ဆီလီကွန်အသုံးပြုပီး ပါးရိုးအစားထိုးခွဲစိတ်ပြုပြင်ခြင်း
ဆီလီကွန်အသုံးပြုပြီး ပါးရိုးအစားထိုးထိုး ခွဲစိတ်ပြုပြင်ခြင်း (Cheek Implants )
Cheek Implants ဆိုတာဘာလဲ
Cheek Implant ဆိုတာ ဆေးပညာ သဘောတရားအရ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှလက်ခံနိုင်သည့် ဆီလီကွန်ကိုအသုံးပြုပီး ပါးရိုးကို မျက်နှာတစ်ခုလုံးနဲ့ ပိုမိုလိုက်ဖက်ညီပီး လှပသွားအောင် ခွဲစိတ်ပြုပြင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ပါးရိုးလေးဟာ မျက်နှာတစ်ခုလုံးနဲ့ အချိုးကျလိုက်ဖက်ညီသွားပီး မိမိကိုယ်ကိုမိမိ ပိုမိုယုံကြည်မှု အပြည့်အဝရရှိသွားမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုပြုလုပ်ချိန် မိနစ် ၃၀မှ ၄၅မိနစ်ထိကြာတတ်ပီး၊ ခွဲစိတ်မှုပြုလုပ်ရာမှာ မေ့ဆေးကိုအသုံးပြုမှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ရာမှာ ပါးစပ်ထဲမှ ခွဲစိတ်ပေးမှာဖြစ်တဲ့အတွက် ခွဲစိတ်ဒဏ်ရာလည်း မြင်ရမှာမဟုတ်သလို ခွဲစိတ်ဒဏ်ရာ အနာချုပ်ရိုးဖြည်ဖို့လည်း မလိုအပ်တော့ပါဘူး။
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်
ကုသမှုအမည် ကုန်ကျစရိတ်
ပါးရိုးဆီလီကွန်ထည့်ခြင်း ( မေးဆေး ) ဘတ် ၈၀၀၀၀ (ဆေးရုံ ၁ညအိပ်အပါအဝင်)
ပါးရိုးဆီလီကွန်ထည့်ခြင်း ( ထုံဆေး ) ဘတ် ၆၀၀၀၀
မကြာခဏအမေးများသော အမေးအဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုဖြစ်နေမလဲ
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုဂရုစိုက်ရမလဲ၊ အစားအသောက်တွေကို ဘယ်အစားတွေရှောင်ရမလဲ၊ ဘယ်လိုမျိုးအလုပ်တွေကို လုပ်ကိုင်လို့ရမလဲစတဲ့ ခွဲစိတ်ပီး လိုက်နာဆောင်ရွက်ရမယ့် အရာတွေကို ခွဲစိတ်ဆရာဝန်ကနေ ညွှန်ကြားပေးပါလိမ့်မယ်။ အထူးသဖြင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် နှုတ်ခမ်းနဲ့ ပါးစပ်ကို အဖွင့်အပိတ်လုပ်ခြင်း၊ အစာအစာဝါးခြင်းစတဲ့ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှနည်းအောင် ဂရုစိုက်ပေးရပါလိမ့်မယ်။ အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုတွေတိုင်းမှာဖြစ်တတ်တဲ့ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဒဏ်ရာတစ်ဝိုက် ရောင်ရမ်းခြင်း၊ သက်တောင့်သက်သာမဖြစ်ခြင်းစတာတွေဖြစ်နိုင်ပီး တစ်ယောက်နဲ့တစ်ယောက် ဖြစ်ပွားပုံကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။
မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း ဆေးရုံမှာ ဘယ်လောက်ကြာအောင် နေရမလဲ
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ကောင်းစွာနိုးလာပီးနောက် တခြားဘာပြသနာမှမရှိရင် ခွဲစိတ်တဲ့နေ့မှာပဲ ဆေးရုံဆင်းလို့ရနိုင်ပါမယ်။ ပုံမှန်အားဖြင့် ခွဲစိတ်မှုပြုလုပ်ပီး တစ်ပတ်ကြာတဲ့အခါမှာတော့ ဆေးရုံကိုပြန်လာပြဖို့ လိုအပ်ပါမယ်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုပြသနာတွေ ဖြစ်တတ်လဲ
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာသွေးထွက်ခြင်း၊ ခွဲစိတ်ရာတွင်အသုံးပြုရသည့် မေ့ဆေးထုံးဆေးများ၏ ဆိုးကျိုးများဖြစ်တတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် မတူညီတတ်ခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်းနှင့် လိုအပ်ပါက ထပ်မံခွဲစိတ်ပြုပြင်မှု ပြုလုပ်ရခြင်းများပင် ဖြစ်ပါသည်။ အချိန်ကြာလာသောအခါ ဆီလီကွန်ထည့်ထားသည့်နေရာရှိ အရေပြားပါးလွှာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာတစ်ခုခုရရှိပါက ဆီလီကွန်နေရာလွဲသွားခြင်း ဖြစ်တတ်ပါသည်။ မည်သည့်နောက်ဆက်တွဲ ပြသနာတစ်ခုမျှ မဖြစ်ပွားခဲ့ပါက ထည့်ထားသောဆီလီကွန်သည် တစ်သက်လုံးကြာရှည်ခံနိုင်ပါသည်။
မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၄ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ အနည်းဆုံး၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများ သုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ အခြားမဖြစ်မနေသောက်ရမည့် ဆေးဝါးများ ရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။