+66 2 879 0300 myanmar@yanhee.net

Hyperbaric Oxygen Therapy ဆိုတာဘာလဲ

သွေးချိုးဆီးချိုရောဂါဖြစ်နေပီး ဒဏ်ရာတစ်ခုခုရပီးနောက် အနာကျက်ဖို့အင်မတန်ခက်နေပါသလား

သင့်ရဲ့ကလေးဟာ Autism တစ်ယောက်ဖြစ်နေပါသလား

ကျွန်တော်တို့တွေအမြဲရှူသွင်းနေတဲ့ လေထဲမှာရှိတဲ့ အောက်ဆီဂျင်က ၂၁%ပဲရှိတယ်။ Hyperberic Oxygen Threapy ဆိုတာကတော့ ၁၀၀% အပြည့်အဝ ပါဝင်တဲ့ အောက်ဆီဂျင်ကို အထူးပြုလုပ်ထားတဲ့ အလုံပိတ် Chamber ကြီးတွေထဲကိုဝင်ပီး ရှူခြင်းဖြင့် ကုသမှုပြုလုပ်ခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

ပုံမှန်ထက် လေဖိအား ၂ဆမှ ၃ဆခန့်မြင့်တဲ့ လေဖိအားအကိုအသုံးပြုပီး ၁၀၀%အပြည့်အဝပါဝင်တဲ့ အောက်ဆီဂျင်ရှူခြင်းအားဖြင့် သွေးထဲကို အောက်ဆီဂျင် ရောက်ရှိနိုင်မှုကလည်း ပုံမှန်ထက် အဆပေါင်း ၂၀ ပိုပီးရောက်ရှိနိုင်မှာဖြစ်ပီး၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့အနာတွေ၊ တစ်သျူးတွေကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေခြင်းကြောင့် အနာကျက်မြန်ခြင်းနဲ့ အခြားသောအကျိုးကျေးဇူး များစွာကို ရရှိစေမှာလည်းဖြစ်ပါတယ်။

Hyperbaric Oxygen Therapy ပြုလုပ်ရန် အသင့်တော်ဆုံးအခြေအနေများ

မူလအစက HBO Threapy သည် လေဖိအားလျော့ချခြင်းကြောင့် ဖြစ်ပေါ်လာမကျန်းမာခြင်းများ ကုသမှုပြုလုပ်ရာတွင် အသုံးပြုသည်။ သို့သော်လည်း HBO Therapy ပြုလုပ်ခြင်းကြောင့် ရရှိလာသောအကျိုးကျေးဇူးများအရ အောက်ဖော်ပြပါအခြေအနေများတွင်လည်း HBO Therapyကို ရွေးချယ်ပြုလုပ်နိုင်ပါသည်။ ၄င်းတို့မှာ

(၁) သွေးချိုဆီးချိုကြောင့်ဖြစ်သော ခြေထောက်နှင့် ခြေဖဝါအနာများ။ ။ HBO Therapy ပြုလုပ်ခြင်း အားဖြင့် အောက်ဆီဂျင် ၁၀၀%အပြည့်အဝရရှိုနိုင်သဖြင့် ဓာတ်ရောင်ခြည်တစ်ခုခုကြောင့် ပျက်ဆီး သွားသော သွေးကြောအသစ်များကို အောက်ဆီဂျင်ပိုမိုရောက်ရှိစေမည်။ နူးညံ့သောတစ်သျူးများ ပျက်ဆီးခြင်း၊ သွေးချိုဆီးချိုကြောင့်ဖြစ်သော ခြေထောက်နှင့်ခြေဖဝါးရှိအနာများနှင့် အခြားသော အနက်ကျက်ရန်ခက်ခဲသည့် နာတာရှည်အနာများ

(၂) ကာဗွန်မိုနောက်ဆိုဒ် သို့မဟုတ် ဆိုင်ရာနိုက် အဆိပ်တက်ခြင်း။ ။ ပုံမှန်ထက်ဖိအားများပီး အောက်ဆီဂျင် ပုံမှန်ထက်ပိုမိုရရှိခြင်းအားဖြင့် သွေးထဲတွင်ပျော်ဝင်နေသော အဆိပ်အတောက်များကို ခန္ဒာကိုယ်ပြင်ပရောက်အောင် ပို၍တွန်းထုတ်ပစ်နိုင်သည်။ သွေးထဲမှာအဆိပ်အတောက်များကို မြန်မြန်ဆန်ဆန်ဖယ်ထုတ်နိုင်သဖြင့် အဆိပ်တက်ခြင်းကြောင့်ဖြစ်နိုင်သော ဦးနှောက်အာရုံကြော ပြသနာများဖြစ်ပွားမှုကို ကာကွယ်နိုင်မည်။

(၃) အနာပိုးဝင်ခြင်း။ ။ သွေးထဲတွင် အောက်ဆီဂျင်ပမာဏ ပုံမှန်ထက်ပိုမိုရောက်ရှိသွားခြင်းကြောင့် ခနာကိုယ်၏ခုခံအားစနစ်လည်းပိုကောင်းမွန်လာကာ ဒဏ်ရာနှင့်အရိုးများရှိ ဘတ်တီးရီးယားပိုးများကို သေကြေပျက်ဆီးစေနိုင်ပါမည်။

(၄) အခြားအခြေအနေများ။ ။ Autism ကလေးများ၊ Cerebral Palsy နှင့် Lyme Disease ခံစားနေရသောကလေးများနှင့် ဒဏ်ရာတစ်ခုခုရရှိပီးနောက် အနာကျက်မြန်ရန်လည်း HBO Threapy ပြုလုပ်နိုင်ပါသည်။

Autism ကလေးများတွင် HBO Threapy သည် မည်ကဲ့သို့အကျိုးရှိပုံသိရှိရန် နှိပ်ပါ။

HBO Therapy ပြုလုပ်နေစဉ် မည်ကဲ့သို့ခံစားရမလဲ

အောက်ဆီဂျင် ၁၀၀% ရှူခြင်းသည် နာကျင်မှုမရှိပါ။ HBO Ttherapy ဖြင့် ကုသမှုခံယူနေစဉ် သက်တောင့်သက်သာဖြစ်နေပီး မှန်ဖြင့်ပြုလုပ်ထားသော အဖုံးလေးပါရှိရှိ Chamberကြီးထဲတွင် ကုသမှုအပေါ်မူတည်ပီး မိနစ်ပေါင်းများစွာမှ နာရီအနည်းငယ်ကြာသည်ထိ အချိန်အတော်ကြာ နေရမည်ဖြစ်သည်။

အောက်ဆီဂျင်စပီးပေးခါစနှင့် ကုသမှုပြုလုပ်ပီးခါနီးအချိန်တွင် သင်၏နားထဲတွင် နားထဲရှိလေဖိအား အပြောင်းအလဲတစ်ခုကြောင့် ဥပမာအားဖြင့် လေယဉ်ဆင်းချိန်တက်ချိန်နှင့် ရေအောက်ထဲတွင် ရေကူးနေစဉ် ဘာမှမကြားတော့သလိုလို တစ်ခုခုပြည့်ပီးပိတ်နေသကဲ့သို့ သင့်၏နားထဲတွင် တစ်ခုခုပြည့်ပီးပိတ်နေသည့် အာရုံခံစားမှုတစ်မျိုးကို ရရှိမည်။

ထိုကဲ့သို့သော အာရုံခံစားမှုမျိုး ပြင်းပြင်းထန်ထန်မဖြစ်နိုင်စေရန် တံတွေမျိုချခြင်းကိုပြုလုပ်ပေးရန် သင်ကြားပေးပါမည်။

အချို့လူများတွင် ကုသမှုပြုလုပ်ပီးနောက် ဦးခေါင်းချာချာလည်နေသလို ခံစားရတတ်ပီး မိနစ်အနည်းငယ်အတွင်း ပျောက်သွားပါမည်။

ကုသမှုအကြိမ်မည်မျှ ပြုလုပ်ဖို့လိုအပ်သလဲ

ကုသမှုပြုလုပ်ပီး ရရှိလာမည့်အခြေအနေနှင့် တုန့်ပြန်မှုများအပေါ်မူတည်ပီး အကြိမ်ပေါင်းများစွာ ကုသမှုပြုလုပ်ရန်လိုအပ်ပါသည်။ ပုံမှန်အားဖြင့် အရေးပေါ်အခြေအနေ တစ်ခုခုတွင် ကုသမှုစပီးပြုလုပ်သည့် ပထမအပတ်အတွင် ၁ကြိမ်မှ ၂ကြိမ်ထိ ကုသမှုပြုလုပ်ရမည်။ ဒဏ်ရာတစ်ခုခုရပီး နာတာရှည်ပိုးဝင်ခြင်း၊ အနာကျက် နှေးခြင်းများတွင် ကုသမှုတစ်ကြိမ်အတွက် အနည်းဆုံး မိနစ် ၂၀မှ ၁နာရီအထိ လိုအပ်ပီး အကြိမ်ရေများစွာ ပြုလုပ်ရန်လိုအပ်ပါသည်။

ဘာကြောင့် အကြိမ်ရေများစွာပြုလုပ်ရန် လိုအပ်သလဲ

ပျက်ဆီးသွားသော တစ်သျူးများနှင့် သွေးကြောများပြန်လည်ရှင်သန်ကြီးထွားရန် အောက်ဆီဂျင် အကျိုးသက်ရောက်မှု အကောင်းဆုံးရရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကင်ဆာရောဂါ ဖြစ်ပွားနေသောလူနာများတွင် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပြုလုပ်ပီးနောက် သွေးကြောများအားလုံး၏ ၇၀% ခန့်ပျက်ဆီးဆုံးရှုံးမှုရှိတတ်ပါသည်။ အခြေခံအားဖြင့် HBO Therapy ပြုလုပ်ခြင်းအားဖြင့် ကုသမှုအကြိမ်ရေပေါင်း ၆ ကြိမ်မှ ၈ ကြိမ်အထိ ပြုလုပ်ပီးနောက် သွေးကြောငယ်လေးများ ပြန်လည်ကြီးထွားဖွံ့ဖြိုးနိုင်ကြောင့် လေ့လာတွေ့ရှိရသည်။

အများအားဖြင့် အောက်ဆီဂျင်ကုသမှုအကြိမ်ရေ ၁၈ ကြိမ်မှ ၂၃ကြိမ်အတွင်း သွေးကြောများပြန်လည် ရှင်သန်ကြီးထွားနိုင်ပီး ပုံမှန်တစ်သျူးများ၏ ၈၀%ထိ သွေးကြောများပြန်လည်ရှင်သန်မှု ရှိနိုင်ပါသည်။

သွေးချိုဆီးချိုလူနာများတွင် နာတာရှည်ခြေထောက်အနာမကျက်ခြင်းဖြစ်တတ်ပီး အောက်ဆီဂျင် ၁၀၀% ရှူပေးခြင်းဖြင့် ခြေထောက်ဖြတ်ရခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

အနာကျက်ပိုမိုမြန်ဆန်အောင် တခြားမည်သည့်အချက်တွေအပေါ် မူတည်သလဲ

အနာတစ်ခုမြန်မြန် အနာကျက်ရန် ဆေးဝါးကုသမှုများ၊ အစားအာဟာရများ၊ အနာကိုသေသေချာချာ ဂရုစိုက်ပေးခြင်းနှင့် ယေဘုယျကျန်းမာရေးအခြေအနေများအပေါ် မူတည်သည်။

သွေးချိုဆီးချိုဓာတ်ကို ပုံမှန်ထိန်းရခက်ခဲခြင်း၊ သွေးပေါင်ချိန်ပုံမှန်အခြေအနေဖြစ်အောင် ထိန်းညှိရခက်ခဲခြင်းများသည် HBO therapy ပြုလုပ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ လျော့နည်းစေနိုင်သကဲ့သို့ သွေးကြောများပြန်လည်ရှင်သန်ကြီးထွားမှုကိုလည်း နှေးစေပါသည်။

ဆေးလိပ်သောက်ခြင်းကြောင့်လည်း ခနာကိုယ်နေရာအနှံ့သို့ အောက်ဆီဂျင်ရောက်ရှိနိုင်မှု လျော့နည်းစေခြင်းကြောင့် HBO Therapy ပြုလုပ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ပိုမိုလျော့နည်းစေပါမည်။

အောက်ဖော်ပြပါ အခြေအနေတစ်ခုခုတွင် ကုသမှုမပြုလုပ်မှီ HBO Threapy ပြုလုပ်ပေးမည့် ကျန်းမာရေးဝန်ထမ်းများကို အသိပေးအကြောင်းကြားထားရပါမည်။

၎င်းတို့မှာ (၁) ဖျားနာခြင်း

(၂) ပျို့ခြင်း

(၃) အန်ခြင်း

(၄) ဝမ်းလျှောခြင်း

(၅) ဦးခေါင်းအုံခဲကိုက်ခဲခြင်းစသည်တို့ဖြစ်ပါသည်။

Autism ကလေးတွေအတွက် Hyperbaric Oxygen Threapy

သာမာန်အားဖြင့် ကလေးတစ်ယောက်ဟာ ပုံမှန်အတိုင်း အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုနှင့် စကားပြောခြင်းစတဲ့အလုပ်တွေပြုလုပ်ရာမှာ ကလေးတွေရဲ့ ဦးနှောက်ဟာ အလုပ်ပိုပီး လုပ်ရပါတယ်။ ဦးနှောက်အတွင်းသို့ ပိုမိုသွေးလည့်ပတ်မှုဖြစ်စေပီး ဦးနှောက်ဆဲလ်တွေအတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ဂလူးကိုစ့်တွေကို ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ သို့မှသာ ဦးနှောက်ဆဲလ်တွေဟာ သူတို့ရဲ့ပုံမှန်အလုပ်တွေကို ပြုလုပ်နိုင်ဖို့အတွက် အားအင်အလုံအလောက်ရှိမှာ ဖြစ်တယ်။

လေ့လာတွေ့ရှိမှုအများစုအရတော့ Autism ကလေးတွေကတော့ အထက်ပါအချက်တွေအားလုံးဟာ ပြောင်းပြန်ဖြစ်နေတတ်တာ တွေ့ရပါတယ်။ Autism ကလေးတွေမှာ ဦးနှောက်က သူ့ရဲ့အလုပ်တွေ ဖြစ်တဲ့ စကားပြောခြင်း၊ တစ်ခုခုကိုအာရုံစူးစိုက်ခြင်းစတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် ဦးနှောက်ထဲသို့ သွေးလည်ပတ်ရောက်ရှိမှုက ပုံမှန်ထက်ပိုနည်းနေပီး ဦးနှောက်ဆဲလ်တွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ကလူးကိုစ့်ဓာတ်တွေထောက်ပံ့ပေးနိုင်မှုလည်း လျော့နည်းနေမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဦးနှောက်ဆဲလ်တွေအတွင်း သွေးလည်ပတ်ရောက်ရှိမှု လျော့နည်းရခြင်းကြောင့် လိုအပ်တဲ့အောက်ဆီဂျင်ပမဏ ပုံမှန်ထက်ပိုမိုနည်းပါးတဲ့အတွက် ဦးနှောက်ဆဲလ်တွေ ပျက်ဆီးကြရပါတယ်။

ဦးနှောက်သွေးလည်ပတ်မှု လျော့နည်းခြင်း

ဦးနှောက်ထဲမှာ သွေးလည်ပတ်မှုလျော့နည်းခြင်းကို Brain Hypoperfusion လို့ခေါ်ပီး ဆေးပညာနယ်ပယ်မှာလည်း Autism ကလေးတွေမှာဖြစ်ပွားတဲ့ Brain Hypoperfusion ကိုလက်တွေသရုပ်ဖော်ပြသနိုင်မယ့် သင်ခန်းစာ အမြောက်အများ ရှိပါသည်။ လေ့လာတွေ့ရှိမှုတွေအရ ဦးနှောက်သွေးလည်ပတ်မှုနှေးကွေးခြင်းဟာ အသက်အရွယ်အလိုက် ပိုမိုဆိုးရွားမှုရှိတတ်ပီး အသက်အရွယ်ကြီးတဲ့ကလေးတွေမှာ ဆိုးရွားမှုအခြေအနေ အကြီးအကျယ်ဖြစ်တတ်ပါတယ်။

Autism ကလေးတွေရဲ လက္ခဏာတွေကိုကြည့်ခြင်းအားဖြင့် ကလေးရဲ့ဦးနှောက်သွေးလည်ပတ်မှု ဘယ်လောက်လျော့နည်းနေသလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

7 + 6 =