+66 2 879 0300 myanmar@yanhee.net

ပါးရိုးသွယ်အောင်ခွဲစိတ်ပြုပြင်ခြင်း

Cheekbone Reduction ဆိုတာဘာလဲ

Malarplasty

မျက်နှာတစ်ခုလုံးမှာ ပါးရိုးကြီး သိသိသာသာငေါထွက်နေလို့  မျက်နှာနဲ့လိုက်ဖက်မညီဖြစ်နေပီး မိမိကိုယ်ကိုမိမိယုံကြည်မှု အပြည့်အဝမရှိဖြစ်နေတဲ့အတွက် ငေါထွက်နေတဲ့ပါးရိုးကို ပြေပြေပြစ်ပြစ်လေးဖြစ်သွားပီး မိမိမျက်နှာနဲ့ လိုက်ဖက်ညီသွားအောင် ခွဲစိတ်ပြုပြင်ပေးခြင်းကို Malarplasty လို့ခေါ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ရာမှာ အာခံတွင်းထဲကနေ ခွဲစိတ်မှုပြုလုပ်မှာဖြစ်ပီး ငေါနေတဲ့ပါးရိုးကို အမာရွတ်မမြင်ရပဲ ခွဲစိတ်မှုပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုအတွက်ကုန်ကျစရိတ်

ခွဲစိတ်မှုအမည်                                                                       ကုန်ကျစရိတ်  

ပါးရိုးခြစ်ထုတ်ခြင်း                                                                 ဘတ် ၈၀၀၀၀

                                                                                       ( ဆေးရုံ ၁ညအိပ်အပါအဝင် )

Malar Osteotomy နည်းဖြင့် ပါးရိုးပြေပြစ်အောင်ခွဲစိတ်ပေးခြင်း           ဘတ် ၁၃၅၀၀၀

                                                                                       ( ဆေးရုံ ၂ညအိပ်အပါအဝင်)

 

မကြာခဏအမေးများသော အမေးအဖြေများ

မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေစဉ် အိပ်ပျော်နေမလား

အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကိုအသုံးပြုမည်ဖြစ်ပီး နာကျင်မှုလည်းမရှိသည့်အပြင် ခွဲစိတ်မှုပြုလုပ်ချိန်တစ်လျှောက်လုံး အိပ်ပျော်နေပါမည်။

မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုနေထိုင်ရမလဲ

အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ရက်အနည်းငယ်အတွင်း ပါးစပ်အဖွင့်အပိတ်လုပ်ရာတွင် နာကျင်မှုရှိသဖြင့် အစားအစာပျော့ပျော့လေးသာ စားရပါမည်။ အလွန်ရယ်မောခြင်း၊ စကားများများပြောခြင်း စသောအရာများကိုလည်း အပြည့်အဝ မပြုလုပ်နိုင်သေးပေ။ အနာတဖြည်းဖြည်း ကျက်သွားပီးနောက် ပုံမှန်အတိုင်းအစားအသောက်များကို ပြန်စားနိုင်မည်။ ပုံမှန်အတိုင်း ရယ်မောခြင်း၊ မျက်နှာအမူအရာပြောင်းခြင်း စသည်တို့ကိုလည်း ပုံမှန်အတိုင်း ပြန်လုပ်နိုင်မည်။

မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘန်ကောက်မြို့မှာ ဘယ်လောက်ကြာအောင်နေရမလဲ

အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်မှ ၁၀ရက်ကြာသောအခါ ဆေးရုံသို့ပြန်လာပြရပါမည်။

မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ပီး ဘယ်လောက်ကြာသောအခါ ပုံမှန်အနေအထားပြန်ရောက်မလဲ

အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီး မျက်နှာတစ်ခုလုံး ဖူးဖူးရောင်ရောင်ကြီးဖြစ်နေခြင်း တဖြည်းဖြည်း သက်သာလာမည်။ ခွဲစိတ်ပီး ၂ပတ်ကြာပီးနောက် ပုံမှန်အနေအထားသို့ တဖြည်းဖြည်းပြန်ရောက်လာမည်။                သို့သော်လည်း ခွဲစိတ်မှုပြုလုပ်ပီး ၆လမှ ၁နှစ်ကြာသောအခါ ပုံမှန်အနေအထားသို့ လုံးဝပြန်ရောက်သွားပါမည်။

မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ပီး ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာသွေးထွက်ခြင်း၊ မေ့ဆေးဆိုးကျိုးများရှိတတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ ထုံခြင်း၊ တစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း၊ အကောင်းဆုံအနေအထား မရရှိခြင်းနှင့် လိုအပ်ပါ ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ရခြင်း စသည်တို့ဖြစ်ပါသည်။

မေးခွန်း ၆ ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ခဲ့ရမလဲ

အဖြေ ၆ ခွဲစိတ်မှုပြုလုပ်ခြင်းဖြင့် မိမိ၏မျက်နှာအနေအထားအရ ပိုမိုကောင်းမွန်လာမည့် အခြေအနေတစ်ခုကို ရောက်ရှိသွားမည်ဟု လက်ခံထားရမည်။ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ ရောဂါတစ်ခုခုကြောင့် အခြားမဖြစ်မနေ သောက်ရမည့်ဆေးဝါးများရှိပါက မိမိပုံမှန်ပြနေကျဆရာဝန်ကို ပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

2 + 3 =