ဆီလီကွန်အသုံးပြုပီး မေးစေ့ခွဲစိတ်ပြုပြင်ခြင်း
ဆီလီကွန်အစားထိုးအသုံးပြုပီး မေးစေ့ခွဲစိတ်ပြုပြင်ခြင်း (Chin Implant)
မေးစေ့ကလေး တိုနံ့နံ့ဖြစ်နေလို့ မျက်နှာမှာရှိတဲ့ နှခေါင်းစတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ မလိုက်ဖက်ဖြစ်နေပါက လိုက်ဖက်မှုလေးရှိသွားအောင် ခွဲစိတ်ကုသပြုပြင်မှုတွေ ပြုလုပ်လို့ရနေပါပီ
နည်းလမ်းတွေအများကြီးထဲက အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မိမိ၏မျက်နှာနှင့်လိုက်ဖက်မယ့် မေးစေ့ကလေးရရှိဖို့အတွက် ဆီလီကွန် အစားထိုးအသုံးပြုပီး ခွဲစိတ်မှုပြုလုပ်ရတဲ့ Chin Augmentation ဆိုတဲ့ ခွဲစိတ်ကုသပြုပြင်မှုဖြစ်ပါတယ်။
လူတစ်ယောက်ချင်းစီရဲ့ မျက်နှာနဲ့ လိုက်ဖက်မယ့် ပုံဖော်ထားတဲ့ဆီလီကွန်လေးကို မေးရိုးရဲ့ထိပ်ကလေးပေါ်မှာ သေသေချာချာတင်ပေးထားခြင်းဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ပေးမှာဖြစ်ပီး ထုံဆေးကိုအသုံးပြုပီးခွဲစိတ်မှု ပြုလုပ်ပါတယ်။ ခွဲစိတ်ချိန်ကတော့ ၁ နာရီလောက်သာ ကြာမြင့်မှာဖြစ်ပါတယ်။
အချို့လူတွေမှာတော့ မျက်နှာနဲ့လိုက်ဖက်မယ့် မေးစေ့ကလေးရရှိစေဖို့အတွက် ဆီလီကွန်ကိုအသုံးမပြုပဲ မိမိရဲ့ မေးစေ့အရိုးကိုပဲ အသုံးပြုပီးခွဲစိတ်မှုပြုလုပ်ရတဲ့ နည်းလမ်းကို ရွေးချယ်ပြုလုပ်ကြပါတယ်။ ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာတော့မေးစေ့ရိုးကလေးရဲ့ အောက်ခြေကို အလျားလိုက်ကလေးဖြတ်လိုက်ပီးနောက် ရှေ့ဘက်ကိုနည်းနည်းကလေး တွန်းပို့ပေးပီး နေရာရွေ့မသွားအောင် ဆေးပညာသုံး ဝက်အူကလေးတွေနဲ့ သေချာမြဲနေအောင်ကပ်ပေးထားမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုပြုလုပ်ရာမှာ မေ့ဆေးကိုအသုံးပြုမှာဖြစ်ပီး ဆေးရုံမှာ ၂ည အိပ်ရမှာဖြစ်ပါတယ်။ ဆေးရုံဆင်းပီးနောက် တစ်ပတ်ကြာတဲ့အခါမှာတော့ ဆရာဝန်ကိုပြန်ပြရမှာ ဖြစ်ပါတယ်။
မေးစေ့ခွဲစိတ်ပြုပြင်မှုအတွက် ကုန်ကျစရိတ်
ခွဲစိတ်ကုသမှုအမည် ကုန်ကျစရိတ်
မေးစေ့ဆီလီကွန်အစားထိုးပြုပြင်ခြင်း (ပုံမှန်ဆီလီကွန်) ဘတ် ၄၅၀၀၀
မေးစေ့ဆီလီကွန်အစားထိုးပြုပြင်ခြင်း (ပိုမိုနူးညံ့မှုရှိသောဆီလီကွန်) ဘတ် ၆၀၀၀၀
မေ့စေ့ရှည်ထွက်လာအာင်ခွဲစိတ်ပြုပြင်ခြင်း ဘတ် ၁၁၀၀၀၀ (ဆေးရုံ ၂ညအိပ်အပါအဝင်)
မကြာခဏအမေးများသော အမေးအဖြေများ
မေးခွန်း ၁ မေးစေ့ရှည်ထွက်အောင်ခွဲစိတ်ပြုပြင်ခြင်းနှင့် မေးစေ့အောက်အဆီထုတ်ခြင်း တစ်ချိန်တည်းပြုလုပ်လို့ ရပါသလား
အဖြေ ၁ ပထမဦးဆုံးအနေဖြင့် မိမိသည် အထက်ဖော်ပြပါ ခွဲစိတ်မှု ၂မျိုးလုံးကို ပြုလုပ်ဖို့ ဖြစ်နိုင် မဖြစ်နိုင်ကို ခွဲစိတ်ဆရာဝန်များမှ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
မေးခွန်း ၂ ခွဲစိတ်ပီး ပုံမှန်ပြန်မဖြစ်ခင်အချိန်မှာ ဘာတွေဖြစ်တတ်လဲ
အဖြေ ၂ ဆီလီကွန်အစားထိုးအသုံးပြုပီး မေးစေ့ကိုခွဲစိတ်ပြုပြင်မှုအတွက် ခွဲစိတ်မှုပြုလုပ်ပီး ၁ ပတ်မှ ၂ပတ်အတွင်း ခွဲစိတ်ဒဏ်ရာတစ်ဝိုက်တွင် နာကျင်ခြင်းနှင့် ရောက်ရမ်းခြင်းများ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာဖြစ်ပီး၊ မေးစေ့ရှည်ထွက်လာအောင် ခွဲစိတ်ပြုပြင်ရတဲ့ သူတွေမှာတော့ ခွဲစိတ်ပီး ၃ပတ် လောက်ကြာမှ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
မေးခွန်း ၃ ခွဲစိတ်ဒဏ်ရာအမာရွတ်ကို မြင်နိုင်မလား
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ရာမှာ မိမိရဲ့ ရွေးချယ်မှုအပေါ်မူတည်ပီး ပါးစပ်ထဲမှ ခွဲစိတ်မှု ပြုလုပ်လို့ရသလို မေးစေ့အောက်နားလေးကနေ ခွဲစိတ်ဒဏ်ရာသေးသေးလေး ခွဲစိတ်မှုပြုလုပ်ပီး ပြုပြင်ပေးတာလည်း ရှိပါတယ်။ ဒါကြောင့် ပါးစပ်ထဲမှာ ခွဲစိတ်မှု ပြုလုပ်ပါက ခွဲစိတ်ဒဏ်ရာ လုံးဝမမြင်နိုင်ပေမယ့် မေးစေ့အောက်မှခွဲစိတ်ပါက ခွဲစိတ်ဒဏ်ရာ သေးသေးကလေးရှိနေမှာ ဖြစ်ပါတယ်။
မေးခွန်း ၄ ခွဲစိတ်ပီးနောက်ပိုင်း ဘယ်လိုဖြစ်တတ်သလဲ
အဖြေ ၄ ခွဲစိတ်ပီးနောက်ပိုင်း ရက်အနည်းငယ်ခန့် ပါးစပ်ကို မကြာခဏ ဟခြင်း၊ မာကျောတဲ့အစားအစားတွေကိုစားခြင်းစတဲ့ မေးရိုးကိုအားစိုက်ရမယ့်အရာတွေကို ရှောင်ရပါမယ်။ ခွဲစိတ်ဆရာဝန်မှလည်း အနာကျက်သွားတဲ့ အချိန်ထိ ဘယ်လိုအစားအစားတွေကို ရှောင်ရမယ်ဆိုတာ ညွှန်ကြားပေးမှာဖြစ်ပါတယ်။ မေးစေ့ကိုရှည်ထွက်အောင် ခွဲစိတ်ပြုပြင်ခြင်းဟာ မေးစေ့ဆီလီကွန်ထည့်ခြင်းထက် နာကျင်မှု သက်တောင့်သာသာ မဖြစ်မှုတွေ ပိုမိုများပြားမှာ ဖြစ်ပါတယ်။
မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ပီး ဘယ်လိုနောက်ဆက်တွဲပြသနာတွေ ရှိနိုင်မလဲ
အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီး အနာသွေးထွက်ခြင်း၊ မေ့ဆေးထုံဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက်မတူခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်းနှင့် ထပ်မံခွဲစိတ်ပြုပြင်မှုလိုအပ်ခြင်းများ ဖြစ်ပါတယ်။ ဆီလီကွန်အစားထိုးအသုံးပြုပီး မေးစေ့ပြုပြင်ပြီးနောက် မေးစေ့အရေပြားပါးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိပါက ဆီလီကွန်နေရာလွဲခြင်း ဖြစ်တတ်ပါတယ်။ မည်သည့်နောက်ဆက်တွဲပြသနာမှ မရှိရင်တော့ ဆီလီကွန်ကို တစ်သက်လုံးထည့်ထားလို့ရပါတယ်။