+66 2 879 0300 myanmar@yanhee.net

လည်ဇလုပ်ခွဲစိတ်ဖယ်ရှားခြင်း

လည်ဇလုပ်ခွဲစိတ်ဖယ်ရှားခြင်း (Adam’s Apple Shaving )

Adam’s Apple Shaving ဆိုတာဘာလဲ

Adam’s Apple Shavingဆိုတာ မိမိကိုယ်ကိုမိမိ အမျိုးသမီးတစ်ယောက်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါခံယူထားတဲ့ အမျိုးသားများအတွက် လည်ပင်းမှာရှိတဲ့ လည်ဇလုပ်ကြီးကို အမျိုးသမီးတစ်ယောက်ကဲ့သို့ ပြေပြေပြစ်ပြစ်လေးဖြစ်သွားအောင် အိပ်ဆေးနဲ့ထုံဆေးကိုအသုံးပြုပီး ခွဲစိတ်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။

ခွဲစိတ်မှုပြုလုပ်ရာမှာလည်း လည်ပင်းအရေပြားမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အလျားလိုက် အရေးအကြောင်းလေးပေါ်ကနေ ဒဏ်ရာသေးသေးကလေးပေးပီး လည်ပင်းရဲ့ထိပ်ပိုင်း မေးစေ့ရဲ့အောက်ဘက်ရှိ အပြင်ဘက်ကို ထိုးထောင်ပီးငေါထွက်နေတဲ့ လေပြွန်ရဲ့ အရိုးနုပိုင်းလေးဖြစ်တဲ့ လည်ဇလုပ်လေးကို ပြေပြေပြစ်ပြစ်ကလေး ဖြစ်သွားအောင် ခြစ်ထုတ်ပေးမှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံတက်ဖို့လည်းမလိုအပ်ပဲ ဟိုတယ်သို့ ပြန်လည်အနားယူနိုင်မှာဖြစ်ပီး ခွဲစိတ်ပီး တစ်ပတ်ကြာတဲ့အခါမှာတော့ ဆေးရုံကို အနာချုပ်ရိုးဖြည်ဖို့အတွက် ပြန်လာပြရမှာ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်

ခွဲစိတ်ကုသမှုအမည် ကုန်ကျစရိတ်

Adam’s Apple Shaving ဘတ် ၃၈၀၀၀

မကြာခဏအမေးများသော မေးခွန်းများနှင့် အဖြေများ

မေးခွန်း ၁ ခွဲစိတ်ပီးနောက် ဘယ်လိုဖြစ်နေမလဲ

အဖြေ ၁ ခွဲစိတ်ပီးနောက် ခွဲစိတ်ဒဏ်ရာမှ နာကြင်ခြင်း၊ ခွဲစိတ်ဒဏ်ရာတင်းနေသလို ခံစားရခြင်းများဖြစ်တတ်ပီး အစားအစာမျိုချသောအခါ အနည်းငယ်ခက်ခဲခြင်းများ ဖြစ်တတ်ပါတယ်။

မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကဲ့သို့ လုံးဝပြေပြေကလေးဖြစ်သွားမလား

အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ရာမှာ လည်ဇလုပ်လုံးဝမရှိတော့ဘူး ထင်ရလောက်သည်အထိ လည်ဇလုပ်ကိုခြစ်ထုတ်လိုက်ပါက အတွင်းပိုင်းရှိ အသံအိုးကို ထိခိုက်သွားနိုင်ပီး အသံကွဲအက်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ခွဲစိတ်ဆရာဝန်မှ အမျိုးသမီးတစ်ဦးကဲ့သို့ လည်ဇလုပ်မရှိပဲ ပြေပြေပြစ်ပြစ်လေးဖြစ်သွားမည်ဟု လုံးဝအာမခံချက် မပေးနိုင်ပါ။

မေးခွန်း ၃ ခွဲစိတ်ဒဏ်ရာကို မြင်နိုင်ပါသလား

အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ရာတွင် လည်ပင်းရှိ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အရေးအကြောင်းလေး တစ်လျှောက်တွင် ခွဲစိတ်ဒဏ်ရာပေးပီး ခွဲစိတ်မှုပြုလုပ်မည် ဖြစ်သောကြောင့် အနာကျက်သွားသောအခါ ခွဲစိတ်ဒဏ်ရာကို သိသိသာသာမမြင်နိုင်ပါ။ သို့သော် ဒဏ်ရာတစ်ခုခုရပီးနောက် အနာကျက်သောအခါ အသားတတ်ခြင်း အသီးထခြင်းဖြစ်ခဲ့ဖူးပါက ခွဲစိတ်ကုသမှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာနေရာတွင် အမာရွတ်အသီးထခြင်း ဖြစ်နိုင်ခြေရှိပီး၊ ဒဏ်ရာအမာရွတ်ကို မြင်တွေ့နိုင်ပါမည်။

မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဒဏ်ရာသွေးထွက်ခြင်း၊ အသုံးပြုရမည့် မေ့ဆေးထုံဆေးများ၏ ဘေးထွက်ဆိုးကျိုးများဖြစ်တတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်းနှင့် အမာရွတ်ကျန်ခြင်းများ ဖြစ်တတ်ပါသည်။ လည်ဇလုပ်ကို အလွန်အကျွံခြစ်ထုတ်လိုက်ပါက အသံအိုးထိခိုက်ဒဏ်ရာရပီး အသံကွဲအက်ခြင်း ဖြစ်တတ်ပါသည်။

မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ

အဖြေ ၅ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ အနည်းဆုံး၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများ သုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ အခြားမဖြစ်မနေသောက်ရမည့် ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

8 + 8 =