+66 2 879 0300 myanmar@yanhee.net

ရင်သားတွဲမကျအောင် ပင့်တင်ပေးခြင်း

ရင်သားတွဲကျနေခြင်းကို ခွဲစိတ်ပြုပြင်ခြင်း(Breast Lift)

Breast Lift ဆိုတာဘာလဲ

Breast Lift သို့မဟုတ် Mastopexy ဆိုသည်မှာ ရင်သားမှာရှိတဲ့ ပိုနေတဲ့အရေပြားတွေကို ဖြတ်ထုတ်ဖယ်ရှားပစ်ပီးနောက် ရင်သားကို အောက်ဘက်သို့ တွဲကျမနေစေပဲ အပေါ်ဘက်ကို ပင့်တင်သွားအောင် ပြုလုပ်ပေးသော အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတစ်ခုပင် ဖြစ်ပါသည်။ Breast Lift ပြုလုပ်ခြင်းအားဖြင့် သင်ရဲ့တွဲကျနေတဲ့ ရင်သားဟာ အောက်ဘက်ကို တွဲကျမနေတော့ပဲ သဘာဝအတိုင်း တစ်ဖက်နှင့်တစ်ဖက် ညီညာလိုက်ဖက်မည့် ရင်သားတစ်စုံကို ပိုင်ဆိုင်ရရှိသွားမည် ဖြစ်ပါသည်။ အသက်အရွယ် ကြီးလာသည်နှင့်အမျှ အရေပြားများလည်း လျော့လျဲလာမည်။ သင်၏ရင်သားများလည်း အသက်အရွယ်ကိုလိုက်ပီး အသက်ကြီးလာသည်နှင့်အမျှ ရင်သားများတွဲကျလာပီး မလှမပဖြစ်နေတတ်သည်။

ရင်သားအရေပြားတွဲကျခြင်းကိုဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါသည်။ ၄င်းတို့မှာ

(၁) အသက်အရွယ်ကြီးရင့်လာခြင်း


(၂) ကိုယ်ဝန်ဆောင်ခြင်း


(၃) မျိုးရိုးလိုက်ခြင်း

(၄) ကိုယ်အလေးချိန်ကျသွားခြင်း

(၅) မြေကြီးဆွဲအားကြောင့် တစ်နေတစ်ခြား ရင်သားတွဲကျတတ်ခြင်း စသည်တို့ပင်ဖြစ်သည်။

 

ရင်သားပင့်တင်သွားအောင် ခွဲစိတ်ပြုပြင်ခြင်း လုပ်သင့်သလား

ရင်သားတွဲကျနေခြင်းကို ခွဲစိတ်ပြုပြင်မှုပြုလုပ်ခြင်းသည် အောက်ဖော်ပြပါ အခြေအနေများတွင် ရွေးချယ်ပြုလုပ်ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။ ၄င်းတို့မှာ

(၁) သင့်ရဲ့ရင်သားဟာ တင်းတင်းရင်းရင်းမရှိတော့ပဲ တွဲကျနေပီး အရွယ်အစားရော ပုံသဏ္ဍာန် မလှမပဖြစ်နေခြင်း

(၂) သင့်ရင်သားမှာ အကြောပြတ်သလို အဖြူအစင်းကြောင်းများရှိနေခြင်း

(၃) သင့်နို့သီးကွင်းတွေဟာ ပုံမှန်ထက်ပိုပီးကြီးလွန်းနေခြင်း

(၄) သင့်နို့သီးခေါင်းနဲ့ နို့သီကွင်းတွေဟာ အောက်ဘက်ကို ဦးစိုက်ပီးကျနေခြင်း

(၅) သင်ဟာကျန်းမာရေးကောင်းမွန်တဲ့ သူတစ်ယောက်ခြင်းခြင်း

(၆) သင်ဟာ ဆေးလိပ်မသောက်တဲ့သူတစ်ယောက်ဖြစ်ခြင်း

(၇) သင့်ရင်သားတစ်စုံဟာ ပြည့်ပြည့်ဝဝ ဖွံ့ဖွံဖြိုးဖြိုးရှိခြင်း စသည်တို့ပင် ဖြစ်ပါသည်။

 

Breast Lift မပြုလုပ်ခင်မှာ ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ

ခွဲစိတ်မှုမပြုလုပ်ခင်မှာ သင်ကိုယ်တိုင် မလာရောက်နိုင်ရင်တောင် သင့်ရဲ့ကျန်းမာရေအခြေအနေတွေ သင်သိချင်တဲ့ အကြောင်းအရာတွေအားလုံးကို သင့်ရဲ့ ဓာတ်ပုံတွေနဲ့တကွ ဆေးရုံကို အီးမေးလ်ပို့ပေးပီး ကြိုတင်စုံစမ်း မေးမြန်းနိုင်ပါတယ်။ ဒီလိုကြိုတင်စုံစမ်း မေးမြန်းခြင်းအားဖြင့် သင်အမှန်တကယ် ဆေးရုံကိုလာပီး ခွဲစိတ်မှုမပြုလုပ်ခင်ကတည်းက ဆေးလိပ်ကြိုဖြတ်ခြင်း၊ သင်သောက်နေတဲ့ ဆေးဝါးတွေထဲက ဘယ်ဆေးတွေကို ကြိုဖြတ်ရမယ် ဘယ်ဆေးတွေကိုတော့ ဆက်သောက်နေလို့ရတယ် နောက်ပီး ခွဲစိတ်မှုပြုလုပ်မယ့်နေ့မှာ သင် အစားအသောက်တွေကို ဘယ်အချိန်မှာ ဖြတ်ထားပေးရမယ် ဆေးရုံကို ဘာတွေယူဆောင်လာရမယ့်ကအစ ခွဲစိတ်မှုနဲ့ပက်သက်ပီး ကြိုတင်ပြင်ဆင်ရမယ့် အရာတွေကို သိရှိထားမှာပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုမပြုလုပ်ခင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှု ပြုလုပ်တဲ့အခါ မခွဲစိတ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာ ဆရာဝန်က ရှင်းပြပေးမှာဖြစ်ပီး အဲ့ဒီဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နိုင်ခြင်းကလည်း ခွဲစိတ်မှု ပီးမြောက်အောင်မြင်ဖို့အတွက် အလွန်ပင်အရေးပါလှပါတယ်
။

ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုရင် 


၁။ သင်ဟာ ဆေးလိပ်သောက်တဲ့ သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်လောက်ကြိုပီး ဆေးလိပ်ကို လုံးဝဖြတ်ထားရပါမယ်။ ဒါ့အပြင် ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ်ကြာမှ ဆေးလိပ်ပြန်သောက်လို့ရပါမယ်။ အဘယ်ကြောင့်ဆိုသော် ဆေးလိပ်သောက်ခြင်းဟာ ခွဲစိတ်ပြီးဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုပီးဖြစ်စေလို့ပါပဲ။ ခွဲစိတ်ပီးနောက် အနာကျက်ခြင်းကို နှေးစေမယ်။ အနာကျက်နှေးတဲ့အတွက် အမာရွတ်တွေ သိသိသာသာဖြစ်နိုင်မယ်။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်နေတုန်းပဲဆိုတာ ဆရာဝန်သိရင် သင့်ကို ခွဲစိတ်မှုလည်း ပြုလုပ်ပေးမှာမဟုတ်ပါဘူး
။

၂။ ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၁ ပတ်အတွင်း အရက်၊ ဘီယာ အရက်ပါဝင်တဲ့ အရည်မှန်သမျှလုံးဝ မသောက်ရပါဘူး
။

၃။ ခွဲစိတ်ပြုလုပ်မှုမပြုလုပ်ခင် အနည်းဆုံး ၆နာရီအတွင်း သင်ဟာ ဘာအစားအသောက်မှ စားသောက်လို့ မရပါဘူး
။

၎။ ဒါ့အပြင် သွေးကျဲစေမယ့် ဆေးဝါးတွေဖြစ်တဲ့ Aspirin , Wafarin စတဲ့ဆေးတွေ၊ တိုင်းရင်းဆေးတွေ၊ အရောင်လျော့ဆေးတွေစတဲ့ ဆေးတွေအားလုံးကို ဖြတ်ထားရပါမယ်။ ဒီဆေးတွေဟာ သွေးထွက်ခြင်းကို ပိုမိုဖြစ်စေနိုင်လို့ပါဘဲ။

Breast Lift ဘယ်လိုပြုလုပ်မလဲ

ရင်သားပင့်တင်ပေးခြင်းပြုလုပ်ရာတွင် နည်းလမ်းအမျိုးမျိုး ရှိပါသည်။

Anchor Technique ဖြင့် ခွဲစိတ်မှုပြုလုပ်ရာတွင် ခွဲစိတ်ဒဏ်ရာကို နို့သီးခေါင်း ပတ်ပတ်လည်တွင် ပေးမည်။ ထို့နောက် နို့သီးခေါင်းအောက်ဘက် တည့်တည့်ဆင်းလာပီး ရင်သားအောက်ဘက်တွင် အလျားလိုက်ခွဲစိတ်ကာ ပိုနေသော ရင်သားအရေပြားများကို ဖြတ်ထုတ်ပေးခြင်းဖြစ်ပီး ခွဲစိတ်ပီးနောက် အနာပြန်ချုပ်ပီးသောအခါ ခွဲစိတ်ဒဏ်ရာမှာ အင်္ဂလိပ်အက္ခရာ T ပြောင်းပြန်ပုံဖြစ်နေပါမည်။ ခွဲစိတ်မှုပြုလုပ်ရာတွင် ရင်သားအနေအထားကိုမူတည်ပီး ပိုနေသောအရေပြားများကို ခွဲစိတ်ဖယ်ရှားပေးပါမည်။

နို့သီးခေါင်းကို ရွေ့ပေးမည့်နေရာသစ်လေးတစ်ခုကို ရင်သားတွင်သတ်မှတ်ပေးမည်။ ပိုနေသည့် ရင်သားအရေပြားများကို ဖယ်ရှားပီးနောက် နို့သီးခေါင်းနှင့် နို့သီးကွင်းကို လက်ရှိနေရာထက်ပို၍ အထက်ပိုင်းကျသောနေရာတွင် နေသားတကျဖြစ်အောင် ပြုလုပ်ပေးမည်။ နို့သီးခေါင်းဘေးပတ်ဝန်းကျင် အရေပြားနှင့် နို့သီးခေါင်းအောက်ဘက် အရေပြားများကို ဖယ်ရှားပေးပီးနောက် ရင်သားကိုပုံစံ လှလှလေးဖြစ်အောင် ဖန်တီးပြုလုပ်ပေးမည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကိုပြန်ချုပ်ပေးမည်။ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကိုအသုံးပြုပီး ခွဲစိတ်ချိန် အနည်းဆုံး ၂နာရီမှ ၃နာရီထိ ကြာတတ်သည်။

Peri-areolar Technique ဖြင့် ခွဲစိတ်ရာတွင် ခွဲစိတ်ဒဏ်ရာသည် နို့သီးကွင်း ဘေးပတ်ပတ်လည်တွင်သာ ရှိမည်ဖြစ်ပါသည်။

Breast Lift ပြုလုပ်ပြီးနောက်ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ

Peri-areolar technique ဖြင့် ရင်သားရှိပိုနေသောအရေပြားကို ဖြတ်ထုတ်ဖယ်ရှားရာတွင် ခွဲစိတ်ဒဏ်ရာပေးမည့် နို့သီးကွင်း ဘေးပတ်ပတ်လည်တွင် အမာရွတ်ဖြစ်တတ်ခြင်းနှင့် အရေပြားများတွန့်နေခြင်း ဖြစ်တတ်သည်။ ခွဲစိတ်မှုပြုလုပ်ပီး ၁ နှစ်မှ ၂ နှစ်ခန့်ကြာသောအခါ တဖြည်းဖြည်းနူးညံ့သွားမည်။

အင်္ဂလိပ်အက္ခရာ T ပြောင်းပြန်ပုံခွဲစိတ်ဒဏ်ရာရှိမည့် Inverted T technique ဖြင့် ခွဲစိတ်မှုပြုလုပ်ပါက ခွဲစိတ်ဒဏ်ရာသည် နို့သီးခေါင်း ဘေးပတ်ပတ်လည်တွင် ရှိနေမည့်အပြင် နို့သီးခေါင်းအောက်ဘက် တည့်တည့်စိုက်ပီးဆင်းသွားမည့် ဒဏ်ရာလည်းရှိမည်။ ထို့အပြင် ရင်သားအောက်ဘက်တွင်လည်း အလျားလိုက်ခွဲစိတ်ဒဏ်ရာ အမာရွတ်ရှိနေပေမည်။


Breast Lift ပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲပြသနာများမှာ

ရင်သားတွင်ခွဲစိတ်ဒဏ်ရာအမာရွတ်ကြီးဖြစ်နေခြင်း

သွေးရည်ကြည်စုခြင်းနှင့် အနာမှသွေးထွက်ခြင်း

အနာပိုးဝင်ခြင်း

အနာကျက်နှေးခြင်း

နို့သီးခေါင်းအာရုံခံစားမှု လျော့နည်းသွားခြင်း

ရင်သားပုံသဏ္ဍာန် ပုံမှန်မဖြစ်ခြင်း

ရင်သားတစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း

အရေပြားအရောင်ပြောင်းလဲခြင်း

ရင်သားရောင်ရမ်းနေခြင်းနှင့် ညိုမည်းစွဲခြင်း

ရင်သားအတွင်းဘက်ပိုင်းရှိ အာရုံကြောများပျက်ဆီးခြင်း

သွေးကြောများနှင့် ကြွက်သားများ ပျက်ဆီးခြင်း

သွေးရည်ကြည်များစုပုံနေခြင်း

ရင်သားအရမ်းတင်းလွန်းခြင်း

နို့သီးခေါင်း သို့မဟုတ် နို့သီးကွင်း ကျွတ်ထွက်ခြင်း

ခွဲစိတ်မှုပြုလုပ်ပီးနောက် နာကြင်မှုအမြဲရှိနေခြင်း

ခွဲစိတ်မှုပြုလုပ်ရာတွင်အသုံးပြုမည့် မေ့ဆေးများ၏ဆိုးကျိုးများရှိခြင်း စသည်တို့ပင်ဖြစ်ပါသည်။

ရင်သားပင့်တင်ခြင်းပြုလုပ်ခြင်းပီးနောက် ကိုယ်ဝန်ဆောင်ခြင်းကို တားမြစ်ထားခြင်းမရှိသော်လည်း ရင်သားအစိတ်အပိုင်းအချို့ ခွဲစိတ်ဖယ်ရှားပေးပီး ခွဲစိတ်ပီးနောက် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးနို့တိုက်ခြင်း စသည်တို့ကြောင့် ရင်သားပြန်လည် တွဲကျတတ်ခြင်း ဖြစ်တတ်သည်ကို သတိပြုရပါမည်။ ထို့အပြင် ရင်သားအရေပြားတင်းအောင် ခွဲစိတ်ပြုပြင်ပီးနောက် ရင်သားတွင်ရောဂါရှာဖွေ စမ်းသပ်မှုတစ်ခုခုပြုလုပ်ရာတွင် အဆင်မပြေမှု ရှိတတ်သည်ကို သိရှိထားရပါမည်။ ရင်သားပင့်တင်ရာတွင် ရင်သားတစ်သျူးအချို့ကို ဖြတ်ထုတ်ပစ်လိုက်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကလေးနို့တိုက်ရာတွင် အခက်အခဲအနည်းငယ် ကြုံတွေ့ရတတ်ပါသည်။ ခွဲစိတ်မှုပြုလုပ်ပီး ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ ခွဲစိတ်ပီး ပြန်ချုပ်သောအခါတွင် အသုံးပြုသော အနာချုပ်ရိုးကလေးများမှာ အရေပြားထဲတွင် ပျော်ဝင်သွားပါလိမ့်မည်။ သို့သော် ၄င်းချုပ်ရိုးကလေးများသည် ခွဲစိတ်မှုပြုလုပ်ပီး ၄လမှ ၆လတွင်း လုံးဝ ပျော်ဝင်သွားနိုင်ပါသော်လည်း တစ်ခါတစ်ရံတွင် ပျော်ဝင်သွားခြင်းမရှိပဲ အနာကျက်လာသည်နှင့်အမျှ အပြင်ဘက်သို့ ထိုးထွက်လာတတ်ပါသေးသည်။

Breast Lift ပြုလုပ်ပီးနောက် ဘယ်လိုဂရုစိုက်မှုတွေ လိုအပ်ပါသလဲ

ခွဲစိတ်မှုပြုလုပ်ပီးနောက် လမ်းလျှောက်နိုင်သည့်အချိန်တွင် စတင်လမ်းလျှောက်ပေးရမည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် အိမ်တွင်အနားယူရမည်ဖြစ်ပီး ပုံမှန်အလုပ်များကို ခွဲစိတ်ပီး ၁၀ရက်ခန့်အကြာတွင် ပြန်လုပ်နိုင်ပါမည်။ ခွဲစိတ်မှုပြုလုပ်ပီး ပထမ ၃ပတ်မှ ၄ပတ်အထိ အားစိုက်၍ပြုလုပ်ရသော အလုပ်မှန်သမျှကို ရှောင်ကြဉ်ရမည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ရင်သားကို ထိခိုက်ဒဏ်ရာမရအောင် အနည်းဆုံး ၃ပတ်မှ ၄ပတ်ထိ ဂရုစိုက်ပေးရမည်။ ခွဲစိတ်မှုပြုလုပ်ပီး ၄၈နာရီကြာပီးနောက် သားငန်ရည်ထွက်ရန် ထည့်ထားသည့်ပိုက်ကလေးကို ဖယ်ရှားပေးပီးနောက် ရေချိုးနိုင်ပါမည်။ ပတ်တီးမျာကို ဖြည်ပီးသည့်နောက် ခွဲစိတ်ပီး ၃ပတ်ပြည့်သည်အထိ Support Bra ဝတ်ထားပေးရပါမည်။ ပုံမှန်ဝတ်နေကျအတိုင်း သံခွေပါဝင်သော ဘရာစီယာကို ခွဲစိတ်မှုပြုလုပ်ပီး ၆လမှ ၁နှစ် ပြည့်သောအခါမှသာ ဝတ်ဆင်ရပါမည်။

အမေးများသော မေးခွန်းများနှင့် အဖြေများ

မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေစဉ် အိပ်ပျော်နေမလား

အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကိုအသုံးပြုမည်ဖြစ်သောကြောင့် အိပ်ပျော်နေပါမည်။

မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီး အချိန်ဘယ်လောက်ကြာအောင် ဘန်ကောက်မှာ နေဖို့လိုအပ်သလဲ

အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံ ၁ရက်မှ ၂ရက်တက်ရမည်ဖြစ်ပီး ဟိုတယ်သို့ ပြန်နားနေနိုင်မည်။ ဆရာဝန်ပြန်ပြရန်စောင့်ဆိုင်းနေစဉ်အချိန်တွင် ဈေးဝယ်ထွက်ခြင်း လည်ပတ်ခြင်းများပြုလုပ်နိုင်ပါမည်။ သို့သော် အလေးအပင် မခြင်း၊ ရေကူးခြင်းနှင့် အခြားသော အားစိုက်ပြုလုပ်ရမည့် အလုပ်များကို ရှောင်ရမည်။ ပုံမှန်အားဖြင့် ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်မှ ၁၀ရက်ကြာသောအခါ ဆေးရုံသို့ပြန်လာပြပီး အနာချုပ်ရိုးဖြည်ရမည်။ ထို့နောက် ပုံမှန်အလုပ်အတိုင်း မိမိအလုပ်သို့ ပြန်ဝင်နိုင်မည်။

မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနော် ပုံမှန်အနေအထားပြန်ဖြစ်ချိန် ဘယ်လောက်ကြာမလဲ

အဖြေ ၃ လူနာအများစုမှာ ခွဲစိတ်မှုပြုလုပ်ပီး နောက်နေ့တွင် ဖြည်းဖြည်းချင်းလမ်းပြန်လျှောက်နိုင်မည်။ နောက်ရက်များတွင် တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာမည်။ ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ်ခန့် ရောင်ရမ်းခြင်း၊ ညိုမည်းစွဲနေခြင်းများဖြစ်တတ်ပီး တဖြည်းဖြည်းပျောက်ကင်းသွားပါမည်။ ရင်သားကိုထိခိုက်ဒဏ်ရာရခြင်းနှင့် အခြားအားစိုက်လုပ်ရသော အလုပ်များပြုလုပ်ခြင်းကို ခွဲစိတ်ပီး ၁လထိ ရှောင်ရမည်။ ခွဲစိတ်မှုပြုလုပ်ပီး လုံးဝပုံမှန်ပြန်ဖြစ်မည့် အခြေအနေရောက်ရန် အချိန် ၆လမှ တစ်နှစ်ခန့်ထိ ကြာနိုင်မည်။

မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုဂရုစိုက်ရမလဲ

အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက် လအနည်းငယ်ခန့် Support Bra ဝတ်ရပါမယ်။ သံခွေပါသော ဘရာစီယာများဝတ်ခြင်းကို ရှောင်ရပါမည်။

မေးခွန်း ၅ ရင်းသားပင့်တင်သွားအောင် ခွဲစိတ်ပြုပြင်ခြင်းဟာ တစ်သက်လုံးကြာရှည်ခံနိုင်မလား

အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီးနောက် အသက်အရွယ်တဖြည်းဖြည်း ကြီးရင့်လာသည်နှင့်အမျှ လူ့သဘာဝအတိုင်း အရေပြားတွေပိုပီးတွဲလာမယ်။ အဲ့ဒီအခါ ရင်သားလည်း တဖြည်းဖြည်း ပြန်လည်တွဲကျလာနို်င်မယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးနို့တိုက်ခြင်းနှင့် ကိုယ်အလေးချိန်ပုံမှန်ထိန်းရခက်ခြင်းတွေကလည်း ရင်သားပြန်လည်တွဲကျခြင်းကို ပြန်ဖြစ်စေနိုင်ပါတယ်။

မေးခွန်း ၆ ခွဲစိတ်ပြုပြင်ပီးနောက်မှာ ရင်သားပုံစံပြန်လည်ကြည့်ကောင်းလာမည့်အပြင် အခြားမည်သည့်ပြောင်းလဲမှုတွေ ရှိနိုင်မလဲ

အဖြေ ၆ ရင်သားပြန်လည်ပင့်တင်သွားအောင် ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ရင်သားဓာတ်မှန်ရိုက်တဲ့အခါမှာ အခက်အခဲရှိတတ်ပါတယ်။ ဒါ့အပြင် ရင်သားတစ်သျူးတွေကို ဖယ်ရှားလိုက်တဲ့အတွက် ကလေးနို့တိုက်ရာမှာလည်း အခက်အခဲရှိတတ်ပါတယ်။

မေးခွန်း ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ဘယ်လိုပြသနာတွေဖြစ်တတ်သေးလဲ

အဖြေ ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ခွဲစိတ်ဒဏ်ရာကနေ သွေးထွက်ခြင်း၊ ခွဲစိတ်မှုပြုလုပ်ရာတွင်အသုံးပြုမည့် မေ့ဆေးများ၏ဆိုးကျိုးများ ဖြစ်တတ်ခြင်း၊ အနာကျက်နှေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက်မညီခြင်း၊ အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း၊ နို့သီးခေါင်းနှင့် နို့သီးကွင်းများ ထုံနေခြင်း၊ ခွဲစိတ်ဒဏ်ရာ မာနေခြင်းနှင့် အနာအသီးထခြင်း၊ လိုအပ်ပါက ပြန်လည်ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ရခြင်း စသည်တို့ပဲဖြစ်ပါတယ်။

မေးခွန်း ၈ ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုအပ်မလဲ

အဖြေ ၈ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း မလိုလားအပ်တဲ့နောက်ဆက်တွဲပြသနာတွေဆိုးကျိုးတွေ မဖြစ်စေဖို့အတွက် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်လောက်ကြိုတင်ပီး ဆေးလိပ်ဖြတ်ထားရမယ် အရက်သောက်ရင်လည်း အရက်ဖြတ်ရမယ် ဟော်မုန်းဆေးတွေလည်း ဖြတ်ရမယ် တိုင်းရင်းဆေးဝါးတွေ အားဖြည့်စာတွေအကုန်လုံးကိုလည်း ဖြတ်ထားပေးရမယ် အခြားသောက်ရမယ့်ဆေးတွေရှိရင်လည်း ဆရာဝန်ခွင့်ပြုထားတဲ့ဆေးတွေကိုပဲ သောက်ရမယ်။ ဒါကြောင့် သင့်မှာရောဂါတစ်ခုခုရှိနေလို့ သောက်ဆေးတွေရှိနေမယ်ဆိုရင် ခွဲစိတ်မှုပြုလုပ်မှာ ဖြစ်တဲ့အတွက် ကြိုတင်ဖြတ်ရမယ့်ဆေးဝါးတွေရှိရင် ဖြတ်ထားလို့ရအောင်နဲ့ မဖြစ်မနေ သောက်ရမယ့်ဆေးတွေရှိရင်လည်း သောက်လို့ရအောင် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ပြနေကျဆရာဝန်နဲ့ သွားရောက်ဆွေးနွေးဖို့လိုအပ်ပါမယ်။ ခွဲစိတ်မှုမပြုလုပ်ခင်မှာ အစားအသောက်တွေထိန်းတာ ကြွက်သားတွေပိုမိုသန်မာအောင် လေ့ကျင့်ခန်းတွေလုပ်ခဲ့မယ်ဆိုရင် ခွဲစိတ်ပီးနောက်ပိုင်းမှာ ပိုမိုကောင်းမွန်ထိရောက်မယ့်ရလဒ် ရရှိမှာဖြစ်ပါတယ်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

6 + 3 =