အလှအပဆိုင်ရာ ဝန်ဆောင်မှုများ

ရင်သားအရွယ်အစားသေးအောင် ခွဲစိတ်ပြုပြင်ခြင်း

ရင်သားအရွယ်အစားသေးအောင် ခွဲစိတ်ပြုပြင်ခြင်းသည် ပိုနေသည့်ရင်သားဂလင်းတစ်သျှူးများ၊ အဆီပိုနှင့်အရေပြားပိုတို့ကို ဖြတ်ထုတ်ဖယ်ရှားပီးနောက် ရင်သားအရွယ်အစားပိုသေးသွားပီး ရင်သားအလေးချိန်လည်းလျော့သွားအောင် ပုံဖော်ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ဤခွဲစိတ်မှုသည် ရင်သားအရွယ်အစားအဆမတန်ကြီးလွန်းပီး အလေးချိန်လေးအားဖြင့်လည်း လေးလံကာ နို့ပျဥ်းကဲ့သို့ရင်သားတွဲကျနေသူများအတွက် အထူးသင့်လျှော်ပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသောလမ်းညွှန်မှုတွင် ရင်သားအရွယ်အစားသေးအောင် ခွဲစိတ်ပြုပြင်ခြင်းနှင့်ပက်သတ်ပီး ခွဲစိတ်မှုမပြုလုပ်မှီ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ကြိုတင်ဆွေးနွေးချိန်မှစ၍ ခွဲစိတ်မှုပြုလုပ်ပီးမည်ကဲ့သို့ ဂရုစိုက်ရမည်အထိ မိမိတို့သိရှိထားရမည့် အကြောင်းအရာများအားလုံးကို ပြည့်ပြည့်စုံစုံ လမ်းညွှန်ပြသပေးပါမည်။ 

ရင်သားအရွယ်အစားသေးအောင် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ ?

Reduction mammoplasty, is ဟုခေါ်သည့်ခွဲစိတ်မှုသည် ရင်သားရှိ ပိုနေသည့်အဆီများ၊ ရင်သားဂလင်းတစ်သျှူးများ၊ ကြီးမားပီးလေးလံက နို့ပျဥ်းကဲ့သို့သိသိသာသာတွဲကျနေသည့် ရင်သားအရေပြားများကို ခွဲစိတ်ဖယ်ထုတ်လိုက်ခြင်းအားဖြင့် ရင်သားအရွယ်အစား သေးငယ်ပေါ့ပါး သွားအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးခြင်း ဖြစ်ပါသည်။

Breast Reduction Header Image

ရင်သားအရွယ်အစားသေးငယ်သွားအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ခြင်းသည် ရင်သားအရွယ်အစားကို ခန္ဓာကိုယ်နှင့်လိုက်ဖက်ညီအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးခြင်း ဖြစ်ပီး၊ ခွဲစိတ်မှုပြုလုပ်ပီးနောက် ရင်သားအရွယ်အစားကြီးလွန်းပီး လေးလံလွန်းနေသောကြောင့်ဖြစ်ပေါ်လာသည့် ကျောက်ကုန်း၊ လည်ပင်းနှင့် ပုခုံးတို့ တင်းတောင့်ကိုက်ခဲနေခြင်းများကို သက်သာလျော့နည်းသွားစေမည့်အပြည် ဘရာစီယာဝတ်ဆင်ရာတွင်လည်း ရင်သားလေးလံခြင်းကြောင့် ဘရာစီယာကြိုးမှဖြစ်တတ်သည့် နာကျင်မှုတင်းအားလည်းလျော့သွားပီး သက်တောင့်သက်သာပိုဖြစ်သွားပါမည်။  ဖြစ်ပါသည်။  

ရန်ဟီးဆေးရုံကြီးတွင် ရင်သားအရွယ်အစားသေးငယ်သွားအောင် ခွဲစိတ်မှုပြလုပ်မှုသည် ကျွန်ုပ်အတွက် မှန်ကန်သောရွေးချယ်မှုဖြစ်ပါသလား?

ရင်သားအရွယ်အစားသေးငယ်အောင် ခွဲစိတ်ပြုပြင်ရန် ဆုံးဖြတ်ချက်မချမှီ  ခွဲစိတ်မှုပြုလုပ်ပီးနောက် မိမိမျှော်လင့်ထားသည့်ရလဒ်နှင့်ပက်သတ်ပီး ခွဲစိတ်ဆရာဝန်နှင့် သေသေချာချာတိုင်ပင်ရမည်။ ထို့အပြင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပီးဖြစ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကိုလည်း သေသေချာချာသိရှိထားရန် အရေးကြီးပါသည်။ ရန်ဟီးဆေးရုံကြီးတွင် ရင်သားအရွယ်အစားသေးအောင် ခွဲစိတ်မှုပြုလုပ်သင့်သည့် အကောင်းဆုံးအသင့်တော်ဆုံးသူများမှာ ခွဲစိတ်မှုပြုလုပ်ပီးရရှိလာမည့် ရလဒ်သည် လုံးဝပြီးပြည့်စုံကောင်းမွန်သည့်အနေအထားမဖြစ်ခဲ့သည့်တိုင် လက်ရှိအနေအထားထက် ပိုမိုတိုးတက်ကောင်းမွန်သွားမည့်အနေအထားကို လက်ခံနိုင်သည့်သူများ သို့မဟုတ် ရင်သားအရွယ်အစားအဆမတန်ကြီးလွန်းပီး တွဲကျနေခြင်းကြောင့်ဖြစ်တတ်သည့် သက်တောင့်သက်သာမဖြစ်ခြင်းနှင့် နာကျင်ကိုက်ခဲမှုများ သက်သာလျော့နည်း ပျောက်ကင်းသွားရန်အလိုဆန္ဒရှိသူများ ဖြစ်ပါသည်။ 

အောက်ဖော်ပြပါပြဿနာတစ်ခုခုရှိပါက ရန်ဟီးဆေးရုံတွင် ရင်သားအရွယ်အစားသေးအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ရန် သင့်တော်ပါသည်။   

  • ရင်သားအရွယ်ကြီးနေခြင်းကြောင့် လည်ပင်း၊ ကျောကုန်းနှင့် ပုခုံးကြွက်သားများ အကြောတတ်ကိုက်ခဲနာကျင်နေခြင်း 
  • ရင်သားအလေးချိန်ကြောင့် ပုခုံးအရေပြားတွင် ဘရာစီယာကြိုးရာ သိသိသာသာမြင်နေရပီး သက်တောင့်သက်သာမဖြစ်ခြင်း  
  • ရင်သားများ ခန္ဓာကိုယ်နှင့် အချိုးကျလိုက်ဖက်မှုမရှိဟု ခံစားရခြင်း  
  • မိမိရင်သားအရွယ်အစားကြီးလွန်းကြောင်း မိမိကိုယ်တိုင်သိရှိခြင်း  
  • ခန္ဓာကိုယ်အချိုးမကျသဖြင့် မိိမိကိုယ်ကိုမိမိယုံကြည်မှုမရှိခြင်း  
  • နို့သီးကွင်းအမည်းကွင်းကြီးနေပီး နို့သီးခေါင်းလည်းအောက်စိုက်ကျကာ ရင်သားကြီးလွန်းပီးတွဲကျနေခြင်း  
  • သီးသန့်တစ်ကိုယ်ထီးဖြစ်နေသလိုခံစားရခြင်းနှင့် စိတ်ဓာတ်ကျခြင်း 
  • မိမိနှင့်တော်သည့် အဝတ်အစားရွေးရခက်ခဲခြင်း  
  • ရင်သားတစ်ဖက်နှင့်တစ်ဖက် မတူညီမှုသိသာလွန်းခြင်း   
  • လမ်းလျှောက်ခြင်းနှင့် အေရိုးဗစ်ကဲ့သို့ လေ့ကျင့်ခန်းများလုပ်ရခက်နေခြင်း  
  • လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် မဝံ့မရဲအမြဲရှက်မိခြင်း
  • အချို့သောကိုယ်ကြပ်ရှပ်အင်္ကျီများဝတ်ဆင်ရာတွင် သက်တောင့်သက်သာမဖြစ်ခြင်း  

ထို့အပြင် ရင်သားသေးငယ်အောင် ခွဲစိတ်ပြုပြင်ပြုလုပ်မှုပြုလုပ်မည့်သူများသည် ဆေးလိပ်မသောက်ပါက  ခွဲစိတ်ပီးအကျိုးရလဒ်များ အထူးကောင်းမွန်ပါမည်။ 

ရင်သားသေးငယ်အောင်ခွဲစိတ်ပြုပြင်မှုအတွက် ပြီးပြည့်စုံသောလမ်းညွှန်မှု

ရင်သားသေးငယ်အောင်ခွဲစိတ်ပြုပြင်မှုနှင့်ပက်သတ်ပီး သိရှိထားရမည့်အကြောင်းအရာများ


ရင်သားသေးငယ်အောင်ခွဲစိတ်ပြုပြင်မှုမပြုလုပ်မှီ ဘာတွေသိထားသင့်သလဲ

ဆက်ဖတ်ရန်

ရင်သားသေးငယ်အောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ရာတွင် ဘေးအန္တရာယ်ကင်းကင်းနှင့် ခွဲစိတ်မှုအောင်မြင်စွာပီးမြောက်နိုင်မှုသည် ခွဲစိတ်ဆရာဝန်နှင့် မိမိ၏ခွဲစိတ်မှုအတွက် ဆွေးနွေးတိုင်ပင်ရာတွင် ဆရာဝန်မေးသမျှမိမိကျန်းမာရေးအခြေအနေများ ၊​ မိမိအလိုရှိသည့်ရလဒ်အနေအထားနှင့် မိမိ၏နေ့တဒူဝလုပ်ငန်းစဥ်များအကြောင်းကို ရိုးရိုးသားသားနှင့် အမှန်ကန်ဆုံး ဖြေကြားပေးခြင်းပင်ဖြစ်ပါသည်။

ဆရာဝန်နှင့်ဆွေးနွေးရန် အောက်ပါအကြောင်းအရာတို့ကို ကြိုတင်ပြင်ဆင်ထားရမည်။

  • မိမိခွဲစိတ်မှုပြုပြင်မှုပြုလုပ်ရသည့် အဓိကအကြောင်းရင်း၊ မိမိမျှော်လင့်ထားသည့်အရာနှင့် ခွဲစိတ်ပီးရရှိလိုသည့်  ခွဲစိတ်မှုရလဒ်
  • မိမိတွင်ရှိသည့် ရောဂါအခံများ၊ မိမိနှင့်ဓာတ်မတည့်သည့်ဆေးဝါးများနှင့် မိမိအတွက် ဆေးဝါးကုသမှုများ
  • လက်ရှိမိမိသောက်နေကျ ဆေးဝါးများ၊ ဗီတာမင်အားဆေးများ၊ တိုင်းရင်းဆေး၊ အားဖြည့် ဖြည့်စွက်စာများ၊ အရက်ဆေးလိပ်နှင့် သုံးစွဲနေကျဆေးများ
  • ယခင်ကပြုလုပ်ဖူးသည့် ခွဲစိတ်ကုသမှုများ
  • မိသားစုတွင် ရင်သားကင်ဆာဖြစ်ဖူးသူရှိပါက မည်သူတွင်ဖြစ်ဖူးကြောင်း ကျန်းမာရေးရာဇဝင်၊  ယခင်ကရင်သားဓာတ်မှန်ရိုက်ဖူးပါက ရင်သားဓာတ်မှန်အဖြေနှင့် အသားစယူဖူးပါက အသားစအဖြေ

ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်စဥ် ခွဲစိတ်ဆရာဝန်မှ   During your consultation, your surgeon may also:

  • သင်၏ ယေဘူယျကျန်းမာရေးအခြေအနေကိိုသုံးသပ်ပီး ခွဲစိတ်မှုပြုလုပ်ပီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်မှုအခြေအနကို ကြိုတင်ခန့်မှန်းသုံးသပ်ခြင်း
  • သင်၏ရင်သားပုံစံအရွယ်အစားတိုင်းတာမှုများနှင့် ရင်သားအရေပြားအနေအထားစသည်တို့ကို သေသေချာချာစမ်းသပ်မှုပြုလုပ်ပေးပီး၊ ခွဲစိတ်မှုပြုလုပ်ပီးနောက် နို့သီးခေါင်းနှင့် နို့သီးကွင်း ပြန်လည်နေရာချထားပေးမည့်နေရာကိုလည်း သတ်မှတ်ပေးမည်။  
  • ဆေးမှတ်တမ်းထဲတွင်းသိမ်းထားရန် မှတ်တမ်းဓာတ်ပုံရိုက်ပါမည်။  
  • ခွဲစိတ်မှုပြုလုပ်ပီး သင်ရရှိလိုသည့်အနေအထား၊​ သင်၏ရင်သားအနေအထားအရ ပြုလုပ်သင့်သည့် ခွဲစိတ်ပြုပြင်မှု၊ ခွဲစိတ်မှုပြုလုပ်ပီးနောက်ရရှိလာမည့်ရလဒ်နှင့် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာများအကြောာင်း ရှင်းပြပါမည်။​ 
  • နောက်ဆုံးအချက်အနေဖြင့် ရင်သားသေးငယ်အောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ရာတွင် မေ့ဆေးကို အသုံးပြုမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားဆွေးနွေးပါလိမ့်မည်။  


ရင်သားသေးငယ်အောင် ခွဲစိတ်ပြုပြင်မှု၏ နောက်ဆက်တွဲဖြစ်နိုင်ချေပြဿနာများ

ဆက်ဖတ်ရန်

ရန်ဟီးဆေးရုံတွင် ရင်သားသေးငယ်အောင်ခွဲစိတ်ပြုပြင်မှုပြုလုပ်ပီးနောက် နောက်ဆွဲတွဲပြဿနာများ အလွန်အဖြစ်နည်းပီး ဖြစ်ခဲ့ပါကလည်း အသေးအမွှားအခြေအနေလောက်သာ တွေ့ရပါသည်။ သို့သော်လည်း ခွဲစိတ်မှုမှန်မျှ နောက်ဆက်တွဲပြဿနာဖြစ်နိုင်ချေ အမြဲရှိနေနိုင်ပီး ရင်သားသေးငယ်အောက်ခွဲစိတ်ပြုပြင်မှု၏ နောက်ဆက်တွဲဖြစ်တတ်သောပြဿနာများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • အမာရွတ်မလှမပကျန်နေ ကျန်နေခြင်း
  • အနာပိုးဝင်ခြင်း
  • နို့သီးခေါင်းနှင့် နို့သီးကွင်းအမည်းပတ်ပတ်လည် အာရုံခံစားသိရှိမှုဆုံးရှုံးမှု ယာယီခဏတာ သို့မဟုတ် အမြဲရှိနေခြင်း
  • ခွဲစိတ်မှုပြုလုပ်ရာတွင် အသုံးပြုသည့် မေ့ဆေးပြဿနာများရှိခြင်း
  • သွေးထွက်ခြင်း( သွေးကြောပြင်ပတွင် သွေးရည်များစုပုံပီးခဲနေခြင်း )
  • သွေးခဲဖြစ်ခြင်း
  • အနာကျက်နှေးခြင်း
  • ပုံမှန်ရင်သားကဲ့သို့ ရင်သားပုံစံအနေအထားမရရှိခြင်း
  • ရင်သားအရေပြားပုံမှန်မဖြစ်ခြင်း၊ ရင်သားရောင်ရမ်းခြင်းနှင့် ညိုမည်းစွဲခြင်း
  • အာရုံကြောများ ၊ သွေးကြောများ၊​ ကြွက်သားများနှင့် အဆုတ်အစရှိသည့် အတွင်းပိုင်းရှိအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ပျက်ဆီးမှုရှိခြင်း
  • ရင်သားတစ်ဖက်နှင့်တစ်ဖက် ပုံစံထပ်တူမကျခြင်း
  • သွေးရည်ကြည်ကဲ့သို့သော အရည်များပုံမှန်မဟုတ်ပဲ စုပုံနေခြင်း
  • ရင်သားပုံမှန်ထက်ပိုတင်းခြင်း  
  • မိခင်နို့တိုက်ကျွေးနိုင်ရန် မဖြစ်နိုင်တော့ခြင်း 
  • ခွဲစိတ်ဒဏ်ရာပြန်စိချုုပ်ထားသည့် နေရာရှိ အရေပြား သို့မဟုတ် တစ်သျှူးများဆုံးပျက်ဆီးဆုံးရှုံးနိုင်ခြင်း 
  • နို့သိီးခေါင်း သို့မဟုတ် နို့သီးခေါင်းပတ်လည် နို့သီးအမည်းကွင်းတစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ဆုံးရှုံးမှုရှိနိုင်ခြင်း 
  • သွေးပြန်ကြောကြီးများထဲတွင်း သွေးခဲပိတ်ခြင်း၊ နှလုံးနှင့် အဆုတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်နိုင်ချေရှိခြင်း 
  • နာကျင်ကိုက်ခဲမှု အမြဲရှိနေနိုင်ခြင်း 
  • ခွဲစိတ်ဒဏ်ရာကပ်ပလာစတာ၊ ခွဲစိတ်ဒဏ်ရာချုပ်အနာချုပ်ကြိုး၊ ဒဏ်ရာကပ်ကော်၊ သွေး၊ လိမ်းဆေးများ သို့မဟုတ် ထိုးဆေးများနှင့် ဓာတ်မတည့်ခြင်းများ 
  • အဆီဆဲလ်များသေခြင်း (အရေကြားအောက်အတွင်းဘက်ဆုံးရှိ အရေပြားအဆီဆဲလ်တစ်သျှူးများ သေသွားခြင်း 
  • ပြန်လည်ခွဲစိတ်ပြုပြင်မှုပြုလုပ်ရနိုင်ခြင်း


ရင်သားသေးအောင်ခွဲစိတ်ပြုပြင်မှုပြုလုပ်ရန် ကြိုတင်ပြင်ဆင်ရမည့်အရာများ

ဆက်ဖတ်ရန်

ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးမည့်ဆရာဝန်မှ ခွဲစိတ်မှုမပြုလုပ်ခင်ကြိုတင်ပြင်ဆင်ထားရမည့် ဆေးလိပ်ကြိုတင်ဖြတ်ထားခြင်း၊ မိမိသောက်နေကျဆေးဝါးများရှိပါက ဆက်လက်သောက်ရမည့်ဆေးများနှင့် ကြိုတင်ဖြတ်ထားရမည့် ဆေးဝါးများ၊ ဆေးရုံသို့ယူဆောင်လာရမည့်အရာများနှင့် အစားအသောက်ကြိုတင်ဖြတ်ထားရမည့်အချိန်စသည်တို့ကို ခွဲစိတ်မှုမပြုလုပ်ခင်ကြိုတင်တိုင်ပင်ဆွေးနွေးမှုလုပ်စဥ် သင့်အားပြည့်ပြည့်စုံစုံ ရှင်းပြပါလိမ့်မည်။

ခွဲစိတ်မှုအောင်အောင်မြင်မြင်နှင့် ဘေးအန္တရာယ်ကင်းပီး ခွဲစိတ်မှုပြုလုပ်ပီးပုံမှန်အခြေအနေမြန်မြန်ရောက်ရှိစေရန် ဆရာဝန်ညွှန်ကြားထားသည့် ခွဲစိတ်မှုမပြုလုပ်မှီလိုက်နာဆောင်ရွက်ရမည့်အရာကို တသွေမတိမ်းလိုက်နာဆောင်ရွက်ခြင်းသည် အင်မတန်အရေးကြီးလှပါသည်။

  1. ဆေးလိပ်သောက်ခြင်း။     ။ ဆေးလိပ်သောက်ခြင်းသည် ခွဲစိတ်မှုပြုလုပ်ပီးနောက် အနှာကျက်နှေးစေခြင်းနှင့် အခြားသောနောက်ဆက်တွဲပြဿနာများကို ဖြစ်နိုင်ချေပိုများစေသောကြောင့် ခွဲစိတ်မှုမပြုလုပ်မှီနှင့် ခွဲစိတ်မှုပြုလုပ်ပီး အနည်းဆုံး ၂ပတ်ခန့် ဆေးလိပ်ဖြတ်ထားရပါမည်။
  2. အရက်သောက်ခြင်း။      ။ ခွဲစိတ်မှုမပြုလုပ်မှီ အနည်းဆုံးတစ်ပတ်ကြိုတင်၍ ဆေးလိပ်ဖြတ်ထားရပါမည်။ 
  3. အစားအသောက်ကြိုတင်ဖြတ်ထားခြင်း။       ။ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ခွဲစိတ်မှုပြုလုပ်မည့်အချိန်မတိုင်မှီ အနည်းဆုံး ၆နာရီအတွင်း မည်သည့်အစားအသောက်မျှ စားသောက်ခြင်းမရှိပဲ  အသေအချာဖြတ်ထားရပါမည်။ 
  4. ဆေးဝါးများ။      ။ ခွဲစိတ်မှုပြုလုပ်ပီးနောက် သွေးထွက်ခြင်းပိုဖြစ်စေနိုင်သည့်  aspirin ကဲ့သို့သွေးကျဲဆေးများ၊ အရောင်ကျဆေးများနှင့် တိုင်းရင်းဆေး ဖြည့်စွက်စာများအားလုံးကို ကြိုတင်ဖြတ်ထားရပါမည်။ 

ခွဲစိတ်မှုမပြုလုပ်မှီ အထူးညွှန်ကြားချက်များတွင် အောက်ပါအချက်အလက်များပါဝင်ပါမည်။ 

  • ခွဲစိတ်မှုမပြုလုပ်ခင်ကြိုတင်ပြင်ဆင်ရမည့်အရာများနှင့် ခွဲစိတ်မှုပြုလုပ်မည့်နေ့တွင် တွေ့ကြုံရမည့်အရာများ 
  • ခွဲစိတ်မှုပြုလုပ်ပီး လိုက်နာဆောင်ရွက်ရမည့်ဆရာဝန်ညွှန်ကြားချက်များနှင့် ဆရာဝန်ရက်ချိန်းပြန်ပြရန်ညွှန်ကြားချက်များ 


ရင်သားသေးငယ်အောင် ခွဲစိတ်မှုပြုလုပ်ပုံ

ဆက်ဖတ်ရန်

ရန်ဟီးဆေးရုံတွင် ရင်သားသေးငယ်အောင် ခွဲစိတ်ပြုပြင်ရာတွင် မေ့ဆေးအသုံးပြုပီးခွဲစိတ်မှုပြုလုပ်ပေးမည်ဖြစ်ပီး ခွဲစိတ်မှုပြုလုပ်စဥ်တစ်လျှောက်လုံး အိပ်ပျော်နေပါမည်။ အတွေ့အကြုံရင့်ကျက်ပီး တရားဝင်လိုင်စင်ရှိမေ့ဆေးအထူးကုဆရာဝန်ကြီးမှ မေ့ဆေးပေးပီး ခွဲစိတ်မှုကိုပြုလုပ်စေပါမည်။ ခွဲစိတ်မှုပြုလုပ်ချိန် ပုံမှန်အားဖြင့် ၃နာရီဝန်းကျင်ကြာမြင့်မည်ဖြစ်ပီး ရင်သားအဆမတန်ကြီးလွန်းသူများတွင် ခွဲစိတ်ချိန် ပိုမိုကြာမြင့်နိုင်ပါသည်။

ခွဲစိတ်မှုမပြုလုပ်မှီ ခွဲစိတ်ဆရာဝန်မှ သင့်အား ခုံပေါ်တွင်ထိုင်လျက်အနေအထားဖြင့် ခွဲစိတ်ဖယ်ရှားမှုပြုလုပ်ရာတွင် ခွဲစိတ်ဒဏ်ရာပေးမည့် ခွဲစိတ်ဆရာဝန်မှ ရင်သားပေါ်တွင် အမှတ်အသားများ ရေးဆွဲမှတ်သားပေးပါမည်။ ခွဲစိတ်မှုပြုလုပ်ရာတွင် ခွဲစိတ်ခုတင်ပေါ်တွင် လဲလျောင်းနေစဥ် ထိုအမှတ်အသားလေးများကိုကြည့်ပီး ခွဲစိတ်မှုပြုလုပ်ပေးပါမည်။ ထိုကဲ့သို့ ထိုင်နေသည့်အနေအထားဖြင့်ပေးထားသော အမှတ်အသားလေးများအတိုင်း ခွဲစိတ်မှုပြုလုပ်ပေးခြင်းအားဖြင်း ခွဲစိတ်မှုပြုလုပ်ပီးနောက် တစ်ဖက်နှင့်တစ်ဖက်လည်းတူညီပီး ခန္ဓာကိုယ်နှင့်အချိုးကျမည့် ရလဒ်ကို ရရှိမည် ဖြစ်ပါသည်။

ခွဲစိတ်မှုပြုလုပ်ရာတွင် ခွဲစိတ်ဒဏ်ရာသည် နို့သီးကွင်းအမည်းအရွယ်အစားသေးအောင်ပြုလုပ်ရန်  နို့သီးကွင်းပတ်ပတ်လည်တွင် အဝိုင်းပုံစံဒဏ်ရာရှိနေမည်ဖြစ်ပီး ရင်သားအလည်တည့်တည့်မှ အောက်ဘက်သို့  ထောင်လိုက်ဆင်းသွားပါမည်။ ရင်သားသေးငယ်အောင်ခွဲစိတ်ပြုပြင်ရာတွင် လူနာအများစုသည် ရင်သားအောက်ဘက်၌ အလျားလိုက်ကန့်လန့်ဖြတ်ခွဲစိတ်ဒဏ်ရာပေးပီး ခွဲစိတ်မှုပြုလုပ်ရန် မလိုအပ်ပါ။ ရန်ဟီးဆေးရုံရှိ ခွဲစိတ်ဆရာဝန်ကြီးမှ ရင်သားသေးငယ်အောင်ခွဲစိတ်ပြုပြင်မှုပြုလုပ်ရာတွင် တတ်နိုင်သမျှ ခွဲစိတ်ဒဏ်ရာအမာရွတ်အသေးဆုံးဖြစ်အောင် ခွဲစိတ်မှုပြုလုပ်ပေးပါသည်။ သို့သော်လည်း ရင်သားအရွယ်အစား အဆမတန်ကြီးလွန်းသူများတွင် ရင်သားအောက်ဘက်တွင် အလျားလိုက်ခွဲစိတ်ဒဏ်ရာထပ်ပေးပီး ခွဲစိတ်ရသည့် အင်္ဂလိပ်အက္ခရာ T ပြောင်းပြန်ပုံအမာရွတ်ရှိနေပါမည်။  



ခွဲစိတ်မှုပြုလုပ်စဥ်အတောအတွင်း ဘယ်လိုတွေလုပ်ပေးလဲ

ဆက်ဖတ်ရန်

ရင်သားအရွယ်အစားသေးအောင်ခွဲစိတ်ပြုပြင်ရာတွင် ခွဲစိတ်ဆရာဝန်ကြီးသည် ပိုနေသောရင်သားအရေပြားနှင့် တစ်သျှူးများကို ဖယ်ရှားရာတွင် နို့သိီးခေါင်းနှင့် နို့သီကွင်းအမည်းကွင်းအပါအဝင် ရင်သားတစ်သျှူးများကို ဂရုတစိုက်ထိန်းသိမ်းပီး ဖယ်ရှားပေးပါသည်။ ထိုကဲ့သို့ ရင်သားအရွယ်အစားသေးအောင် အသေးစိပ်စေ့စပ်သေချာစွာ ဂရုစိုက်ခွဲစိတ်မှုပြုလုပ်ပေးခြင်းအားဖြင့် ကျန်ရှိနေမည့် ရင်သားတစ်သျှူးများ၊ နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်လည်နို့သီးကွင်းတို့ကို သွေးလည်ပတ်မှုအကောင်းဆုံး အနေအထားတစ်ခုဖြစ်အောင် ထိန်းသိမ်းထားနိုင်ပါမည်။

ခွဲစိတ်ဆရာဝန်သည် ရင်သားတစ်သျှူးများကို အတူတကွပြန်လည်စုစည်းချုပ်ပေးခြင်းအားဖြင့် ရင်သားအရေပြားနှင့် ရင်သားတစ်သျှူးများ ပြန်လည်စုပေါင်းသွားပီး အရွယ်အစားသေးငယ်သည့် ရင်သားလေးတစ်ခုဖြစ်အောင် ဖန်တီးပြုလုပ်ပေးပါမည်။ ရင်သားအရေပြားများကို ဖယ်ထုတ်လိုက်ပီးနောက် ကျန်နေသည့် ရင်သားတစ်သျှူးများကို စုစုစည်းစည်းပြန်စုချုပ်ပီးနောက် သင်အလိုရှိသည့်ရင်သားပုံစံအနေအထားလေးဖြစ်အောင်  နို့သိီးခေါင်းနှင့်နို့သီးကွင်းကိုလည်း မူလနေရာမှအထက်ဘက် ရှိသင့်သည့်နေရာသို့  ပြန်လည်နေရာချပေးပါသည်။

ခွဲစိတ်ဒဏ်ရာအားလုံးကို အလိုလျောက်ပျော်ဝင်သွားမည့် ချုပ်ရိုးများအသုံးပြုပီးချုပ်ပေးပီး ခွဲစိတ်ခန်းသုံးအနာကပ်ပလာစတာဖြင့် ကပ်ပေးပါမည်။  ခွဲစိတ်ဒဏ်ရာကို ပင့်တင်ပေးထားပီး သက်တောင့်သက်သာဖြစ်စေရန် ဂွမ်းလုံးများနှင့်ပတ်တီးစထူထူများကိုလည်း အသုံးပြုပေးပါမည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် မေ့ဆေးအရှိန်ပျယ်ပီး သတိကောင်းကောင်းရသည်အထိ ခွဲစိိတ်ပီးလူနာစောင့်ကြည့်ခန်းတွင် အနည်းဆုံးတစ်နာရီခန့်ထားပီး  အနီးကပ်စောင့်ကြည့် လိုအပ်သောကုသမှုများပေးပါလိမ့်မည်။



Recovery from Breast Reduction

Read More

Before discussing the specific aspects of breast reduction recovery, it’s important to note that every individual’s healing process is unique. It’s advisable to follow your surgeon’s post-operative instructions closely and to consult them with any concerns or questions you may have.

Returning to Work: Most individuals can return to work after 2 weeks, depending on the level of physical activity involved. It’s advisable to avoid heavy lifting, bending, straining, or pushing for the next 3 to 4 weeks. Your energy levels may take a few more weeks to fully recover.

Swelling: Expect swelling and bruising for about three to five weeks post-surgery. While you may see initial results after this period, it could take up to a year to see the complete outcome of the reduction.

Showering: You can shower the day after your surgery. Ensure all incisions are completely dry before putting on your support bra.

Recovery: To prevent blood clotting, it’s recommended to walk around a bit on the day following your surgery. Your surgeon will remove your bandages a few days after the surgery, and you’ll need to wear a surgical bra for the next couple of weeks. Stitches are typically removed about 1 to 2 weeks after the procedure.

Discomfort: Some temporary loss of feeling in your nipples or surrounding skin may occur due to swelling. However, once the swelling subsides, the feeling in your breast should return to normal.

Results: After a breast reduction, your body will appear more proportionate, and clothes will fit better, boosting your self-confidence. While most swelling should subside after a few weeks, the final shape of your breasts may not be fully realized for up to a year. Scarring will be permanent but should fade over time.

ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်

Procedure

Hospital Stay

Price (THB)

Inverted T-scar - Severe

1 Night

111,000

Round Block Mastopexy/Peri-areolar - Mild

1 Night

83,000

Breast Reduction

2 Nights

136,000

Nipple Graft (add+)

---

22,500

Nipple needs to be moved =/>25cm; weight >70 kgs (add+)

---

22,500

Breast Implant Removal

1 Night

81,000

Nipple Lift by Sutures (per side)

None

22,500

Corrective surgery (case done elsewhere?)

2 Nights

181,000

Aspiration of lymph or seroma after breast implant removal (per treatment)

---

5,500

ပထမဦးဆုံးအနေဖြင့် အလှပဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်ကြီးထံ မိမိသိရှိလိုသည့်အကြောင်းအရာများကိုသိရှိနိုင်ရန်   ကြိုတင်စုံစမ်းမေးမြန်းရန်ဖြည့်စွက်ရမည့်ပုံစံကို  ပြည့်စုံစွာဖြည့်စွက်ပေးရပါမည်။ ကျွန်ုပ်တို့၏ဆရာဝန်ကြီးများနှင့် သင့်ကိုယ်စားဆွေးနွေးတိုင်ပင်ပီးနောက် သင်၏လိုအပ်ချက် သင်ပြုလုပ်ချင်သည့်ခွဲစိတ်ပြုပြင်မှုအပေါ်မူတည်ပီး လူတစ်ဦးချင်းစီအလိုက် အကောင်းဆုံးသော အကြံပြုချက်များကိုပေးပါမည်။ လူတစ်ဦးနှင့်တစ်ဦးမတူညီသကဲ့သို့ သင်၏လိုအပ်ချက်နှင့် အံဝင်ခွင်ကျကိုက်ညီမှုအဖြစ်ဆုံးရလဒ်ရရှိရန် မည်သည့်ခွဲစိတ်ကုသမှုကို ပြုလုပ်သင့်သည်ကိုလည်း ကြိုတင်သိရှိသွားမည်။ 

ခွဲစိတ်မှုပြုလုပ်ပေးမည့် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ