တင်ပါးအလှခွဲစိတ်ပြုပြင်ခြင်း
ဆီလီကွန်အသုံးပြုပီး တင်ပါးအလှခွဲစိတ်ပြုပြင်ခြင်း (Buttock Implant)
အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ခန္ဓာအချိုးအစား လှပပြေပြစ်ဖို့အတွက် တင်ပါးအလှကလည်း အထူးပင်အရေးကြီးလှပါတယ်။ တင်းပါးလေးသေးသေးလေးဖြစ်ပီး ဘေးဘက်တွေမှာလည်း ပြားနေမယ်ဆိုရင် ကြည့်လို့မလှမပ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တင်ပါးလေးပြည့်ပြည့်ဝဝလေး လုံးလုံးကောက်ကောက်လေး ဖြစ်နေဖို့အတွက် ရန်ဟီးဆေးရုံမှာ ဆီလီကွန်အစားထိုး တင်ပါးအလှ ခွဲစိတ်ပြုပြင်ခြင်းဟာ အကောင်းဆုံးပါပဲ။
Buttock Implant ဆိုတာဘာလဲ
ဆီလီကွန်အစားထိုးပီး တင်သားအလှ ခွဲစိတ်ပြုပြင်ခြင်းဆိုတာ တင်းပါးကို လုံးလုံးပြည့်ပြည့်ကလေးနဲ့ နောက်ဘက်ကို ကောက်ထွက်နေပီး ကိုယ်ခန္ဓာနဲ့ အချိုးကျလိုက်ဖက်သွားအောင် ပြုလုပ်ပေးမယ့် ခွဲစိတ်ပြုပြင်မှုတစ်ခုပါပဲ။ ခွဲစိတ်ပြုပြင်ပီးနောက်ပိုင်းမှာတော့ တင်ပါးအရွယ်အစားလည်း ကြီးသွားမယ်။ တစ်ဖက်နဲ့တစ်ဖက်လည်းညီသွားမယ်။ ဒါ့အပြင် တင်ပါးရဲ့ပုံစံလေးလည်း ပြောင်းသွားမှာဖြစ်ပီး သင့်ရဲ့ကိုယ်ခန္ဓာနဲ့ ပိုမိုလိုက်ဖက်ညီသွားမှာဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ရာမှာ ဆီလီကွန်နဲ့ပြုလုပ်ထားတဲ့ တင်သားအတုကို အသုံးပြုမှာဖြစ်ပီး တင်ပါးထဲသို့ ခွဲစိတ်ပီးထည့်ပေးမှာ ဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ တင်သားဆီလီကွန် ထည့်ပေးခြင်းဖြင့် တင်ပါးနောက်ဘက်ကို ကောက်ထွက်သွားမှာ ဖြစ်ပါတယ်။
တင်သားခွဲစိတ်အလှပြင်ဖို့အတွက် အသုံးပြုမယ့်ဆီလီကွန်တွေဟာ နူးညံ့မှုရှိပါတယ်။ သို့သော် တင်သားအတွက်အသုံးပြုမယ့် ဆီလီကွန်ဟာ ရင်သားအလှပြင်ရာမှာ သုံးတဲ့ဆီလီကွန်တွေထက် ပိုမိုအကြမ်းခံမှာဖြစ်ပီး အတတ်နိုင်ဆုံးပေါက်ထွက်ခြင်း ဖြစ်ပွားမှုနည်းအောင် ဖန်တီးပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ရာမှာ မြီးညှောင့်ရိုးပေါ်ကနေ ခွဲစိတ်ဒဏ်ရာ သေးသေးကလေးပေးပီး ဆီလီကွန်ကို တင်သားထဲကို သေသေချာချာ ကျကျနနထည့်ပေးပီး သဘာဝအတိုင်းလှပနေအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မိမိရဲ့ တင်သားအနေအထားကိုမူတည်ပီး ကြွက်သားထဲမှာထည့်ရမလား ကြွက်သားအောက်ဘက်မှာ ထည့်ရမလားဆိုတာလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်း
ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တဲ့အခါ ခွဲစိတ်ဆရာဝန်ကနေ သင့်ရဲ့တင်ပါးအနေအထားအရ ခွဲစိတ်မှုပြုလုပ်ပီးတဲ့အခါမှာ ဘယ်လိုအနေအထားရမယ် သင့်အနေနဲ့လည်း ခွဲစိတ်မှုပြုလုပ်ပီးနောက် သင်ဖြစ်စေချင်တဲ့ဆန္ဒ သင်ဖြစ်စေချင်တဲ့ပုံစံတွေကို ဘယ်လိုဆိုတာကို ခွဲစိတ်ဆရာဝန် သေသေချာချာ ပြောပြေရပါမယ်။
တင်သားအလှပြင်ဖို့ ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာ ရွေးချယ်စရာ ဆီလီကွန်အရွယ်အစား အမျိုးမျိုးရှိပါတယ်။ အကောင်းဆုံးအနေအထားကို ရရှိဖို့အတွက် ဆီလီကွန်အရွယ်အစား ဘယ်လောက်ထည့်ရမယ်ဆိုတာကို ရွေးချယ်ရာမှာ ကိုယ့်ရဲ့တင်အရွယ်အစား ခန္ဓာကိုယ်အနေအထားစတဲ့အချက်တွေကို အဓိကထားပီးရွေးချယ်ရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာ ဘယ်နေရာကနေခွဲမယ်၊ ထည့်မယ့်ဆီလီကွန်ကို ဘယ်နေရာမှာထည့်ရမယ်၊ သုံးမယ့်ဆီလီကွန်အမျိုးစားက ဘယ်အမျိုးအစားဖြစ်မလဲ စတဲ့အကြောင်းအရာတွေအားလုံးကို ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတဲ့အခါ သေသေချာချာ မေးမြန်းရမှာဖြစ်ပါတယ်။
ခွဲစိတ်မှုနဲ့ပက်သက်ပီး မိမိသိလိုတဲ့မေးခွန်းတွေအားလုံးကိုမေးဖို့ လုံးဝမမေ့သင့်ပါ။ မိမိသိချင်တဲ့ အချက်အလက်တွေလည်းသိရှိပီး၊ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း ဖြစ်နိုင်တဲ့နောက်ဆက်တွဲ ပြသနာတွေ၊ ခွဲစိတ်မှုကြောင်ရရှိလာမည့် အကျိုးကျေးဇူးတွေအားလုံးကို သိရှိပီးနောက် ခွဲစိတ်မှုပြုလုပ်ဖို့အတွက် ဆုံဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။
တင်သားဆီလီကွန်ကို ဘယ်လိုထည့်ပေးမလဲ
ခွဲစိတ်မှုပြုလုပ်ရာမှာ ခွဲစိတ်ဒဏ်ရာပေးလို့ရတဲ့ နေရာတွေကတော့ ပေါင်ရဲ့ထိပ်ဘက် တင်ပါးရဲ့အောက်ဖက်ပိုင်း တင်ပါးနဲ့ပေါင်အစပ်ကနေရလေးမှာ ခွဲစိတ်ဒဏ်ရာကလေးပေးပီး ဆီလီကွန်ကိုထည့်ပေးလို့ရပါတယ်။ ဒီနေရာကနေခွဲစိတ်ပီး ဆီလီကွန်ထည့်ပေးမယ်ဆိုရင် ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ခွဲစိတ်ဒဏ်ရာကိုလည်း တွေ့မြင်ရမှာမဟုတ်ပါ။ သို့ပေမယ့် ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ခွဲစိတ်ဒဏ်ရာပိုးဝင်ခြင်း ပိုဖြစ်တတ်ပါတယ်။
ဆီလီကွန်ထည့်ပေးဖို့အတွက် တင်ပါးကြွက်သားထဲမှာ ထည့်မယ့်ဆီလီကွန်အရွယ်အစား ဝင်ဆံ့နိုင်လောက်မယ့် အိပ်လေးတစ်ခုကို အရင်ဆုံဖန်တီးပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် တင်သားဆီလီကွန်ကို တင်ပါးကြွက်သားထဲ သို့မဟုတ် ကြွက်သားအောက်ဘက်မှာ ဖန်တီးပြုလုပ်ထားတဲ့ အိပ်ကလေးထဲကို ထည့်ပေးမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ တင်ပါးကို ဆီလီကွန်ထည့်ပေးရင်းနဲ့ ပိုနေတဲ့အဆီတွေရှိရင်လည်း အဆီစုပ်ထုပ်ခြင်းကို တွဲပီးပြုလုပ်ပေးရတာမျိုးလည်း ရှိပါတယ်။
တင်ပါးတစ်ဖက်ကို ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ နောက်တစ်ဖက်ကိုပြုလုပ်မှာ ဖြစ်ပါတယ်။ တင်ပါးတစ်ဖက်နဲ့တစ်ဖက်ကို တတ်နိုင်သမျှ အရွယ်အစား ပုံစံတူအောင်ပြုလုပ်ပေးမှာဖြစ်ပီး ခွဲစိတ်ပီးနောက်ပိုင်းမှာတော့ ခွဲစိတ်ဒဏ်ရာကို ပြန်ချုပ်ပေးးမှာ ဖြစ်ပါတယ်။
တင်ပါးဆီလီကွန်ထည့်ဖို့အတွက် ခွဲစိတ်မှုပြုလုပ်ချိန် ၂နာရီမှ ၃နာရီထိကြာမြင့်ပါတယ်။ ထည့်ပေးမယ့် ဆီလီကွန်ထားမယ့်အနေအထား၊ အသုံးပြုမယ့်နည်းလမ်း၊ ခွဲစိတ်မှုပြုလုပ်မယ့်လူရဲ့ တင်ပါးရဲ့အနေအထား၊ ခွဲစိတ်မှုပြုလုပ်ရာမှာ အသုံးပြုမယ့်မေ့ဆေးအမျိုးအစား စတဲ့အရာတွေကိုမူတည်ပီး ခွဲစိတ်မှုပြီးမြောက်ရန် ကြာမယ့်အချိန်ကလည်း ပြောင်းလဲနိုင်ပါတယ်။
တင်သားဆီလီကွန်ထည့်ပီး ဘာတွေရုစိုက်ရမလဲ
ခွဲစိတ်ကုသမှုပြုလုပ်ပီးနောက်ပိုင်း ခွဲစိတ်ဒဏ်ရာကို ပတ်တီးဖြင့်တင်းကြပ်စွာ စည်းပတ်ပေးထားမှာဖြစ်ပီး ခွဲစိတ်ပီး ၂ရက်မှ ၄ရက်ကြာသောအခါ ပတ်တီးဖြည်ပေးမှာဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်တဲ့အခါ တင်ပါးမှာရှိတဲ့ကြွက်သားတွေကို လွှာပစ်ရတဲ့အတွက် နာကျင်မှုရှိနေမှာဖြစ်ပါတယ်။ အထူးသဖြင့် ဆီလီကွန်ကို တင်ပါးကြွက်သားအလွှာရဲ့ အောက်ဘက်မှာ ထည့်ရတဲ့အခါ ပိုပီးနာကျင်မှုရှိတတ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီး ၄၈နာရီအတွင်း သိသိသာသာနာကျင်မှု ရှိနိုင်ပီး တဖြည်းဖြည်းသက်သာလာပါမည်။ ခွဲစိတ်မှုပြုလုပ်ပီး နာကျင်မှုသက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေးများလည်း ပေးထားမှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီး နာကျင်မှု ရောင်ရမ်းမှုတွေထက် ခွဲစိတ်မှုပြုလုပ်ပီးရလာတဲ့ တင်ပါးအနေအထားကို ကြိုက်နှစ်သက်မှုရှိကြတယ်ဆိုတာကိုတော့ လူနာအများစုပြောကြတာများပါတယ်။
ခွဲစိတ်မှုပြုလုပ်ပီး အနည်းဆုံး ၂၄နာရီကတော့ ခုတင်ပေါ်မှာပဲ နေရမှဖြစ်ပါတယ်။
ခွဲစိတ်မှုလုပ်ပီး ပုံမှန်အခြေအနေ တဖြည်းဖြည်းပြန်ရောက်ချိန်မှာ ဘယ်လိုဖြစ်နေမလဲ
တင်းပါးတွေဟာ လမ်းလျှောက်တဲ့အခါ၊ ထိုင်တဲ့အခါနဲ့ တခြားလှုပ်ရှားမှုတွေပြုလုပ်ရတဲ့အခါ လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အလျောက် အနာကောင်းစွာမကျက်ခင်မှာတော့ လှုပ်ရှားမှုပြုလုပ်တဲ့အခါတိုင်းမှာ တင်ပါးကနေ နာကျင်မှုရှိနေမှာဖြစ်ပီး၊ ခွဲစိတ်မှုပြုလုပ်ပီး အနာကျက်တဲ့အချိန်ကလည်း အခြားနေရာတွေကို ခွဲစိတ်ပြုပြင်တဲ့အခါ အနာကျက်ချိန်ထက် ပိုပီးကြာမြင့်တတ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပီး နာကျင်ကိုက်ခဲ့မှုလျော့နည်းပီး သက်တောင့်သက်သာဖြစ်စေဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေ ပေးထားမှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီး ၅ ရက်မှ ၇ရက်ကြာတဲ့အခါမှာ ပိုပီးလှုပ်ရှားရလွယ်လာတာ နာကျင်မှုတွေပိုသက်သာလာတာ ထိုင်ရတာလည်း တဖြည်းဖြည်း ပိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။
တင်သားဆီလီကွန်ထည့်ပီးနောက်ပိုင်း ရောင်ရမ်းမှုတွေတဖြည်းဖြည်းလျော့နည်းလာပီး အနာညိုမည်းစွဲနေခြင်းတွေလည်း ပျောက်သွားတာကိုကြည့်ခြင်းအားဖြင့် သင့်ပုံမှန်ပြန်ဖြစ်မယ့်အခြေအနေကို တဖြည်းဖြည်းရောက်လာတော့မှာ ဖြစ်တဲ့အကြောင်းသိရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) တင်သားဆီလီကွန်ထည့်ပီးနောက်ပိုင်းမှာ လုံလုံလောက်လောက်အနားယူဖို့ အရေးကြီးပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို အချိန်မှန်မှန် တိတိကျကျသောက်ပေးရမယ်။ ဒါ့အပြင် ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း အားပြည့်စေမယ့်အစားတွေ အရည်တွေကို လုံလုံလောက်လောက် စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။
( ၂) တင်သားဆီလီကွန်ထည့်ပီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါ့ပေါ့ပါးပါးအလုပ်လေးတွေပဲ ရွေးချယ်ပြုလုပ်သင့်ပါတယ်။ ပြင်းပြင်ထန်ထန်လုပ်ရတဲ့ အလုပ်တွေကိုတော့ ဆရာဝန်ညွှန်ကြားတဲ့အချိန်ထိ ရှောင်ရမှာဖြစ်ပါတယ်။
(၃) ခွဲစိတ်မှုပြုလုပ်ပီး တစ်ပတ်ကနေ ၁၀ရက်လောက်ကြာတဲ့အခါမှာတော့ ခွဲစိတ်ဒဏ်ရာချုပ်ရိုးဖြည်ဖို့အတွက် ဆေးရုံကိုပြန်လာပြရပါမယ်။ ခွဲစိတ်ပီးရောင်ရမ်းမှုကတော့ ရက်သတ္တပတ် တော်တော်များများ ဖြစ်နေတတ်ပါတယ်။ ရောင်ရမ်းမှုလျော့ကျလာတာနဲ့အမျှ ခွဲစိတ်မှုရဲ့ရလဒ်ကို တဖြည်းဖြည်းမြင်တွေ့လာရမှာပါ။
ခွဲစိတ်မှုပြုလုပ်ပီး တစ်လမှ နှစ်လကြာပီးနောက် နာကျင်မှုသက်သာသွားတဲ့အခါမှာ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းများ အလုပ်များကို ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်တဲ့နည်းလမ်း၊ ဆီလီကွန်ထည့်ပေးမယ့်နေရာ၊ မိမိနေ့စဉ်လုပ်နေကျ အလုပ်တွေရဲ့ အနေအထားကိုမူတည်ပီး အနာကျက်တဲ့ကြာချိန်လည်း မတူညီနိုင်ပါဘူး။
တင်သားဆီလီကွန်ထည့်ရာတွင် ထပ်မံသိရှိသင့်သည့်အချက်များ
တင်သားဆီလီကွန်ထည့်ပီးနောက်ပိုင်းမှာ ဆီလီကွန်နေရာရွေ့သွားခြင်းဖြစ်နိုင်ပီး တင်ပါးအချိုးအစားမလှမပ ဖြစ်စေတတ်ပါတယ်။ သို့ပါသော်လည်း အများအားဖြင့် တင်ပါးဆီလီကွန်ထည့်ပီး ဆီလီကွန်ကိုထိုင်တဲ့အခါ ကြမ်းပြင်နဲ့ထိနေမယ့်နေရာရဲ့ အပေါ်ဖက်မှာထည့်ပေးထားတာ ဖြစ်တဲ့အတွက် ဆီလီကွန်နေရာလွဲသွားခြင်း အဖြစ်နည်းပါးတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ ဆီလီကွန်စိမ့်ထွက်ခြင်း၊ ပေါက်ထွက်ခြင်းဖြစ်တတ်ပါသေးတယ်။ သို့ပေမယ့် ဆီလီကွန်ပေါက်ခြင်း၊ စိမ့်ထွက်ခြင်း အလွန်ကိုအဖြစ်နည်းပါတယ်။
ခွဲစိတ်မှုတိုင်းမှာ ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေရှိတတ်စမြဲပါ။ တင်ပါးဆီလီကွန်ထည့်ပီးနောက်ပိုင်း ဖြစ်တတ်တဲ့ဆိုးကျိုးတွေကတော့ အနာပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ခွဲစိတ်ရာမှာအသုံးပြုတဲ့ မေ့ဆေးများ၏ဆိုးကျိုးများဖြစ်ခြင်း၊ ရရှိလာတဲ့အနေအထားကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ လိုအပ်ပါထပ်မံခွဲစိတ်ပြုပြင်ရန်လိုအပ်ခြင်းတွေပဲ ဖြစ်ပါတယ်။
တင်သားဆီလီကွန်ထည့်ရန် ကုန်ကျစရိတ်
ခွဲစိတ်မှုအမည် ကုန်ကျစရိတ်
တင်သားဆီလီကွန်ထည့်ခြင်း ဘတ် ၁၅၀၀၀၀ ( ဆေးရုံ ၃ညအိပ် အပါအဝင်)
အမေးများသော မေးခွန်းများနှင့် အဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေချိန်မှာ သတိရနေမှာလား
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်တဲ့အခါ မေ့ဆေးကိုအသုံးပြုမှာ ဖြစ်တဲ့အတွက် ခွဲစိတ်မှုပြုလုပ်နေချိန် တစ်လျှောက်လုံး လုံးဝအိပ်ပျော်နေမှာဖြစ်ပါတယ်။
မေးခွန် ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘန်ကောက်မှာ အချိန်ဘယ်လောက်ကြာအောင်နေရမလဲ
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံ ၃ရက်တက်ရမှာဖြစ်ပီး၊ ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်မှ ၁၀ရက်ကြာတဲ့အခါမှာတော့ ချုပ်ရိုးဖြည်ဖို့အတွက် ဆေးရုံပြန်လာပြရမှာဖြစ်ပါတယ်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း အခြေအနေက ဘယ်လိုရှိနေမလဲ
အဖြေ ၃ ဆေးရုံတက်နေတဲ့အချိန် ၃ရက်လုံး ဝမ်းလျားမှောက်လျက်အနေအထားနဲ့ အိပ်ရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီး ၄ရက်မြောက်နေ့မှာတော့ သူနာပြုတွေရဲ့ အကူအညီနဲ့ တင်ပါးကိုအနည်းငယ်အားပြုပီး ထိုင်နိုင်မှာဖြစ်ပါတယ်။ ခွဲစိတ်ပီး ၇ရက်မြောက်နေ့ကျမှ တင်ပါးကိုလုံဝအားပြုပီး ထိုင်နိုင်မှာဖြစ်ပါတယ်။
မေးခွန်း ၄ ခွဲစိတ်ပီးနောက် ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ဘယ်လောက်ကြမလဲ
အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီး ပထမပိုင်း ၂ ပတ်မှ ၃ ပတ်အတွင်း ခွဲစိတ်ဒဏ်ရာ ရောင်ရမ်းနေမယ်။ အသားတွေ အညိုမည်းစွဲနေသလို မည်းမည်းကြီးတွေဖြစ်နေတတ်ပီး တဖြည်းဖြည်း ပျောက်ကင်းသွားမှာဖြစ်ပါတယ်။ ခွဲစိတ်ဒဏ်ရာ လုံးဝပုံမှန်အနေအထားပြန်ဖြစ်ဖို့အတွက်တော့ ခွဲစိတ်ပီး ၆လကနေ ၁နှစ်ထိ ကြာတတ်ပါတယ်။
မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း ဘယ်လိုနောက်ဆက်တွဲပြသနာတွေ ဖြစ်တတ်သလဲ
အဖြေ ၅ ခွဲစိတ်ပီးနောက် အနာသွေးထွက်ခြင်း၊ အသုံးပြုမည့် မေးဆေး၏ဆိုးကျိုးများရှိခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ ဆီလီကွန်မာခြင်း၊ တင်းပါးနှင့်ဘေးပတ်လညးကြွက်သားများတွန်းဖိခြင်းကြောင့် ဆီလီကွန်နေရာလွဲသွားခြင်း၊ ခွဲစိတ်ဒဏ်ရာ အမာရွတ်ဖြစ်ခြင်း၊ အသီးထခြင်း၊ လိုအပ်ပါက ထပ်မံပြန်လည်ခွဲစိတ်မှုပြုလုပ်ရခြင်းတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တင်သားဆီလီကွန်ထည့်ပီးနောက်ပိုင်းတွင် တင်ပါးမှဆေးထိုးခြင်း လုံးဝရှောင်ကြဉ်ရပါမည်။
မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၆ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ ရောဂါတစ်ခုခုကြောင့် အခြားမဖြစ်မနေသောက်ရမည့်ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။