အလှအပဆိုင်ရာ ဝန်ဆောင်မှုများ
မျက်ရစ်ခွဲစိတ်ပြုပြင်ခြင်း
မျက်ခမ်းအောက်ဘက်ရှိ အဆီအိပ်ဖောင်းဖောင်းကြီးကို ဖယ်ထုတ်လိုက်ခြင်းနှင့် မျက်ခွံရှိ ပိုနေသောအရေပြားများကိုဖယ်ထုတ်ပီးမျက်ရစ်လေးဖော်လိုက်ခြင်းဖြင့် ငယ်ရွယ်နုပျိုသည့်အနေအထား ပုံးပန်းသဏ္ဌာန်ပေါ်လွင်သွားအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးခြင်းကို မျက်ရစ်ခွဲစိတ်ပြုပြင်ခြင်းဟု ခေါ်ဆိုပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသောလမ်းညွှန်မှုတွင် မျက်ရစ်ခွဲစိတ်ပြုပြင်ခြင်းနှင့်ပက်သတ်ပီး ခွဲစိတ်မှုမပြုလုပ်မှီ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ကြိုတင်ဆွေးနွေးချိန်မှစ၍ ခွဲစိတ်မှုပြုလုပ်ပီးမည်ကဲ့သို့ ဂရုစိုက်ရမည်အထိ မိမိတို့သိရှိထားရမည့် အကြောင်းအရာများအားလုံးကို ပြည့်ပြည့်စုံစုံ လမ်းညွှန်ပြသပေးပါမည်။
မျက်ရစ်ခွဲစိတ်ပြုပြင်ခြင်းဆိုတာဘာလဲ
Blepharoplasty ဟုခေါ်သည့် မျက်ရစ်ခွဲစိတ်ပြုပြင်ခြင်းဆိုသည်မှာ အောက်မျက်ခမ်းအောက်ဘက်တွင် အဆီများစုပုံနေခြင်းဖြင်း ဖြစ်ပေါ်နေသည့် မျက်ခမ်းအောက်အဆီအိပ်ဖောင်းဖောင်းကြီးကို ဖယ်ထုတ်ပေးခြင်းနှင့် အပေါ်မျက်ခွံရှိ ပိုနေသောအရပြားများကို ဖယ်ထုတ်ပေးပီး မျက်ရစ်လေးပုံဖော်ခွဲစိတ်မှုပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
အပေါ်မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်း
အပေါ်မျက်ခွံခွဲစိတ်ပြုပြင်ခြင်း သို့မဟုတ် Upper Blepharoplasty ဆိုသည်မှာ အပေါ်မျက်ခွံရှိ ပိုနေသောအဆီပိုနှင့် လျော့လျဲတွဲကျနေသည့် အရေပြားပိုများကို ခွဲစိတ်ဖယ်ရှားမှုပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ အပေါ်မျက်ခွံခွဲစိတ်ပြုပြင်မှုပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပင်ပန်းနွမ်းနယ်ပုံပေါက်နေခြင်းမရှိပဲ အမြဲပိုမို တက်ကြွလန်းဆန်းနေသည့်ပုံပေါ်လွင်အောင် ခွဲစိတ်မှုပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့အပြင် ခွဲစိတ်ပြုပြင်မှုပြုလုပ်လိုက်ခြင်းအားဖြင့် မျက်တောင်များကိုပိနေသည့် မျက်ခွံအရေပြားတွဲပီးပိကျနေခြင်းကြောင်း အမြင်အာရုံအနှောက်အယှက်ဖြစ်နေခြင်းပြဿနာမရှိတော့အောင် ကုသမှုပြုလုပ်ပေးရာလည်း ရောက်ပါသည်။
ထို့အပြင် အပေါ်မျက်ခွံခွဲစိတ်ပြုပြင်လိုက်ခြင်းအားဖြင့် မျက်ရစ်မပေါ်လွင်သောသူများအတွင် မျက်ရစ်ကလေး ပေါ်ပေါ်လွင်လွင်ဖြစ်သွားပါမည်။ အထူးသဖြင့် အပေါ်မျက်ခွံခွဲစိတ်ပြုပြင်မှုပြုလုပ်ခြင်းသည် မျက်ရစ်လုံးဝမပေါ်လွင် မထင်ရှားရှိနေသူများအကြားတွင် ခွဲစိတ်မှုပြုလုပ်ပီးနောက် အခြားသူများကဲ့သို့ အပေါ်မျက်ခွံမျက်ရစ်လေး ထင်ထင်ရှားရှားပေါ်လွင်သွားသောကြောင့် လူကြိုက်များလှသည့် ခွဲစိတ်ပြုပြင်မှုတစ်ခုလည်း ဖြစ်ပါသည်။
အောက်မျက်ခမ်း ခွဲစိတ်ပြုပြင်ခြင်း
Lower blepharoplasty ဟုခေါ်သည့် အောက်မျက်ခမ်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခြင်းသည် မျက်ခမ်းအောက်ဘက်တွင် အဆီပိုများစုပုံနေခြင်းကြောင့် ဖြစ်ပေါ်နေသည့် အဆီအိပ်ဖောင်းဖောင်းကြီးကို ဖယ်ရှားပေးပီး ပိုနေသည့်အရေပြားများကိုလည်း ဖြတ်ထုတ်ဖယ်ရှားပေးခြင်းအားဖြင့် မျက်ခမ်းအောက်အဆီအိပ်ကြီးဖောင်းမနေတော့ပဲ ညီညီညာညာဖြစ်သွားပီး ပို၍ငယ်ရွယ်နုပျိုသည့်ပုံစံအနေအထားဖြစ်သွားအောင် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
ခွဲစိတ်မှုကုန်ကျစရိတ်နှုန်းထားများ
Procedure | Hospital Stay | Price (THB) |
Upper Blepharoplasty/Double Eyelid (incision) | None | 33,500 |
Double Eyelid (suture in 3 points) | None | 35,500 |
Lower Blepharoplasty | None | 33,500 |
Correction Upper / Lower eyelid | None | 45,500 |
Eyelid + silicone removal (eye) | None | 30,500 |
Correct Epicanthoplasty (add+) | None | 25,500 |
Lipofilling - Upper or Lower (add+) | None | 20,500 |
Correct Upper Eyelid + Expert Epicanthoplasty | None | 56,000 |
Correction Blepharoplasty - Upper or Lower (done elsewhere) | None | 45,500 |
Skin Graft or Lateral Canthi Tightening (add+ to Upper Blepharoplasty) | None | 20,500 |
Lateral Canthoplasty (add+ to Upper Blepharoplasty) | None | 20,500 |
Ptosis | ||
(Mild) Levator Operation: 1 side | None | 30,500 |
(Mild) Levator Operation: 2 sides | None | 33,500 |
(Severe) Frontalis Operation: 1 side | None | 38,500 |
(Severe) Frontalis Operation: 2 sides | None | 58,500 |
Use of tendon (add+) | None | 15,500 |
ပထမဦးဆုံးအနေဖြင့် အလှပဆိုင်ရင်ခွဲစိတ်အထူးကုဆရာဝန်ကြီးများထံ မိမိသိရှိလိုသည့်အကြောင်းအရာများကိုသိရှိနိုင်ရန် ကြိုတင်စုံစမ်းမေးမြန်းရန် ဖြည့်စွက်ရမည့်ပုံစံ ပြည့်စုံစွာဖြည့်စွက်ပေးရပါမည်။ ကျွန်ုပ်တို့၏ဆရာဝန်ကြီးများနှင့် သင့်ကိုယ်စားဆွေးနွေးတိုင်ပင်ပီးနောက် သင်၏လိုအပ်ချက် သင်ပြုလုပ်ချင်သည့်ခွဲစိတ်ပြုပြင်မှုအပေါ်မူတည်ပီး လူတစ်ဦးချင်းစီအလိုက် အကောင်းဆုံးသော အကြံပြုချက်များကိုပေးပါမည်။ လူတစ်ဦးနှင့်တစ်ဦးမတူညီသကဲ့သို့ သင်၏လိုအပ်ချက်နှင့် အံဝင်ခွင်ကျကိုက်ညီမှုအဖြစ်ဆုံးရလဒ်ရရှိရန် မည်သည့် ခွဲစိတ်ကုသမှုကို ပြုလုပ်သင့်သည်ကိုလည်း ကြိုတင်သိရှိသွားမည်။
ခွဲစိတ်မှုပြုလုပ်ပေးမည့် ဆရာဝန်ကြီးများ
မကြာခဏအမေးများလေ့ရှိသော မေးခွန်းများ
မျက်ရစ်ခွဲစိတ်မှုပြုလုပ်နေစဥ် အိပ်ပျော်နေမလား?
မျက်ရစ်ခွဲစိတ်မှုပြုလုပ်စဥ် အိပ်ပျော်နေမည်မဟုတ်ပါ။ သို့သော် ခွဲစိတ်မှုပြုလုပ်ရာတွင် နာကျင်မှုမရှိရလေအောင် ထုံဆေးနှင့် အိပ်ဆေးပေါင်းစပ်အသုံးပြုမည်ဖြစ်သဖြင့် ခွဲစိတ်မှုပြုလုပ်နေစဥ် သက်တောင့်သက်သာရှိပီး နာကျင်မှုမရှိသည့်အပြင် အိပ်ပျော်မနေပဲ နိုးနေမည်ဖြစ်သောကြာင့် တစ်ခါတစ်ရံတွင် မျက်လုံးဖွင့်ပိိတ်လုပ်ရန် မျက်လုံးကို ဘယ်ကြည့်ညာကြည့်လိုက်လုပ်ရန် ဆရာဝန်မှ ညွှန်ကြားသည့်အခါတွင်လည်း ဆရာဝန်ညွှန်ကြားသလို လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ လူနာအိပ်ပျော်မနေပဲ ဆရာဝန်ညွန်ကြားသလို လိုက်ပါလုပ်ပေးခြင်းသည် ခွဲစိတ်မှုပြုလုပ်ရာတွင် ပိုမိုတိကျပီး မိမိလိုချင်သလို ပုံဖော်ခွဲစိတ်မှုကိုပြုလုပ်ရသည့်အတွက် ခွဲစိတ်မှုရလဒ်ကို အကောင်းဆုံး ဖြစ်စေပါမည်။
မျက်ရစ်ခွဲစိတ်ပြုပြင်ရာတွင် ခွဲစိတ်ခန်းထဲတွင် အချိန်မည်မျှကြာအောင် နေရမလဲ?
ခွဲစိတ်မှုပြုလုပ်ရာတွင် ခွဲစိတ်မှုပြုလုပ်မည့်အစိတ်ပိုင်း၏ ဆိုးရွားမှုအနေအထားကိုလိုက်ပီး အများအားဖြင့် ခွဲစိတ်ချိန် အချိန် ၁နာရီမှ ၂နာရီအထိကြာမြင့်တတ်ပါသည်။ .
မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာထင်ထင်ရှားရှားမြင်တွေ့ရနိုင်ပါသလား?
ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကို တတ်နိုင်သမျှမမြင်တွေ့ရနိုင်စေရန် မူလသဘာဝအတိုင်းရှိနေသည့် မျက်ရစ်အရေးအကြောင်းလေးပေါ်တွင် ခွဲစိတ်မှုပြုလုပ်ပးမည် ဖြစ်ပါသည်။
မျက်ရစ်ခွဲစိတ်မှုပြုလုပ်ပီး ပုံမှန်အခြေအနေပြန်ရောက်ချိန်အခြေအနေတွင် မည်ကဲ့သို့ဖြစ်နေမလဲ?
ခွဲစိတ််မှုပြုလုပ်ပီးနောက် ရောင်ရမ်းခြင်း၊ ညိုမည်းစွဲနေခြင်း၊ မျက်လုံးယားယံခြင်းကြောင့်မျက်ရည်ကျနေခြင်းစသည့် လက္ခဏာများရှိနေနိုင်ပီး ပုံမှန်အားဖြင့် နေ့စဥ်နှင့်အမျှ သက်သာပျောက်ကင်းသွားပါမည်။ ခွဲစိတ်မှုပြုလုပ်ပီး နှစ်ပတ်အတွင်း ပုံမှန်အခြေအနေနီးပါး ပြန်ဖြစ်သွားပါမည်။ ခွဲစိတ်မှုပြုလုပ်ပီး အချိန် ၆လမှ ၁၂လအကြာတွင် ခွဲစိတ်ဒဏ်ရာအမာရွတ်များလည်း တဖြည်းဖြည်းအသားကျသွားပီး အကောင်းဆုံးအနေထားသို့ ရောက်ရှိသွားပါမည်။
မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ပီး ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ?
ခွဲစိတ်မှုပြုလုပ်ပီး ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲပြဿနာများမှာ ဒဏ်ရာမှသွေးထွက်ခြင်း၊ အသုံးပြုမည့် မေ့ဆေးဆိုးကျိုးများရှိခြင်း၊ အနာပိုးဝင်ခြင်းစသည်တို့ဖြစ်ပါသည်။ ထို့အပြင် အနာကျက်နှေးခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာ ရရှိခြင်း၊ မျက်လုံးတစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း၊ မျက်ခွံလန်ခြင်း၊ အမာရွတ်ထင်နေခြင်းနှင့် လိုအပ်ပါက ပြန်လည် ခွဲစိတ်ပြုပြင်ရတတ်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများလည်း ဖြစ်နိုင်ချေရှိပါသည်။
မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလုပ်ထားရမလဲ?
မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ပီး နောက်ဆက်တွဲပြဿနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ သင်၏ မျက်လုံး၊ မျက်ခမ်းများနှင့် မျက်တောင်များတွင် ပိုးဝင်နေသည့်လက္ခဏာများကင်းစင်နေရန် အရေးကြီးပါသည်။ ခွဲစိတ်မှုမပြုလုပ်မှီ တစ်ပတ်ကြိုတင်ပီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ဘီယာသောက်ခြင်းတို့ကို ရှောင်ရပါမည်။ ထို့ပြင် ဟော်မုန်းဆေးများသောက်ခြင်း၊ တိုင်းရင်းဆေးများ၊ ဖြည့်စွက်စာများနှင့် ဆရာဝန်ညွှန်ကြားထားခြင်းမရှိသည့် မလိုအပ်ပဲသောက်နေသော ခွဲစိတ်မှုကို အနှောက်အယှက်ဖြစ်စေနိုင်မည့် အခြားဆေးဝါးများကိုလည်း ကြိုတင်ဖြတ်ပေးထားရပါမည်။
