+66 2 879 0300 myanmar@yanhee.net

တင်ပါးလျော့လျဲတွဲကျခြင်းကို ပြန်လည်ခွဲစိတ်ပင့်တင်ခြင်း

Butt Lift ဆိုတာဘာလဲ

Butt Lift ဆိုတာ လျော့လျဲပီးတွဲကျနေတဲ့တင်ပါးကို ပြန်လည်ပင့်တင်ပေးခြင်းပါပဲ။ တင်ပါးမှာပိုနေတဲ့ အရေပြားတွေကို ဖြတ်ထုတ်ဖယ်ရှားပေးပီးနောက် တင်ပါးကို ပြန်လည်ပုံသွင်းကာပင့်တင်ပီး ပြန်ချုပ်ပေးခြင်းအားဖြင့် ငယ်ရွယ်နုပျိုစဉ်ကအတိုင်း ပြန်ဖြစ်အောင် ခွဲစိတ်ပြုပြင်ပေးခြင်း ဖြစ်ပါသည်။ ဘရားဇီးတွင်ပြုလုပ်မှုများသည့် တင်ပါးထဲသို့ ကိုယ်ရဲ့အဆီကို ပြန်ထိုးသွင်းပီး တင်ပါးနောက်ဘက်သို့  ကောက်ထွက်သွားအောင် ပြုလုပ်ပေးခြင်းဖြင့် တင်ပါးကိုပြန်လည်ပင့်တင်ပေးခြင်း မဟုတ်ပါ။ Butt Lift ပြုလုပ်ပြီးနောက် ဖြစ်တတ်သည့်ဆိုးကျိုးတစ်ခု ရှိသေးသည်။ တင်ပါးအရေပြားများ တွဲကျလွန်းသဖြင့် ဖြတ်ထုတ်ဖယ်ရှားပေးပီးနောက် တင်ပါးကို ပြန်လည်ပင့်တင်ပေးရာတွင် တင်ပါးအလွန်ပြားသွားတတ်ပါသည်။ တင်ပါးပြန်လည်ပင့်တင်ခြင်းပြုလုပ်ရာတွင် တင်ပါးဆီလီကွန်ထည့်ခြင်းကို ပူးတွဲလုပ်ဆောင်သင့်ပါသည်။

Butt Lift ပြုလုပ်ပီး ရရှိလာမယ့်ကောင်းကျိုးတွေက ဘာတွေလဲ
Butt Lift သည် ပေါင်ထိပ်အရင်းရှိ တင်ပါးအရေပြားများ လျော့လျဲတွဲကျနေသောသူများအတွက် ပြုလုပ်သင့်သည့် ခွဲစိတ်ပြုပြင်မှုတစ်ခု ဖြစ်ပါသည်။ ကိုယ်အလေးချိန် သိသိသာသာကျခြင်း၊ အသက်အရွယ် တဖြည်းဖြည်း ကြီးလာခြင်းတို့ကြောင့် တင်ပါးအရေပြားများ သိသိသာသာလျော့လျဲတွဲကျလာပီး တင်ပါးပုံစံပျက်လာသောအခါ လျော့လျဲတွဲကျနေသော အရေပြားများကို ဖြတ်ထုတ်ဖယ်ရှားပစ်ပီး၊ တင်ပါးကို ပုံမှန်အနေအထားဖြစ်အောင် ပုံစံချပေးရာတွင် Butt Lift ပြုလုပ်ရပါမည်။ ဖြတ်ထုတ်လိုက်မည့် အရေပြားထဲတွင် Celluliteများလည်း ပါဝင်သွားမည်ဖြစ်သောကြောင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် cellulite များလျော့နည်းသွားက တင်ပါးပုံစံလည်း ပိုမိုလှပသွားမည်။ Butt Lift ပြုလုပ်ရာတွင် တင်ပါးရှိ ပိုပီးတွဲကျနေသော အရေပြားနှင့်အဆီများကို အတိုင်းတာတစ်ခုထိ ဖယ်ရှားပေးနိုင်သော်လည်း အဆီများအရမ်းများနေပါက အဆီပိုများလုံးဝပျောက်သွားအောင် မဖယ်ရှားပေးနိုင်ပါ။ ထို့ကြောင့် ခွဲစိတ်မှုမပြုလုပ်ခင် ကိုယ်အလေးချိန် တတ်နိုင်သမျှလျှော့ချထားရမည်။

ဘယ်သူတွေ Butt Lift ပြုလုပ်ဖို့သင့်တော်မလဲ

Butt Lift ပြုလုပ်နိုင်မည့်သူများမှာ ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းမွန်ပီး ဆေးလိပ်မသောက်သူများ ဖြစ်ရမည်။ အစားအသောက်လည်း ပုံမှန်ထိန်းနိုင်ပီး ကိုယ်အလေးချိန် အရမ်းများလွန်းသောသူများ မဖြစ်ရပါ။ ထို့အပြင် လူနာအနေဖြင့် မိမိ၏အနေအထားအရ ခွဲစိတ်မှုပြုလုပ်ပီးနောက် ရရှိလာမည့်အခြေအနေကို လက်ခံနိုင်ရမည်ဖြစ်သည်။

Butt Lift မပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ပုံမှန်အားဖြင့် ခွဲစိတ်ကုသမှုမပြုလုပ်မှီ လူနာ၏ကျန်းမာရေးအခြေအနေများကို သိရှိနိုင်ရန် လိုအပ်သော သွေးစစ်ဆေးမှုများ ပြုလုပ်ရပါမည်။ ခွဲစိတ်ကုသမှုအပြုလုပ်ခင် အနည်းဆုံး ၂ပတ်အတွင်း သွေးကြဲစေသောဆေးဝါးများ၊ အားဖြည့်စာများ၊ အရောင်လျော့ဆေးများ၊ ဟော်မုန်းဆေးများစသော ဆေးဝါးများကို ကြိုတင်ရပ်ထားရပါမည်။ ဆေးလိပ်သောက်နေသောလူနာများ ခွဲစိတ်မှုမပြုလုပ်မှီ ဆေးလိပ်ကြိုတင်ဖြတ်ထားရပါမည်။

Butt Lift ပြုလုပ်ပီးနောက် ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ

ခွဲစိတ်မှုတိုင်းအတွက် ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲပြသနာများ ရှိတတ်စမြဲပင်။ Butt Lift ပြုလုပ်ပီးနောက်ပိုင်းတွင်လည်း နောက်ဆက်တွဲပြသနာများ ဖြစ်တတ်သည်။ ၄င်းတို့မှာ

ခွဲစိတ်ဒဏ်ရာ အမာရွတ်ဖြစ်ခြင်း၊

သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးရည်ကြည်စုခြင်း၊ 

အရေပြားဆဲလ်များသေခြင်း၊

အနာကျက်နှေးခြင်း သို့မဟုတ် ခွဲစိတ်ဒဏ်ရာပွင့်သွားခြင်း

သွေးခဲခြင်း

မေ့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများရှိခြင်း

သွေးကြောထုံးခြင်း

အဆုတ်နှင့် နှလုံးပြသနာများဖြစ်တတ်ခြင်း

အမြဲတမ်းရောင်ရမ်းမှုရှိနေခြင်း သို့မဟုတ် အရည်ကြည်များစုပုံနေခြင်း

အမြဲတမ်းနာကျင်မှုရှိနေခြင်း

အရေပြားအာရုံခံစားမှုလျော့နည်းခြင်း သို့မဟုတ် လုံးဝမရှိခြင်း

တစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း

ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း အရေပြားများပြန်လည်တွဲကျတတ်ခြင်း စသည်တို့ဖြစ်ပါသည်။

ခွဲစိတ်မှုပြုလုပ်ပီးနောက် အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုံနှုန်းပုံမှန်မဖြစ်ခြင်း၊ သွေးထွက်လွန်ခြင်းနှင့် အခြားသောပုံမှန်မဟုတ်သည့် လက္ခဏာတစ်ခုခုဖြစ်ပါက ခွဲစိတ်ဆရာဝန်ကို ချက်ချင်းပြန်လာပြရပါမည်။

Butt Lift ဘယ်လိုလုပ်မလဲ

မေ့ဆေးအသုံးပြုခြင်း

Butt Lift ပြုလုပ်ရာမှာ မေ့ဆေးကိုအသုံးပြုမှာ ဖြစ်တဲ့အတွက် ခွဲစိတ်မှုပြုလုပ်နေစဉ်တစ်လျှောက်လုံး အိပ်ပျော်နေမှာဖြစ်ပီး နာကျင်မှုလည်းရှိမှာမဟုတ်ပါ။ Butt Lift ဟာ မေ့ဆေးအသုံးမပြုလိုပါက ထုံဆေးနှင့်အိပ်ဆေးကို ပေါင်းစပ်အသုံးပြုပီး ခွဲစိတ်မှုပြုလုပ်လို့ရတဲ့အတွက် ခွဲစိတ်မှုပြုလုပ်ရာမှာ မေ့ဆေးသုံးမလား အိပ်ဆေးထုံဆေးသုံးမလား ကြိုက်နှစ်သက်သလို ရွေးချယ်ပြုလုပ်နိုင်ပါသေးတယ်။

ခွဲစိတ်ဒဏ်ရာကို ဘယ်မှာပေးမလဲ

Butt Lift ပြုလုပ်ရာမှာ အရေပြားအပိုတွေ ဘယ်လောက်တွဲကျနေမယ် အဲ့ဒီပိုနေတဲ့အရေပြားက တင်ပါးရဲ့ဘယ်အပိုင်းမှာ ပိုတာများနေမယ်စတဲ့ လူနာရဲ့အနေအထားကိုမူတည်ပီး ခွဲစိတ်ဒဏ်ရာ ဘယ်နားမှာရှိနေမလဲဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူနာတွေမှာ တင်ပါးရဲ့အပေါ်ပိုင်း ဘီကီနီလိုင်းတစ်လျှောက်မှာ အပေါ်ယံအရေပြားကိုခွဲစိတ်ပီး ပိုနေတဲ့အရေပြားတွေကို ဖယ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်နဲ့ သင့်ကိုခွဲစိတ်မှုပြုလုပ်ပေးမယ့်ဆရာဝန်မှ အကောင်းဆုံးအနေအထားကို ရရှိစေဖို့အတွက် ဘယ်နည်းနဲ့ခွဲစိတ်မယ် ဘယ်နေရာမှာ ခွဲစိတ်မယ်ဆိုတာကို သေသေချာချာ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အရေပြားအပိုတွေဖြတ်ပီး ကျန်နေတဲ့အရေပြားကို သေသေချာချာပြန်ပီးနေရာချပေးမယ်။ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ပိုပီးတွဲကျနေတဲ့အရေပြားတွေကို ဖယ်ရှားပေးပီးနောက် ကျန်နေတဲ့အရေပြားတွေကို နေရာတကျပြန်ပီးနေရာချကာ သေသေချာချာပြန်ချုပ်ပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီးနောက်မှာ ခွဲစိတ်ဒဏ်ရာကို သေသေသပ်သပ်ပြန်ချုပ်ပေးပီး ခွဲစိတ်ဒဏ်ရာပွင့်သွားခြင်း၊ ဟ သွားခြင်းမဖြစ်အောင် အနာကပ်တိပ်နဲ့ သေသေချာချာကပ်ပေးမယ်။ ဒါ့အပြင် လိုအပ်ပါက အနာပွင့်မသွားအောင် ချိတ်ကလေးတွေနဲ့ပါ ချိတ်ဆက်ပေးထားမှာဖြစ်ပါတယ်။ ခွဲစိတ်ဒဏ်ရာကိုလည်း သေသေချာချာဆေးထည့်ပေးပီး ပတ်တီးဖြင့်စည်းပတ်ပေးထားပါမယ်။ ဒဏ်ရာတစ်ဝိုက် သွေးရည်ကြည်များစုပုံနေပီး ရောင်ရမ်းမှုလျော့နည်းစေရန် သားငန်ရည် စိမ့်ထွက်နိုင်အောင် ပိုက်သေးသေးလေးတစ်ခု အရေပြားအောက်မှာ ယာယီထည့်ပေးထားမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် လူနာနားနေခန်းသို့  ချက်ချင်းပြန်မပို့သေးပဲ ခွဲစိတ်ပီးလူနာများ စောင့်ကြည့်ခန်းသို့ပို့ပေးပီး လူနာပုံမှန်အခြေအနေရောက်မှသာ လူနာနားနေရမည့်အခန်းသို့  ပြန်ပို့ပေးပါမည်။ ခွဲစိတ်မှုပြုလုပ်ပီး ၂၄နာရီအတွင်း မိမိအနားတွင် လိုအပ်သည်များကူညီပေးရန် လူနာစောင့်တစ်ဦးရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။ Butt Lift သည် အခြားသော အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုများဖြစ်သည့် ရင်သားပင့်တင်ခြင်း၊ ဝမ်းဗိုက်အရေပြားများဖြတ်ထုတ်ခြင်း၊ ပေါင်အရေပြားတင်းအောင် ခွဲစိတ်မှုပြုလုပ်ခြင်း၊ လက်မောင်းအရေပြားတင်းအောင် ခွဲစိတ်မှုပြုလုပ်ခြင်း သို့မဟုတ် အဆီပိုများစုပ်ထုတ်ခြင်း စသည်တို့နှင့်အတူ တစ်ချိန်တည်း ပူးတွဲပြုလုပ်လေ့ရှိသည့် ခွဲစိတ်မှုတစ်ခုလည်း ဖြစ်ပါသည်။

ခွဲစိတ်မှုပြုလုပ်ပီး ပုံမှန်အနေအထားကို ဘယ်လိုပြန်ရောက်မလဲ

ခွဲစိတ်မှုပြုလုပ်ပီး ပထမ တစ်ပတ်အတွင်း မထိုင်ရပါ။ အများအားဖြင့် ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ်ကြာပီးမှသာ ပုံမှန်အလုပ်များကို ပြန်လုပ်နိုင်ပါမည်။ သို့သော် အချိန်ကြာမြင့်စွာ ထိုင်ခြင်းကို ရှောင်ရပါမည်။ ပြင်းပြင်းထန်ထန် အားစိုက်ရမည့် အလုပ်များကို ခွဲစိတ်မှုပြုလုပ်ပီး ၄ပတ်မှ ၆ပတ်ထိရှောင်ရပါမည်။ ခွဲစိတ်ဒဏ်ရာကိုထိခိုက်ခြင်း ပွတ်တိုက်မိခြင်း၊ ခွဲစိတ်ဒဏ်ရာကိုဖိမိခြင်းများ လုံးဝမဖြစ်အောင် ဂရုစိုက်ရန် အလွန်အရေးကြီးသည်။ အခြားသောခွဲစိတ်မှုများကဲ့သို့ပင် လူတစ်ဦးတစ်ယောက်စီ၏ ကျန်းမာရေးအနေအထား၊ ခွဲစိတ်မှုပြုလုပ်ရာတွင် အသုံးပြုမည့်ခွဲစိတ်မှုနည်းလမ်းနှင့် အခြားအကြောင်းရင်းများကြောင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်ပါဆောင်ရွက်ရန် အလွန်ပင် အရေးကြီးပါသည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် မခံမရပ်နိုင်အောင် နာကျင်ခြင်းနှင့် နာကျင်မှုပျောက်မသွားပဲ အမြဲဖြစ်နေပါက ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ၄ပတ်မှ ၆ပတ်အတွင်း ရောင်ရမ်းမှု သိသိသာသာ လျော့နည်းသွားမည် ဖြစ်သော်လည်း လုံးဝပုံမှန်ပြန်ရောက်မည့်အနေအထားကို ခွဲစိတ်မှုပြုလုပ်ပီး ၁နှစ်ကြာသောအခါ တွေ့ရမည်ဖြစ်ပါသည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ကိုယ်အလေးချိန် အလွန်အမင်းကျသွားခြင်း တက်သွားခြင်းမရှိပါက ခွဲစိတ်မှုပြုလုပ်ပီးအခြေအနေကို တာရှည်ခံအောင် ထိန်းထားနိုင်ပါမည်။ အခြားတစ်ဖက်မှကြည့်လျှင်လည်း အသက်အရွယ်ကြီးရင့်လာခြင်း၊ ကမ္ဘာမြေကြီးဆွဲအားအလိုက် ပြောင်းလဲလာသော အခြေအနေများကြောင့် ဖြစ်ပေါ်လာမည့် တင်ပါးအရေပြားများ တင်းတင်းရင်းရင်းမရှိပဲ ပြန်လည်လျော့လာနိုင်မည့် အနေအထားကိုလည်း မေ့ထားလို့မရပါ။ ခွဲစိတ်မှုပြုလုပ်ရာတွင် ရေကူးဝတ်စုံဝတ်ရာတွင် ခွဲစိတ်ဒဏ်ရာတတ်နိုင်သမျှ မမြင်ရအောင် ခွဲစိတ်ဆရာဝန်မှ သေသေချာချာ ချုပ်ပေးမည်ဖြစ်ပါသည်။ သို့ပါသော်လည်း ခွဲစိတ်ဒဏ်ရာမှာ လုံးဝပျောက်မသွားပါ။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းမှေးမှိန်လာမည်ဖြစ်ပီး ခွဲစိတ်ပီး ၂နှစ်ကြာသောအခါ လုံးဝသတိမထားနိုင်မည့် အနေအထားသို့  ရောက်ရှိသွားပါမည်။

Butt Lift ပြုလုပ်ရန် ကုန်ကျစရိတ်

စုစုပေါင်းကျသင့်မည့် ကုန်ကျစရိတ်ထဲတွင် ခွဲစိတ်ဆရာဝန်ခ၊ မေးဆေး၊ ဓာတ်ခွဲခန်းကြေး၊ သောက်ရမည့်ဆေးဝါးများနှင့် ဆေးရုံ ၂ညအိပ်အတွက် အပီးအစီးဖြစ်ပါသည်။

ခွဲစိတ်မှုအမည်           ကုန်ကျစရိတ်

Butt Lift                   ဘတ် ၁၁၀၀၀၀ ( ဆေးရုံ ၂ညအိပ်အပါအဝင်)

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

10 + 2 =