လက်မောင်းအရေပြားတွဲကျနေခြင်းကို ခွဲစိတ်ပြုပြင်ခြင်း
Arm Lift ဆိုတာ ဘာလဲ
Arm Lift ဆိုတာ မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့်နဲ့ အင်္ကျင်္ီလက်တိုလေး ဝတ်ကြရအောင် လက်မောင်းမှာအရေပြားတွေ တွဲကျနေခြင်းလုံးဝမရှိပဲ လက်မောင်းအရေပြားကလေး တင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်ပြုပြင်ပေးခြင်း ဖြစ်ပါတယ်။ ယခု သင့်အိပ်မက်တွေကို အကောင်အထည်ဖော်လို့အချိန်ပါပဲ။ သင့်လက်မောင်းအရေပြား တင်းတင်းရင်းရင်းနဲ့ ညီညာချောမွေ့သွားအောင် ပြုလုပ်လို့ရနေပါပီ။ အောက်မှာဖော်ပြပေးမယ့် ပုံလေးတွေကို ကြည့်ခြင်းအားဖြင့် အသက်ရွယ် ကြီးရင့်လာတာနဲ့အမျှ သင့်လက်မောင်းအရေပြားတွေ တွဲကြလာမယ်။ မလှမပနဲ့ ကြည့်လို့မကောင်းဖြစ်လာမယ်။ သင့်ကိုယ်သင်ယုံကြည်မှုမရှိပဲ လက်တိုလက်ပြတ် အဝတ်အစားလှလှလေးတွေဝတ်ဖို့ အခက်အခဲ ဖြစ်လာပါလိမ့်မယ်။ ကြွက်သားတွေ သန်သန်မာမာဖြစ်လာပီး တင်းတင်းရင်းရင်းဖြစ်စေဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းက အထောက်အကူများစွာပြုနိုင်ပေမယ့် အရေပြားတွေ လျော့လျဲတွဲကျလာခြင်းကိုတော့ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း အထောက်အကူများစွာ ပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါဘာကြောင့်လဲဆိုတော့ အရေပြားတွေရဲ့ တင်းမာနိုင်မှုက အသက်အရွယ်ကိုလိုက်ပီး အားနည်းလာပီး အဲ့ဒီနေရာမှာ အဆီပိုတွေစုပုံနေလို့ပါပဲ။
ခွဲစိတ်ကုသပြုပြင်ခြင်းရဲ့ အကျိုးရလဒ်တွေက ဘာတွေလဲ
လက်မောင်းအရေပြားတွေ လျော့လျဲတွဲကျလာပီး အင်္ကျီလက်တိုဝတ်ရတာ အဆင်မပြေဖြစ်လာခြင်းတွေ သက်တောင့်သက်သာမဖြစ်ပဲ ဒီအရေပြားတွေ တွဲကျနေတာကိုပဲ စိတ်ရောက်နေပီး မိမိကိုယ်ကိုမိမိ စိတ်မလုံသလိုဖြစ်နေတာတွေ ပျောက်ကင်းသွားမယ်။ လက်မောင်းအရေပြားတွေ လျော့လျဲတွဲကျနေခြင်းမရှိအောင် ခွဲစိတ်ကုသပြုပြင်ခြင်းတွေ ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့အတိတ်ကို လုံးဝမေ့ပစ်လိုက်ပီး စိတ်သစ်ကိုယ်သစ် ဘဝသစ်တစ်ခု တည်ထောင်လို့ရနေပါပီ။
လက်မောင်းအရေပြားတင်းအောင် ခွဲစိတ်ကုသပြုပြင်မှုက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါသလား
လက်မောင်းအရေပြားတွေ တင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်ကုသပြုပြင်မှုမပြုလုပ်ခင် သေသေချာချာ စဉ်းစားချင့်ချိန်ရမှာတွေ အများကြီးရှပါတယ်။ အထူးသဖြင့်တော့ ခွဲစိတ်ပီးနောက်ပိုင်း ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်မလဲ စသဖြင့် ခွဲစိတ်ဆရာဝန်နဲ့တွေ့တဲ့အခါ မိမိသိချင်တဲ့ အကြောင်းအရာတွေကို သေသေချာချာ မေးမြန်းရမယ်။ ခွဲစိတ်မှုကိုပြုလုပ်ဖို့ အသင့်တော်ဆုံးလူတွေကတော့ လုံးဝအကောင်းဆုံးအနေအထားကို မရရင်ရှိခဲ့ရင်တောင် လက်ရှိ အနေအထားထက် ပိုမိုကောင်းမွန်လာမယ် ပီးတော့ရရှိလာမယ့်အနေအထား အတိုင်းတာတစ်ခုကို လက်ခံနိုင်မယ့်လူတွေပဲဖြစ်တယ်။ ဒီခွဲစိတ်ကုသပြုပြင်မှုဟာ ခွဲစိတ်ပီးနောက်ပိုင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကို ရရှိမှာ မှန်တယ်ဆိုပေမယ့် ခွဲစိတ်ပီးနောက် အခြားသောသူတစ်ယောက်ယောက်နဲ့ လုံးဝထပ်တူကျ တူညီသွားနိုင်မယ်လို့ မဆိုလိုပါဘူး။ ဘာလို့လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်က မတူညီကြတဲ့အတွက်ကြောင့်ပါပဲ။
အောက်ဖော်ပြပါ အချက်အလက်တွေထဲက အနည်းဆုံးအချက်တစ်ချက် ရှိနေပီဆိုရင်တော့ သင်ဟာ ဒီလက်မောင်းအရေပြားတွေ တင်းတင်းရင်းရင်းဖြစ်အောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ဖို့အတွက် အသင့်တော်ဆုံးသူတစ်ဦးဖြစ်နေပါပီ။ ဒီအချက်အလက်တွေကတော့ သင့်လက်မောင်းမှာ အဆီပိုတွေနဲ့အရေပြားတွေနဲ့ သိသိသာသာတွဲကျနေမယ်။ သင်ဟာ ဆေးလိပ်သောက်တဲ့သူတစ်ယောက်လည်း မဟုတ်ဘူး သင့်အနေ့နဲ့ ခွဲစိတ်ပီးနောက် ရရှိလာနိုင်မယ့် ပိုမိုတိုးတက်ကောင်းမွန်လာမယ့် အခြေအနေတစ်ခုကို လက်ခံနိုင်မယ့်အနေအထားရှိရမယ် ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်တဲ့အချိန်ကစပီး ဘာတွေကြိုတင်ပြင်ဆင်ရမယ်ဆိုတာ ပြောပြပေးမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆေးလိပ်ကြိုတင်ဖြတ်ဖို့လိုအပ်တာတွေ မိမိသောက်နေကျဆေးဝါးတွေနဲ့ တခြားလိုအပ်တာတွေအကုန်လုံးကို မိမိနှင့်တစ်ပါတည်း ယူဆောင်လာရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်မယ့်နေ့မှာ ဘယ်အချိန်မှာ အစားအသောက်ဖြတ်ထားရမယ်ဆိုတာလည်း သိရှိဖို့လိုအပ်ပါတယ်။ မခွဲစိတ်ခင်မှာ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေအားလုံးကို သိရှိလိုက်နာခဲ့မှသာ ခွဲစိတ်ပီးနောက် ပုံမှန်အနေအထားပြန်ရောက်ချိန်လည်း မြန်ဆန်မှာဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပီးလိုက်နာဆောင်ရွက်ရမယ့် ဆရာဝန်ညွှန်ကြားချက်တွေက ဘာတွေလဲ
ဆရာဝန်ညွှန်ကြားမယ့် ခွဲစိတ်မှုမပြုလုပ်ခင် လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေကတော့ ဆေးလိပ်သောက်တဲ့သူတွေအတွက် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်ခန့် ဆေးလိပ်ဖြတ်ပေးရပါမယ်။ ဒါ့အပြင် ခွဲစိတ်မှုပြုလုပ်ပီး နောက်ထပ် ၂ပတ်ခန့်လည်း ဆေးလိပ်ဖြတ်ပေးထားရမယ်။ အဘယ်ကြောင့်ဆိုသော် ဆေးလိပ်သောက်ခြင်းဟာ ခွဲစိတ်ပီးနောက် ဖြစ်တတ်တဲ့ နောက်ဆက်တွဲပြသနာတွေဖြစ်စေဖို့ အခွင့်အရေး ပိုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတ်တွေဟာ အနာကျက်ခြင်းကို ပိုမိုနှေးကွေးသွားစေပါတယ်။ အနာကျက်နှေးပီဆိုရင် ခွဲစိတ်ဒဏ်ရာအမာရွတ်ကိုလည်း ပိုမိုကြီးမားစေပီး အနာရွတ်ကြီးလည်း သိသာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ ဆေးလိပ်လုံးဝမဖြတ်လာခဲ့ရင် ခွဲစိတ်ကုသမှု ပြုလုပ်ပေးမယ့်ဆရာဝန်မှ သင့်ကို ခွဲစိတ်မှုပြုလုပ်ပေးမှာလည်း မဟုတ်ပါဘူး။ အရက်သောက်တဲ့သူတွေအတွက်လည်း ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး တစ်ပတ်ခန့် အရက်ဖြတ်ထားပေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ချိန်မတိုင်ခင် အနည်းဆုံး ၆နာရီအတွင်း မည်သည့်အစားအသောက်မျှ စားလိုလည်းမရ သောက်လို့လည်းမရပါဘူး။ လက်မောင်းအရေပြားတင်းအောင် ခွဲစိတ်ပြုပြင်ပီးနောက် ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ပြသနာအချို့ရှိသော်လည်း အလွန်ပင်နည်းပါးပါသည်။ အများအားဖြင့် နောက်ဆက်တွဲပြသနာ အသေးအဖွဲ့သာဖြစ်တတ်သည်။ သို့ပါသော်လည်း ခွဲစိတ်ပီးနောက်ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများကို သိရှိထားရန်လိုပါသည်။
ခွဲစိတ်ကုသမှုပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေက ဘာတွေလဲ
ခွဲစိတ်ကုသမှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေကတော့
(၁) အနာရွတ်ဖြစ်ပေါ်ခြင်း
(၂) ခွဲစိတ်ဒဏ်ရာသွေးထွက်ခြင်း(သွေးရည်ကြည်စုခြင်း)
(၃) အနာပိုးဝင်ခြင်း
(၄) အရည်ကြည်စုခြင်း
(၅) မေ့ဆေးထုံဆေးများ၏ဆိုးကျိုးများ ဖြစ်တတ်ခြင်း
(၆) အနာကျက်နှေးခြင်း
(၇) အရေပြားဆုံးရှုံးမှုရှိခြင်း
(၈) သွေးခဲခြင်း
(၉ ) အရေပြားထုံကျင်ခြင်း
(၁၀) ကြာရှည်စွာရောင်ရမ်းမှုရှိခြင်း
(၁၁) တစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း
(၁၂) ခွဲစိတ်ဒဏ်ရာပွင့်ထွက်ခြင်း
(၁၃) အရေပြားအောက်ဘက်ရှိ အဆီလွှာများသေဆုံးခြင်း
(၁၄) အာရုံကြော၊ သွေးကြော၊ ကြွက်သားနှင့် အဆုတ်ပျက်ဆီးခြင်း
(၁၅) နာကြင်ခြင်း
(၁၆) နှလုံးနှင့်အဆုတ်ပိုင်းဆိုင်ရာ သွေးပြန်ကြောပိတ်ဆို့ခြင်း
(၁၇) အနာချုပ်ရိုးများထွက်ပေါ်လာခြင်း
(၁ဂ) လိုအပ်ပါက ထပ်မံခွဲစိတ်မှု ပြုလုပ်ရခြင်း စသည်တို့ ဖြစ်ပါသည်။
ခွဲစိတ်ကုသမှုမပြုလုပ်မှီ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်စဉ် မိမိသိလိုသောအကြောင်းအရာများကို သေသေချာချာ ဆွေးနွေးနိုင်ပီး ခွဲစိတ်မှုကြောင့် ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲပြသနာများကို သိရှိသဘောပေါက်နားလည်ပီးမှ ခွဲစိတ်ရန် သဘောတူညီမှုပုံစံများတွင် လက်မှတ်ရေးထိုးရမည်။
ခွဲစိတ်ကုသမှု ဘယ်လိုလုပ်မလဲ
(၁) ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးစဉ် ခွဲစိတ်ဒဏ်ရာပေးမည့်နေရာကို မှတ်သားပေးမည်။
(၂) ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကို အသုံးပြုမည်။
(၃) ဂျိုင်းကြားမှ တံတောင်ဆစ်ထိ ခွဲစိတ်ဒဏ်ရာပေးပီး ခွဲစိတ်မှုပြုလုပ်မည်။
(၄) လက်မောင်းရှိ ပိုနေသော အရေပြားနှင့် အဆီများကို ဖယ်ရှားပေးမည်။
(၅) ခွဲစိတ်ဒဏ်ရာကို သေသေချာချာပြန်ချုပ်ပီးနောက် ပတ်တီးများဖြင့် စည်းပတ်ပေးထားမည်။
ခွဲစိတ်ကုသမှုပြုလုပ်ပီး ပုံမှန်အခြေအနေ ဘယ်လိုပြန်ရောက်သွားမလဲ
ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကို အနာဆေးထည့်ပေးရမည်။ အနာမြန်မြန်ကျက်ပီး ရောင်ရမ်းမှု တတ်နိုင်သမျှလျော့နည်းစေရန် ပတ်တီးများလည်း ပတ်ပေးထားပါမည်။
ခွဲစိတ်ပီးနောက် ရောင်ရမ်းမှုလျော့သွားပီး ခွဲစိတ်ဒဏ်ရာတစ်ဝိုက်မှ သွေးရည်ကြည်များ စိမ့်ထွက်သွားစေရန် ပိုက်သေးသေးလေးတစ်ချောင်း ထည့်ပေးထားပေးပါမည်။
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်
ခွဲစိတ်ကုသမှုမပြုလုပ်မှီ မိမိသိလိုတဲ့အကြောင်းအရာများရှိပါက ဆေးရုံသို့ တိုက်ရိုက်အီးမေးလ်ပို့ပီး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ခွဲစိတ်မှုအမည် ကုန်ကျစရိတ်
လက်မောင်းအရေပြားတင်းရင်းအောင် ခွဲစိတ်ခြင်း ဘတ် ၉၂၀၀၀ (ဆေးရုံ ၂ညအိပ်အပါအဝင်)
အမေးများဆုံးသော မေးခွန်းများနှင့် အဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေစဉ် အိပ်ပျော်နေမလား
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးအသုံးပြုမည်ဖြစ်သဖြင့် လုံးဝအိပ်ပျော်နေပါမည်။
မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘန်ကောက်မှာ ဘယ်လောက်ကြာအောင် နေရမလဲ
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံတွင် အနည်းဆုံး ၁ည အိပ်ရမည်။ ခွဲစိတ်ပီး တစ်ပတ်မှ ၁၀ရက်ကြာသောအခါ ဆေးရုံသို့ အနာချုပ်ရိုးဖြည်ရန် ပြန်လာပြရမည်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်အချိန်မှာ ပုံမှန်ပြန်ဖြစ်မလဲ
အဖြေ ၃ ခွဲစိတ်ပီးနောက် လက်မောင်းများ ရောင်ရမ်းနေပီး ညိုမည်းစွဲနေတတ်ပီး ပုံမှန်အခြေအနေသို့ ၂ပတ်မှ ၃ပတ်ကြာသောအခါ ရောက်ရှိသွားမည်။ လုံးဝပုံမှန်ပြန်ဖြစ်သွားချိန် ၆လမှ ၁နှစ်ကြာမည်။
မေးခွန်း ၄ ခွဲစိတ်ဒဏ်ရာ အမာရွတ်ရှိနေမလား
အဖြေ ၄ ခွဲစိတ်ပီးနောက် ဂျိုင်းကြားမှ လက်မောင်းထိ ခွဲစိတ်ဒဏ်ရာအမာရွတ် ရှိနေပါမည်။ လူအများစုတွင် အချိန်ကြာလာသည်နှင့်အမျှ ခွဲစိတ်ဒဏ်ရာ တဖြည်းဖြည်း မှေးမှိန်သွားပီး အနီးကပ်ကြည့်မှသာ တွေ့မြင်နိုင်ပါမည်။ ယခင်က ခွဲစိတ်ဒဏ်ရာအမာရွတ် အသီးထခြင်းဖြစ်ခဲ့ဘူးပါက လက်မောင်းခွဲစိတ်ဒဏ်ရာ အမာရွတ် အသီးထခြင်း ဖြစ်နိုင်ပါမည်။
မေးခွန်း ၅ ခွဲစိတ်မှုရလဒ် အမြဲတမ်းကြာရှည်ခံနိုင်မလား
အဖြေ ၅ ကိုယ်အလေးချိန် ပုံမှန်မထိန်းနိုင်ပါက ခွဲစိတ်ပီးရလဒ် ကြာရှည်မခံနိုင်ပါ။
မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘာတွေဖြစ်နိုင်သလဲ
အဖြေ ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာသွေးထွက်ခြင်း၊ မေ့ဆေးထုံဆေးများဆိုးကျိုးများ ဖြစ်တတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ အနားအသီးထခြင်းနှင့် လိုအပ်ပါက ခွဲစိတ်ပြုပြင်မှုပြုလုပ်ရခြင်းများပင် ဖြစ်ပါသည်။
မေးခွန်း ၇ ခွဲစိတ်ကုသမှုပြုလုပ်ရန် ဘာတွေပြင်ဆင်ဖို့ လိုအပ်မလဲ
အဖြေ ၇ ခွဲစိတ်ကုသမှု မပြုလုပ်ခင် နောက်ဆက်တွဲပြသနာများ မဖြစ်စေရန် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို အနည်းဆုံး ၂ပတ်ခန့် ကြိုတင်ရှောင်ရှားရပါမည်။ မိမိတွင် ရောဂါတစ်ခုခုရှိသဖြင့် မဖြစ်မနေသောက်နေသော ဆေးဝါးများရှိပါက ဆရာဝန်ခွင့်ပြုချက်ပါသော ဆေးဝါးများကိုသာ သောက်သုံးရပါမည်။