုပ်ခြင်းနှင့်ပတ်သက်ပီး လေ့လာတွေ့ရှိချက်များအရ Chelation Therapy ပြုလုပ်ခြင်းဖြင့် အောက်ဖော်ပြပါ ရောဂါများအတွက် အထူးသင့်လျော်မှုရှိကြောင်း တွေ့ရှိရပါသည်။ ၄င်းတို့မှာ

(၁) နှလုံးသွေးကြောကျဉ်းရောဂါ

(၂) ဦးနှောက်သွေးကြောကျဉ်းရောဂါ

(၃) သွေးချိုဆီးချိုရောဂါကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးပြသနာများ

(၄) သွေးကြောထဲရှိ အဆိပ်အတောက်များဖယ်ရှားခြင်း

(၅) သွေးတိုးရောဂါ

(၆) သတိမေ့လျော့လွယ်ခြင်း

(၇) ဦးနှောက်အာရုံကြောပျက်ဆီးခြင်းကြောင့်ဖြစ်သောရောဂါများ

(၈) သွေးကြောရောဂါများ

(၉) အနာကျက်နှေးခြင်း စသည်တို့ ဖြစ်ပါသည်။

Chelation Therapy ကြောင့် ဘာတွေဖြစ်သွားလဲ

Chelation Therapy ပြုလုပ်ရာမှာ သွေးကြောထဲသို့ သွေးထဲရှိအဆိပ်အတောက်များ ဖယ်ရှားပေးမည့် antioxidant ဖြစ်တဲ့ ethylenediaminetetraacetic acid ( EDTA ) ထိုးသွင်းပေးခြင်းဖြစ်ပါသည်။ EDTA သည် သွေးထဲသို့ရောက်ရှိသွားပီးနောက် သွေးထဲရှိ ကယ်ဆီယမ်၊ ခဲဓာတ်၊ သံဓာတ်စသော ချေဖျက်ရခက်ခဲသည့်အရာများကို ချေဖျက်ပေးခြင်းအားဖြင့် သွေးထဲတွင် heavy metal များကင်းစင်သွားပီး သွေးကြောများလည်း ပိုမိုကျန်းမာသွားစေပါမည်။ အဆိပ်အတောက်များကို ချေဖျက်ပီးနောက် သွေးကြောထဲမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးပါမည်။ ထို့ကြောင့် သွေးကြောထဲတွင် အဆိပ်အတောက်များ ကင်းစင်သွားပီး သွေးကြောကျဉ်းခြင်းကို ကာကွယ်ကုသမှု ပြုလုပ်ရာလည်းရောက်ပါသည်။

EDTA သည် သွေးကြောနံရံတွင် တွယ်ကပ်နေသော ကယ်ဆီယမ်ဓာတ်ကို ချေဖျက်ပီး ခန္ဓာကိုယ်ပြင်ပရောက်အောင် စွန့်ထုတ်ပေးသောကြောင့် သွေးကြောများ ပိုမိုကျယ်ဝန်းသွားပီး သွေးလည်ပတ်မှုလည်း ပိုမိုကောင်းမွန်သွားမည်။ သွေးကြောထဲတွင် ကယ်ဆီယမ်များစုပုံလာပါက သွေးကြောကျဉ်းရောဂါ လုံးဝဖြစ်ပွားနိုင်သောကြောင့် Chelation ပြုလုပ်ခြင်းသည် သွေးကြောများ ပိုမိုကျန်းမာသွားပီး သွေးလည်ပတ်မှုလည်း ပိုမိုကောင်းမွန်သွားသောကြောင့် သွေးကြောကျဉ်းရောဂါများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သော ကုသမှုတစ်ခုဖြစ်ပါသည်။

ထို့အပြင် Chelation ပြုလုပ်ခြင်းအားဖြင့် သွေးကျဲသွားစေခြင်းဖြင် လေဖြတ်ခြင်းနှင့် Heart Attack ဖြစ်ပွားခြင်းများကိုလည်း ကာကွယ်နိုင်ပါမည်။ ကုသမှုပြုလုပ်ချိန် တစ်နာရီမှ သုံးနာရီအထိကြာမြင့်တတ်ပီး၊ သွေးကြောထဲမှတစ်ဆင့် ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ EDTA ကို ဖြည်းဖြည်းချင်းသွင်းပေးမည် ဖြစ်ပါသည်။

Chelation Therapy ကို တစ်ပတ်အတွင်း အနည်းဆုံး ၁ ကြိမ်မှ ၃ကြိမ်ထိ ပြုလုပ်နိုင်ပီး၊ Chelation Therapy ပြုလုပ်ခြင်းအားဖြင့် ရောဂါပေါင်းများစွာကို ကာကွယ်ကုသမှု ပြုလုပ်ရာရောက်ပါသည်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

14 + 9 =