ရင်သားအလှခွဲစိတ်ပြုပြင်ခြင်း
ရင်သားကြီးထွားဖွံ့ဖြိုးအောင် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ
ရင်သားကြီးထွားဖွံ့ဖြိုးအောင်ခွဲစိတ်ပြုပြင်ခြင်း(Augmetation Mammoplasty)ဆိုတာ Slicone Implantကိုအသုံးပြုပြီး ရင်သားတင်းတင်းရင်းရင်းလေးနဲ့အရွယ်အစားပိုမိုကြီးမားဖွံ့ဖြိုးသွားပီး ဆွဲဆောင်မှုပိုမိုရှိစေတဲ့ အလှပိုင်ရှင်တစ်ယောက်ဖြစ်သွားအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ ရင်သားဆီလီကွန်ထည့်ပီး ခွဲစိတ်ပြုပြင်မှုပြုလုပ်ခြင်းအားဖြင့်
– အသက်အရွယ်အားဖြင့် ပိုမိုငယ်ရွယ်သွားသကဲ့သို့ထင်ရပီး သင့်ရင်သားတွေလည်း ပိုမိုကြီးထွားဖွံ့ဖြိုးသွားမယ်။
– ရင်သပ်ရှူမောရလောက်အောင်လှပတဲ့ ရင်သားအလှပိုင်ရှင်တစ်ယောက်ဖြစ်ချင်တဲ့ သင့်ရဲ့စိတ်ဆန္ဒတွေလည်း ပြည့်ဝသွားမယ်။
– လျော့လျဲတွဲကျနေတဲ့ရင်သားတွေလည်း တင်းတင်းရင်းရင်းဖြစ်သွားပီး ပိုမိုဆွဲဆောင်မှုရှိတဲ့သူတစ်ယောက် ဖြစ်သွားမယ်။
သို့ပါသောကြောင့် ဆီလီကွန်အစားထိုးပြီး ရင်သားခွဲစိတ်ပြုပြုမှုပြုလုပ်ခြင်းဟာ သင့်အတွက် အသင့်တော်ဆုံး၊ ဘေးအန္တရာယ်မရှိပဲ လုံးဝစိတ်ချမှုအရှိဆုံးနဲ့ သဘာဝကျကျလှပမှုနဲ့ ဆွဲဆောင်မှုအပြည့် ဖြစ်သွားမယ့် ရင်သားအလှပိုင်ရှင်ဖြစ်ဖို့အတွက် အကောင်းဆုံးရွေးချယ်ပြုလုပ်ရမယ့် ခွဲစိတ်ပြုပြင်မှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ဆွဲဆောင်မှုအပြည့်ရှိမည့် ပုံပန်းသဏ္ဍာန်ကို ပိုင်ဆိုင်ရရှိစေဖို့အတွက် ရန်ဟီးဆေးရုံမှ အလှအပဆိုင်ရာခွဲစိတ်ကုသပြုပြင်မှု အထူးကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် သင်၏ အချိုးအစားနှင့် လိုက်ဖက်ပီး ဆွဲဆောင်မှုအပြည့်အဝရှိစေမည့် ရင်သားအလှ ခွဲစိတ်ပြုပြင်မှုများပြုလုပ်ပေးလျက်ရှိပါသည်။
ရင်သားအလှခွဲစိတ်ပြုပြင်မှုက သင့်အတွက်အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်ပါသလား
ဆီလီကွန်အစားထိုးအသုံးပြုပီးတော့ ရင်သားအလှခွဲစိတ်ပြုပြင်မှု မပြုလုပ်ခင်မှာ ကိုယ်မျှော်လင့်သလို ကိုယ်လိုချင်တဲ့ ရင်သားအရွယ်အစား ရရှိနိုင်ခြင်း ရှိ မရှိ၊ ခွဲစိတ်ကုသမှုပြုလုပ်ပီးရင် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို သေသေချာချာသိရှိ သဘောပေါက်နားလည်အောင် ခွဲစိတ်ကုသမှုပြုလုပ်မယ့် ဆရာဝန်နဲ့ သေသေချာချာဆွေးနွေးတိုင်ပင်မှု ပြုလုပ်ရပါမယ်။
သင်ဟာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုသို့မဟုတ် တစ်ခုထက်ပိုပီး ကိုက်ညီမှုရှိတဲ့သူတစ်ယောက်ဆိုရင် ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ အကောင်းဆုံးလူတစ်ယောက်ဖြစ်နေပါပီ။ ၄င်းတို့မှာ
၁။ သင့်ရင်သားတွေဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိပဲ သေးငယ်နေခဲ့ရင်
၂။ သင့်ခန္ဓာကိုယ်အချိုးအစားအရ အထူးသဖြင့် အပေါ်ပိုင်းမှာ ရင်သားကသေးပီး အောက်ပိုင်းမှာ ပေါင်နှစ်ဘက်ကားနေလို့ အချိုးမကျဖြစ်နေခဲ့ရင်
၃။ သင့်ရင်သားအရွယ်အစားသေးနေလို့ ရေကူးဝတ်စုံဝတ်တဲ့အခါ အဝတ်အစားအရွယ်အစားရွေးရခက်လို့ စိတ်ညစ်နေရမယ်ဆိုရင်
၎။ သင်ဟာ ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ အသက်ကြီးလာခြင်းစတဲ့ အကြောင်းရင်းများစွာကြောင့် သင့်ရဲ့ရင်သားဟာ ပိုသေးသွားပီးတွဲကျလာခြင်းပီး သင့်ကိုယ်သင့် ကျေနပ်ရောင့်ရဲမှုမရှိဘူးဆိုရင်
၅။ အဝတ်အစားဝတ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းက ဘာမှမရှိပဲ ဗလာဖြစ်နေသလိုခံစားနေရလို့ သင် ပျော်ရွှင်မှုမရှိဘူးဆိုရင်
၆။ သင့်ရင်သား တစ်ဖက်နဲ့တစ်ဖက်ဟာ အရွယ်အစား လုံးဝသိသိသာသာ ကွာခြားနေခဲ့ရင်
၇။ သင့်ရင်သားတစ်ဖက် သို့မဟုတ် နှစ်ဘက်စလုံး ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ သဘာဝကျကျမဖြစ်ရင်
၈။ သင့်ရင်သားမှာ ယခုလက်ရှိထည့်ထားတဲ့ ဆီလီကွန်နဲ့ အဆင်မပြေတဲ့အတွက် ထပ်မံခွဲစိတ်ပြုပြင်မှု ပြုလုပ်လိုခဲ့ရင် သင်ဟာ ရင်သားအလှခွဲစိတ်ကုသပြုပြင်မှုပြုလုပ်ဖို့ အသင့်တော်ဆုံးလူတစ်ယောက်ဆိုတာ အသေအချာပါဘဲဗျာ
ရင်သားအလှခွဲစိတ်ပြုပြင်မှုမပြုလုပ်ခင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
ခွဲစိတ်ကုသမှုမပြုလုပ်ခင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှု ပြုလုပ်တဲ့အခါ မခွဲစိတ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာ ဆရာဝန်က ရှင်းပြပါလိမ့်မယ်
ဘာတွေကြိုတင်ပြင်ဆင်ရမလဲ
၁။ သင်ဟာ ဆေးလိပ်သောက်တဲ့သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်လောက်ကြိုပီး ဆေးလိပ်ကို လုံးဝဖြတ်ထားရပါမယ်။ ပြီးတော့ ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ် ကြာမှ ဆေးလိပ်ပြန်သောက်လို့ရပါမယ်။ ဘာလို့လဲဆိုရင် ဆေးလိပ်သောက်ခြင်းက ခွဲစိတ်ပြီးဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုပီးဖြစ်စေလို့ပါပဲ။ ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာကျက်ခြင်းကို နှေးစေနိုင်တဲ့အပြင် အနာကျက်နှေးတဲ့အတွက် ခွဲစိတ်ဒဏ်ရာအမာရွတ်တွေ သိသိသာသာဖြစ်နိုင်မယ်။ ဒါကြောင့် သင်ဆေးလိပ်သောက်နေတုန်းပဲဆိုတာကို ဆရာဝန်သိရင် သင့်ကို ခွဲစိတ်မှုလည်း ပြုလုပ်ပေးမှာမဟုတ်ပါဘူး။
၂။ ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး တစ်ပတ်အတွင်း အရက်၊ ဘီယာစတဲ့ အရက်ပါဝင်တဲ့ အရည်မှန်သမျှလုံးဝ မသောက်ရပါဘူး။
၃။ ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၆နာရီအတွင်း မည်သည့်အစားအသောက်ကိုမျှ စားသောက်လို့ မရပါဘူး။
၎။ ဒါ့အပြင် သွေးကျဲစေမယ့် ဆေးဝါးတွေဖြစ်တဲ့ Aspirin , Wafarin စတဲ့ဆေးတွေ၊ တိုင်းရင်းဆေးတွေ၊ အရောင်လျော့ဆေးစတဲ့ ဆေးတွေအားလုံးကို ဖြတ်ထားရပါမယ်။ ဒီဆေးတွေဟာ သွေးထွက်ခြင်းကို ပိုမိုဖြစ်စေနိုင်လို့ပါဘဲ။
အထူးသိရှိရမည့် ဆရာဝန်ညွှန်ကြားချက်များ
ခွဲစိတ်မည့်နေ့မှာ အထူးသိရှိထားသင့်တဲ့အချက်တွေကတော့ ဘာတွေကြိုတင်လုပ်ခဲ့ရမလဲဆိုတဲ့အချက်နဲ့ ခွဲစိတ်မှုပြုလုပ်ပီးရင် ခွဲစိတ်ဒဏ်ရာကို ဘယ်လိုဂရုစိုက်ရမလဲဆိုသည့်အချက်ပင်ဖြစ်ပါသည်။
ရင်သားအလှခွဲစိတ်ပြုပြင်မှု ဘယ်လိုပြုလုပ်သလဲ
၁။ ခွဲစိတ်မှုပြုလုပ်တဲ့အခါ ရင်သားအောက်ဘက်မှသော်လည်းကောင်း၊ နို့သီးခေါင်းဝန်းကျင်မှသော်လည်းကောင်း၊ ဂျိုင်းကြားမှသော်လည်းကောင်း ခွဲစိတ်ဒဏ်ရာသေးသေးလေးပေးပီး ဆီလီကွန်ကို ထည့်ပေးမှာဖြစ်ပါတယ်။ ဘယ်နေရာကနေခွဲစိတ်ပီး ဆီလီကွန်ကိုထည့်မလဲဆိုတာကတော့ သင်ကိုယ်တိုင် ဆရာဝန်နဲ့တွေ့တဲ့အခါမှာ သေသေချာချာဆွေးနွေးရပါလိမ့်မယ်။
၂။ ရင်သားအနေအထားကိုမူတည်ပီး ဆီလီိကွန်ကို ကြွက်သားအောက် သို့မဟုတ် ရင်သားဂလင်းအောက်မှာ အိပ်ကလေးဖန်တီးပြုလုပ်ပေးမှာဖြစ်ပါတယ်။
၃။ အဲ့ဒီလိုဖန်တီးပြုလုပ်ထားတဲ့ အိပ်ကလေးထဲမှာ ဆီလီကွန်ကို နေသားတကျဖြစ်အောင် ထည့်ပေးထားပါမယ်။
၎။ ခွဲစိတ်ဒဏ်ရာကိုတော့ အလွန်ကောင်းမွန်တဲ့ အသားချုပ်ရိုးလေးတွေကို အသုံးပြုပီး ပြန်ချုပ်ပေးမှာပါ။
၅။ ခွဲစိတ်ဒဏ်ရာတစ်ဝိုက်ကို ရောင်ရမ်းမှုလျော့နည်းအောင် ပတ်တီးနဲ့ ရစ်ပီး သေချာပတ်ထားပေးမှာဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘာတွေဖြစ်မလဲ
ရင်သားအလှခွဲစိတ်ပြုပြင်ပီးနောက် ခွဲစိတ်ဒဏ်ရာတစ်ဝိုက်မှာ ရောင်ရမ်းနေမယ်။ ညိုမည်းစွဲနေတတ်မယ်။ ဒါပေမယ့် လအနည်းငယ်ကြာရင်တော့ ပျောက်သွားပါလိမ့်မယ်။ နောက်ဆုံး ပုံမှန်အနေအထားကို ၆လ သို့မဟုတ် ၆ လကျော်ကြာမှ တွေ့ရပါလိမ့်မယ်။ ခွဲစိတ်ပြီးတဲ့အခါ မိမိရင်သားကို ဘယ်လိုဂရုစိုက်ရမယ်။ ခွဲစိတ်ပီးတဲ့အခါ ဖြစ်နိုင်တဲ့ အနာပိုးဝင်တာတွေ နာကျင်မှုတွေ ရောင်ရမ်းမှုတွေလျော့နည်းအောင် ဆရာဝန်ညွန်ကြားတဲ့ဆေးတွေ ဘယ်လိုသောက်ရမယ် စတဲ့ညွှန်ကြားချက်တွေကို သေသေချာချာရှင်းပြပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလည်း ခွဲစိတ်မှုမပြုလုပ်ခင်ကတည်းက အောက်ဖော်ပြပါအချက်အလက်တွေကို ဆရာဝန်ကို သေသေချာချာသဘောပေါက်နားလည်သည်အထိ မေးမြန်းဖို့လိုအပ်ပါလိမ့်မယ်။ ၄င်းအချက်အလက်များမှာ
၁။ ခွဲစိတ်မှုပြုလုပ်ပီးရင် ဘယ်နေရာကို ခေါ်သွားမှာလဲ
၂။ ခွဲစိတ်ပီးရင် ဘာဆေးတွေပေးမှာလဲ
၃။ ခွဲစိတ်ပီးရင် အနာဆေးထည့်ရမလား၊ ပတ်တီးတွေရော ပတ်ထားပေးမှာလား၊ တကယ်လို့ပတ်တီးပတ်ထားရင် ဘယ်တော့ဖြည်ပေးမလဲ
၎။ ခွဲစိတ်ဒဏ်ရာချုပ်ရိုးကရော ဘယ်တော့ဖြည်ရမလဲ
၅။ ပုံမှန်အလုပ်တွေ လေ့ကျင့်ခန်းတွေ ဘယ်တော့ ပြန်လုပ်နိုင်မလဲ
၆။ ခွဲစိတ်ပီး ဘယ်လောက်ကြာရင် ဆရာဝန်ကို ပြန်လာပြရမလဲ
ခွဲစိတ်မှုပြုလုပ်ပီး ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ
ခွဲစိတ်မှုတိုင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိစမြဲပါ။ ရင်သားအလှခွဲစိတ်ပြုပြင်ပီးနောက် ဖြစ်နိုင်ခြေရှိတဲ့နောက်ဆက်တွဲပြသနာတွေကတော့
၁။ ခွဲစိတ်ဒဏ်ရာမှ သွေးထွက်ခြင်းနှင့် သွေးရည်ကြည်စုနေခြင်း
၂။ ခွဲစိတ်ဒဏ်ရာတဝိုက် အရည်ကြည်များစုနေခြင်း
၃။ ခွဲစိတ်ဒဏ်ရာပိုးဝင်နိုင်ခြင်း
၎။ အနာကျက်နှေးခြင်း
၅။ အမာရွတ်အသီးထခြင်း
၆။ နို့သီးခေါင်း သို့မဟုတ် ရင်သား ယာယီ သို့မဟုတ် အမြဲတမ်း အာရုံသိရှိခံစားမှုမရှိခြင်း
၇။ ရင်သားတစ်ဖက်နှင့်တစ်ဖက် မညီခြင်း
၈။ ရင်သားမာခြင်း
၉ ။ ဆီလီကွန် ပေါက်ပြဲခြင်း သို့မဟုတ် စိမ့်ထွက်ခြင်း
၁၀။ ရင်သားအပေါ်ဘက်အရေပြားတွင် လှိုင်းတွန့်လေးတွေကဲ့သို့ ဖြစ်ပေါ်တတ်ခြင်း
၁၁။ နာကျင်ခြင်း
၁၂။ ခွဲစိတ်ရာတွင် အသုံးပြုမည့် မေ့ဆေးကြောင့်ဖြစ်တတ်သော ဆိုးကျိုးများဖြစ်ပေါ်နိုင်ခြင်း
ခွဲစိတ်ပီးရင် ဘာတွေဂရုစိုက်ရမလဲ ဘယ်လိုအနေအထိုင်ဆင်ခြင်ရမလဲ
၁။ လုံလုံလောက်လောက် အနားယူပါ။ ဆေးလိပ်၊ အရက် အနည်းဆုံး ၁လရှောင်ပါ။
၂။ လမ်းလျှောက်နိုင်တဲ့အချိန်ကစပီး လမ်းလျှောက်ပေးရပါမယ်။
၃။ ခွဲစိတ်ပီး ၁လအတွင်း ပြင်းပြင်းထန်ထန် အားစိုက်လုပ်ရမယ့် အလုပ်တွေ ရှောင်ရပါမယ်။
၎။ ရင်သားကို ခွဲစိတ်ပီး ၁လခန့် ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ရပါမယ်။
၅။ ခွဲစိတ်ပီးနောက် သားငန်ရည်စိမ့်ထွက်စေရန်ထည့်ထားသော ပိုက်ကလေးနှင့် ပုလင်းများဖယ်ရှားပီးနောက် ရေချိုးလို့ရပါမယ်။
၆။ ခွဲစိတ်ပီး အနည်းဆုံး ၁လခွဲခန့် သံဂွေမပါတဲ့ ဘရာစီယာကိုသာ ဝတ်ဆင်ရပါမယ်။
၇။ သံဂွေပါသော ဘရာစီယာကို ခွဲစိတ်ပီး ၁လခွဲနောက်ပိုင်းမှ ဝတ်ရပါမယ်။
၈။ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ခွဲစိတ်ပီး တစ်ပတ် နှစ်ပတ်အတွင်း ရောင်ရမ်းမှုလျော့သွားမှသာ ဘရာစီယာကို စတင်ဝတ်ရပါမယ်။
ခွဲစိတ်ကုသမှုပြုလုပ်ချိန် ၁နာရီမှ ၂နာရီခန့်ကြာမြင့်နိုင်ပီး၊ ခွဲစိတ်ရာတွင် မေ့ဆေးကို အသုံးပြုမှာဖြစ်ပါတယ်။
ရင်သားကို နှိပ်နှယ်ပေးခြင်း
ခွဲစိတ်ကုသမှုပြုလုပ်ပီးတဲ့အခါ ရင်သားကို နည်းစနစ်ကျကျနှိပ်နှယ်ပေးခြင်းဟာ အလွန်ပင်အရေးကြီးလှပါတယ်။ သို့မှသာ ရင်သား နူးညံ့မှုရှိနိုင်ပီး ရင်သားမာခြင်းကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။
ရင်သားကို ဘယ်လိုနှိပ်ပေးရမလဲ
ပုံစံ ၁ မိမိ၏လက်နှစ်ဘက်ကိုအသုံးပြုပြီး ရင်သား ၂ဘက်ကို နီးနိုင်သမျှနီးအောင် တွန်းကပ်ပေးရပါမယ်။
ပုံစံ ၂ မိမိလက်နှစ်ဘက်ကို အသုံးပြုပီး ရင်သား ၂ဘက်ကို ဝေးနိုင်သမျှဝေးအောင် တွန်းပေးရပါမယ်။
ပုံစံ ၃ မိမိလက်နှစ်ဘက်ကို အသုံးပြုပီး ရင်သား ၂ဘက်လုံးကို အောက်ဘက်သို့ ရောက်နိုင်သမျှရောက်အောင် ဖိတွန်းပေးရပါမယ်။
ပုံစံ ၄ ရင်သားနှစ်ဘက်လုံးကို အပေါ်ဘက်သို့ ပင့်တင်ပေးရပါမယ်။
မှတ်ချက်။ ။ ရင်သားနှိပ်နယ်ပေးခြင်းကို နေ့စဉ် လုပ်နိုင်သလောက် အကြိမ်ရေများများ လုပ်ပေးရပါမည်။ ဆီလီကွန်အစားထိုးအသုံးပြုလျက် ရင်သားခွဲစိတ်ပြုပြင်မှုပြုလုပ်ပီး ရရှိလာမည့်ရလဒ်များကို ကြည့်ခြင်းအားဖြင့် ရင်သားဆီလီကွန်ထည့်ခြင်းအကျိုးရလဒ်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပီး ရင်သားဆီလီကွန်ထည့်ခြင်းသည် မိမိအတွက် အမှန်တကယ်ထိရောက်မှုရှိမရှိကို သိရှိမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ ခွဲစိတ်မှုမပြုလုပ်မှီနှင့် ခွဲစိတ်မှုပြုလုပ်ပီးပုံများကို ကြည့်ခြင်းအားဖြင့် ရင်သားခွဲစိတ်ပြုပြင်မှုအကျိုးရလဒ်ကို ကောင်းစွာတွေ့မြင်ရမည်ဖြစ်ပါသည်။ ယခုဖော်ပြပါပုံများသည် လူနာ၏ခွင့်ပြုချက်ကိုရယူပီးဖြစ်သည့်အပြင် ပြန်လည်ပြုပြင်ထားခြင်းလည်း မရှိပါ။
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်
ခွဲစိတ်မှုအမည် ကုန်ကျစရိတ်
အဝိုင်းပုံဆီလီကွန်
McGhan <400 cc ဘတ် ၁၀၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
McGhan >400 cc ဘတ် ၁၂၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Mentor <400 cc ဘတ် ၁၂၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Mentor >400 cc ဘတ် ၁၃၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Natrelle <400 cc ဘတ် ၁၃၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Natrelle >400 cc ဘတ် ၁၄၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
သဘာဝရင်သားပုံဆီလီကွန်
Mentor <400 cc ဘတ် ၁၆၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Mentor >400 cc ဘတ် ၁၇၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Natrelle <400 cc ဘတ် ၁၈၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
Natrelle >400 cc ဘတ် ၁၉၀၀၀၀ ဆေးရုံ ၁ အိပ်အပါအဝင်
မကြာခဏအမေးများသော မေးခွန်းများနှင့် အဖြေများ
မေးခွန်း ၁ ဆီလီကွန်ရင်သားနှင့် ဓာတ်ဆားရည်အသုံးပြုရင်သားအတုများရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေလဲ
အဖြေ ၁ ဆီလီကွန်အသုံးပြုထားသော ရင်သားအတုများမှာ သဘာဝပိုကျပီး ရင်သားအစစ်နှင့်ပိုတူသည်။ အိပ်အပြင်ဘက်သို့ စိမ့်ထွက်နိုင်မှုမှာလည်း ဓာတ်ဆားရည်အသုံးပြုထားသော ရင်သားအတုထက် ပို၍အဖြစ်နည်းပါးပီး ဘေးပတ်ဝန်းကျင်ရှိ အခြားတစ်သျူးများကိုကို ထိခိုက်ဒဏ်ရာမဖြစ်စေပါ။
မေးခွန်း ၂ အသုံးပြုမည့်ရင်သားဆီလီကွန်ကို ရင်သားအောက်ဘက်ရှိ ကြွက်သားအပေါ် သို့မဟုတ် ကြွက်သားအောက် မည်သည့်နေရာတွင်ထည့်ရမည်ကို ရွေးချယ်ရာတွင် မည်သည့်အချက်များက အဓိကကျသလဲ
အဖြေ ၂ ရင်သားအရေပြား အရမ်းပါးလွန်းသောလူနာများတွင် ထည့်ရမည့်ဆီလီကွန်ကို ရင်သားအောက်ဘက်ရှိ ကြွက်သားအောက်တွင်ထည့်ထားပါက ဆီလီကွန်သည် သိသိသာသာကြီး မောက်ထွက်မနေပါ။ ကြွက်သားအပေါ်ဘက် ရင်သားထဲတွင်ဆီလီကွန်ကို ထည့်ပေးထားပါက ရင်သားဓာတ်မှန်ရိုက်သောအခါ ရလာမည့်အဖြေမှာ ပို၍တိကျမှုနည်းပါးပါမည်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်နေစဉ် အိပ်ပျော်နေမလား
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကိုအသုံးပြုမည်ဖြစ်သောကြောင့် လုံးဝအိပ်ပျော်နေပါမည်။
မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံဘယ်နှစ်ရက် တက်ရမလဲ
အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံ ၂ရက်တက်ရပါမည်ဖြစ်ပီး ဆေး၇ုံဆင်းပီးနောက် ဟိုတယ်တွင်ပြန်လည်အနားယူနိုင်မည်။ ပုံမှန်အားဖြင့် ခွဲစိတ်မှုပြုလုပ်ပီး တစ်ပတ်ကြာသောအခါ ဆေးရုံသို့ ပြန်လာပြရမည်ဖြစ်ပီး ဆရာဝန်ပြန်မပြခင် စောင့်ဆိုင်းနေစဉ်အချိန်အတွင်း ဈေးဝယ်ထွက်ခြင်း၊ ဘန်ကောက်တွင် အလည်အပတ်ထွက်ခြင်းများ ပြုလုပ်နိုင်ပါမည်။ အလေးအပင် မခြင်း၊ ရေကူးခြင်းနှင့် အခြားသောအားစိုက်ပြုလုပ်ရသော အလုပ်များကို ရှောင်ကြဉ်ရပါမည်။
မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ပီး မည်မျှကြာသောအခါ ဆေးရုံသို့ပြန်လာပြရမလဲ
အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်မှ ၁၀ရက်ကြာသောအခါ ဆေးရုံသို့ အနာချုပ်ရိုးဖြည်ရန်ပြန်လာပြရပါမယ်။
မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက် ပုံမှန်ပြန်ဖြစ်ရန် အချိန်ဘယ်လောက်ကြမလဲ
အဖြေ ၆ ခွဲစိတ်မှုပြုလုပ်ပီး ရက်အနည်းငယ်တွင်း လမ်းလျှောက်နိုင် သွားနိုင်လာနိုင်ဖြစ်ပီး ရက်အနည်းငယ်အတွင်း တဖြည်းဖြည်းပုံမှန်အနေအထားသို့ ပြန်ရောက်သွားပါမည်။ ခွဲစိတ်ပီးနောက် ရောင်ရမ်းခြင်းနှင့် အနာညိုမည်းစွဲနေခြင်းများဖြစ်တတ်ပီး ၂ပတ်ကြာသောအခါ တဖြည်းဖြည်းပျောက်ကင်းသွားပါမည်။ ခွဲစိတ်ပီး ၄ ပတ်ခန့်ထိ ကိုယ်လက်လှုပ်ရှားမှုအချို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပီး၊ ခွဲစိတ်ဒဏ်ရာကို ရင်သားနှင့် ပွတ်တိုက်မိခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။ ခွဲစိတ်ပီးနောက် ခွဲစိတ်ဒဏ်ရာလုံးဝပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားရန် အချိန် ၆လမှ ၁နှစ်ခန့်ထိ ကြာမြင့်တတ်ပါသည်။
မေးခွန်း ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက် မိမိကိုယ်ကိုမိမိ မည်ကဲ့သို့စောင့်ရှောက်မှုများ လိုအပ်ပါသလဲ
အဖြေ ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက် လအနည်းငယ်ခန့် ဘရာစီယာအမြဲဝတ်ထားပေးရန်လိုအပ်ပီး ရင်သားနှိပ်နှယ်ပေးရမည့်နည်းလမ်းများကိုလည်း ခွဲစိတ်ဆရာဝန်မှ သင်ကြားပေးမည်ဖြစ်ပါသည်။
မေးခွန်း ၈ ခွဲစိတ်ပီးနောက် မည်ကဲ့သို့သောဆိုးကျိုးများ ဖြစ်တတ်ပါသလဲ
အဖြေ ၈ ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာ သွေထွက်ခြင်း၊ မေ့ဆေးထုံဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ နို့သီးကွင်းတစ်ဝိုက်နှင့် နို့သီးခေါင်းထုံနေခြင်း၊ ခွဲစိတ်ဒဏ်ရာတွင် အသီးထခြင်း သို့မဟုတ် ခွဲစိတ်ဒဏ်ရာမာနေခြင်း၊ ရင်သားအပေါ်ပိုင်းတွင် မတ်တပ်ရပ်လိုက်သောအခါ အရေပြားလှိုင်းထနေသကဲ့သို့ လှိုင်းတွန့်ပုံဖြစ်နေတတ်ခြင်း၊ ထည့်ထားသောဆီလီကွန် စိမ့်ထွက်တတ်ခြင်းနှင့် လိုအပ်ပါက ပြန်လည်ခွဲစိတ်ပြုပြင်ရန်လိုအပ်ခြင်း စသည်တို့ဖြစ်ပါသည်။
မေးခွန်း ၉ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၉ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ နှာစေးခြင်း၊ အဆုတ်အအေးပတ်ခြင်းစသော အသက်ရှူလမ်းကြောင်းပြသနာများမဖြစ်အောင် ဂရုစိုက်ရပါမည်။ မခွဲစိတ်ခင် ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ အခြားမဖြစ်မနေသောက်ရမည့်ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။