+66 2 879 0300 myanmar@yanhee.net

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ပြုပြင်ခြင်း

မျက်နှာအရေပြား တင်းတင်းရင်းရင်းဖြစ်အောင် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ

အသက်ရွယ်ကြီးလာတာနဲ့အမျှ အိုမင်းရင့်ရောလာခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ မျက်နှာအရေပြားတွေ လျော့လျဲတွဲကျလာတဲ့ ဇရာဆိုတဲ့ အိုမင်းရင့်ရော်လာခြင်းရဲ့ဒဏ်ကို အံတုလို့ ငယ်ရွယ်နုပျိုတဲ့ မျက်နှာအလှပိုင်ရှင်လေးတွေအဖြစ် ပြန်လည်နိုးထလာခြင်တယ်ဆိုရင်တော့ မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ပြုပြင်ခြင်းက အကောင်းဆုံးရွေးချယ်ပြုလုပ်သင့်တဲ့ ခွဲစိတ်မှုတစ်ခုပါပဲ။ Rhytidectomy လို့ခေါ်တဲ့ မျက်နှာအရေပြားတွေ တင်းတင်းရင်းရင်းဖြစ်အောင် ခွဲစိတ်ကုသပြုပြင်ခြင်းဟာ မျက်နှာတစ်ခုလုံးနဲ့ လည်ပင်းမှာရှိတဲ့ အသက်အရွယ်ကြောင့် လျော့လျဲတွဲကျလာတဲ့ အရေပြားတွေကို တင်းတင်းရင်းရင်းဖြစ်အောင် ခွဲစိတ်ကုသပြုပြင်ခြင်းတစ်ခုပဲ ဖြစ်ပါတယ်။

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ကုသပြုပြင်မှု ပြုလုပ်ခြင်းအားဖြင့်

မျက်နှာအရေပြားလျော့လျဲတွဲကျနေခြင်း လျော့နည်းသွားမယ်

မျက်နှာအရေပြားမှာရှိတဲ့ အဆီတွေစုပုံနေတာ လျော့သွားမယ်

ပါးနှစ်ဘက်နှင့် မေးရိုးမှာရှိတဲ့အရေပြားတွေတွဲကျလာခြင်း လျော့သွားမယ်

မေးစေ့အောက်နဲ့ မေးရိုးတစ်ဝိုက်မှာ အဆီပိုတွေ အရေပြားပိုတွေ စုပုံတွဲကျနေတာ လျော့သွားပီး မေးနှစ်ထပ်ဖြစ်နေတာလည်း ပျောက်သွားမှာ ဖြစ်ပါတယ်။

မျက်နှာအရေပြား တင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်ပြုပြင်ခြင်းဟာ လူတစ်ဦးချင်းစီ၏ အခြေခံဖွဲ့စည်းထားသော အစိတ်အပိုင်းများကို ပြောင်းလဲပေးနိုင်ခြင်း မရှိသည့်အပြင် ခွဲစိတ်မှုပြုလုပ်ပီးနောက် အသက်အရွယ်ကြီးရင့်လာခြင်း သဘောတရားများ လုံးဝလုံးဝမဖြစ်အောင် တားဆီးနိုင်ခြင်းမရှိပါ။

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ခြင်းဟာ မိမိရွေးချယ်ပြုလုပ်သင့်တဲ့ ခွဲစိတ်မှုတစ်ခုဖြစ်နေပီလား

မျက်နှာအရေပြား တင်းတင်းရင်းရင်းဖြစ်အောင် ခွဲစိတ်ပြုပြင်မှုမပြုလုပ်ခင်မှာ ခွဲစိတ်ပီးနောက် ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေအားလုံးကို ကောင်းစွာသဘောပေါက်နားလည်ပီး ခွဲစိတ်မှုပြုလုပ်ပေးမည့် ဆရာဝန်နှင့်လည်း သေသေချာချာ ဆွေးနွေးသင့်ပါသည်။ အကောင်းအဆုံးနှင့် လုံးဝပြီးပြည့်စုံသော အနေအထားကို မရရင်တောင် လက်ရှိဖြစ်ပေါ်နေသော အနေအထားထက် အဆပေါင်းများစွာ ပို၍ကြည့်ကောင်းမယ့် အနေထားတစ်ခုကိုရရှိဖို့ စိတ်ဆန္ဒရှိရင်တော့ မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ကုသပြုပြင်မှု ပြုလုပ်သင့်ပါတယ်။

မျက်နှာအရေပြား တင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်ကုသပြုပြင်မှုဟာ မျက်နှာအရေပြားတွေ လျော့လျဲတွဲကျနေတာကို ပျောက်ကင်းသွားစေပီး ငယ်ရွယ်နုပျိုသွားအောင် ဖန်တီးပေးနိုင်ပေမယ့် အခြားတစ်ဦးတစ်ယောက်နဲ့ တူသွားအောင်ပြုလုပ်ပေးခြင်းတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ခွဲစိတ်မှုပြုလုပ်ပီး ရရှိလာမယ့်အနေအထားကလည်း တစ်ဦးချင်းစီအလိုက် ကွဲပြားခြားနားမှုတွေတော့ ရှိနေအုံးမှာပါ။

ခွဲစိတ်ကုသမှုပြုလုပ်ပေးမယ့် ခွဲစိတ်ဆရာဝန်မှ မိမိအနေအထားအရ ခွဲစိတ်ကုသမှုပြုလုပ်သင့်တဲ့ အနေအထားကိုမရောက်သေးလို့ ခွဲစိတ်ပြုပြင်မှုပြုလုပ်လို့ မရသေးဘူးဆိုခဲ့ရင်တော့ Botox injection ထိုးပီး မျက်နှာအရေပြားပေါ်က အရေးအကြောင်းတွေကို လျော့နည်းသွားအောင်လုပ်ပေးတဲ့ ကုသမှုတွေကို ရွေးချယ်ပြုလုပ်လို့ ရပါသေးတယ်။

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ကုသမှုပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါအချက်တွေထဲက အနည်းဆုံးတစ်ခုတော့ မိမိမှာရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုအပ်ချက်တွေက ဘာတွေလဲဆိုရင်တော့

(၁) သင်ဟာ ကျန်းမာရေးကောင်းတဲ့သူတစ်ယောက်ဖြစ်ရမယ်။

(၂) သင်ဟာ ဆေးလိပ်မသောက်တဲ့ သူတစ်ယောက်လည်း ဖြစ်ရပါမယ်။

(၃) ခွဲစိတ်ပီးနောက်ပိုင်း ရရှိလာမယ့် အနေအထားကို အပြုသဘောနဲ့ လက်ခံနိုင်ရမှာဖြစ်ပီး သင့်ရဲ့စိတ်ထဲမှာလည်း ခွဲစိတ်ပီးနောက် ပိုမိုကောင်းမွန်လာမယ့် အခြေအနေတစ်ခုကို လိုလားနေတဲ့သူတစ်ယောက် ဖြစ်ရပါမယ်။

ဆရာဝန်နဲ့မတွေ့ခင် ဘာတွေကြိုတင်ပြင်ဆင်ခဲ့ရမလဲ

ခွဲစိတ်မှုပြုလုပ်ပေးမယ့်ဆရာဝန်နဲ့ မတွေ့ခင်မှာ အောက်ပါအချက်အလက်တွေ ကြိုတင်ပြင်ဆင်လာခဲ့ဖို့ မမေ့ပါနဲ့ ။ အဲ့ဒီအချက်တွေကတော့

(၁) ခွဲစိတ်မှုကို ဘာကြောင့်လုပ်ချင်တယ်ဆိုတဲ့အကြောင်းနဲ့ ခွဲစိတ်မှုပြုလုပ်ပီးရင် ရရှိလာမယ့် အနေအထား

(၂) ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ၊ မိမိနှင့်မတည့်သော ဆေးဝါးတွေနဲ့ ဘယ်လိုကုသမှုတွေခံယူနေသလဲဆိုတဲ့ အချက်အလက်တွေ

(၃) လက်ရှိသောက်နေတဲ့ ဆေးဝါးတွေ ဗီတာမင်အားဆေးတွေ တိုင်းရင်းဆေးအားဖြည့်စာတွေ ဆေးလိပ်အရက်နဲ့ တခြားသောမိမိနေ့စဉ်အသုံးပြုနေတဲဆေးဝါးတွေ

(၄) အရင်က ဘယ်လို ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့သလဲစတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်က ဘာတွေပြောပြနိုင်မလဲ

(၁) သင့်ရဲ့ကျန်းမာရေးအခြေအနေတွေကို သုံးသပ်ပီး ခွဲစိတ်ပီးရင် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲပြသနာတွေ ဘာတွေရှိလာနိုင်မလဲ။

(၂) သင့်မျက်နှာအရေပြားအနေအထားအရ ပိုမိုငယ်ရွယ်နုပျိုတဲ့အနေထားရောက်အောင် ဘယ်လိုခွဲစိတ်ကုသပြုပြင်မှုတွေ လုပ်သင့်သလဲ

(၃) သင့်မျက်နှာအနေထားကို တိုင်းတာမှုတွေပြုလုပ်မယ်

(၄) မခွဲစိတ်ခင်မှာဖြစ်နေတဲ့ သင့်ရဲ့မျက်နှာအနေအထားကို မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်မယ်

(၅) သင့်အနေအထားအရ ပြုလုပ်သင့်တဲ့ ခွဲစိတ်မှုနဲ့ပက်သတ်ပီး ဆွေးနွေးမှုတွေ ပြုလုပ်မယ်

(၆) ခွဲစိတ်ပီးနောက် ရရှိလာမယ့်အနေအထားနဲ့ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲပြသနာတွေ ဘာတွေရှိလာနိုင်မယ်ဆိုတာ ရှင်းပြပေးမယ်

(၇) ခွဲစိတ်မှုပြုလုပ်ရာမှာ အသုံးပြုမယ့် မေ့ဆေးထုံဆေးတွေနဲ့ ပက်သက်တဲ့အကြောင်းတွေကို ရှင်းပြပေးမှာဖြစ်ပါတယ်

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ပြုပြင်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

(၁) ခွဲစိတ်မှုမပြုလုပ်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှုပြုလုပ်တဲ့အချိန်ကစပီး ဘာတွေကြိုတင်ပြင်ဆင်ရမယ်ဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။

(၂) မိမိသောက်နေကျဆေးဝါးတွေရှိရင် အကုန်လုံးကို မိမိနှင့်တစ်ပါတည်း ယူဆောင်လာရမှာဖြစ်ပါတယ်။

(၃) ခွဲစိတ်မှုပြုလုပ်မယ့်နေ့မှာ ဘယ်အချိန်မှာ အစားအသောက်ဖြတ်ထားရမယ်ဆိုတာလည်း သိရှိဖို့လိုအပ်ပါတယ်။

(၄) မခွဲစိတ်ခင်မှာ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေအားလုံးကို သိရှိလိုက်နာခဲ့မှသာ ခွဲစိတ်ပီးနောက် ပုံမှန်အနေအထားပြန်ရောက်ချိန်လည်း မြန်ဆန်မှာဖြစ်ပါတယ်။

ဆရာဝန်ညွှန်ကြားမယ့် ခွဲစိတ်မှုမပြုလုပ်ခင် လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေကတော့

ဆေးလိပ်သောက်တဲ့သူတွေအတွက် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်ခန့် ဆေးလိပ်ဖြတ်ပေးရပါမယ်။ ဒါ့အပြင် ခွဲစိတ်မှုပြုလုပ်ပီးနောက်ထပ် ၂ပတ်ခန့်လည်း ဆေးလိပ်ဖြတ်ပေးထားရမယ်။ အဘယ်ကြောင့်ဆိုသော် ဆေးလိပ်သောက်ခြင်းဟာ ခွဲစိတ်ပီးနောက် ဖြစ်တတ်တဲ့ နောက်ဆက်တွဲပြသနာတွေကို ဖြစ်စေဖို့ အခွင့်အရေး ပိုများတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတ်တွေဟာ အနာကျက်ခြင်းကို ပိုမိုနှေးကွေးသွားစေပါတယ်။ အနာကျက်နှေးပီဆိုရင် ခွဲစိတ်ဒဏ်ရာအမာရွတ်ကိုလည်း ပိုမိုကြီးမားစေပီး အနာရွတ်ကြီးလည်း သိသာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ ဆေးလိပ်ကိုလုံးဝမဖြတ်လာခဲ့ရင် ခွဲစိတ်ကုသမှုပြုလုပ်ပေးမယ့်ဆရာဝန်မှ သင့်ကို ခွဲစိတ်မှုပြုလုပ်ပေးမှာလည်း မဟုတ်ပါဘူး။ 
အရက်သောက်တဲ့သူတွေအတွက်လည်း ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး တစ်ပတ်ခန့် အရက်ဖြတ်ထားပေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်အချိန်မတိုင်ခင် အနည်းဆုံး ၆နာရီအတွင်းမှာ မည်သည့်အစားအသောက်မျှ စားလိုလည်းမရ သောက်လို့လည်းမရပါဘူး။ ခွဲစိတ်မှုအပြုလုပ်ခင်မှာ သွေးကြဲဆေးတွေ၊ အရောင်လျော့ဆေးတွေနဲ့ တိုင်းရင်းဆေးအားဖြည့်စာတွေကိုလည်း လုံးဝဖြတ်ပေးထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေသောက်နေရင် ခွဲစိတ်တဲ့အခါမှာ သွေးထွက်ပိုများစေတဲ့အပြင် ခွဲစိတ်ပီးနောက်ပိုင်းမှာလည်း နောက်ဆက်တွဲပြသနာတွေကို ပိုမိုဖြစ်စေတဲ့အတွက်ပါ။

အထူးသိထားရမယ့်အချက်တွေကတော့

ခွဲစိတ်မှုပြုလုပ်ပေးမယ့်နေ့မှာ ဘာတွေိလုပ်ခဲ့ရမယ်ဆိုတာနဲ့ ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကို ဘယ်လိုဂရုစိုက်ရမယ် ဘယ်နေ့မှာ ဆရာဝန်နဲ့ပြန်ပြရမယ်ဆိုတာပါပဲ။

မျက်နှာအရေပြားတင်းအောင်ခွဲစိတ်မှုပြုလုပ်ပီး ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲပြသနာများ

မျက်နှာအရေပြားတင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်ကုသပြုပြင်မှုပြုလုပ်ဖိုက ဆုံးဖြတ်ချက်ချပီးပီဆိုရင်တော့ ခွဲစိတ်ပီးနောက် ရရှိလာမယ့် အနေအထားနဲ့ ဖြစ်ပေါ်လာနိုင်မယ့် နောက်ဆက်တွဲအခြေအနေတွေအားလုံးကို သဘောပေါက်နားလည်ပီး ဖြစ်လာခဲ့ရင်လည်း လက်ခံနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီး နောက်ဆက်တွဲ ပြသနာတွေ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို မခွဲစိတ်ခင်မှာ သင့်ရဲ့ ခွဲစိတ်ဆရာဝန် သို့မဟုတ် သူနာပြုဆရာမတွေကနေ သင့်ကိုရှင်းပြပေးပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ သင်ကိုယ်တိုင် ကောင်းစွာသဘောပေါက်နားလည်ပီး ခွဲစိတ်မှုကိုပြုလုပ်ဖို့အတွက် သဘောတူလက်ခံပါတယ်ဆိုတဲ့အကြောင်း လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။

ခွဲစိတ်ပီးနောက်ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြသနာတွေကတော့

ခွဲစိတ်ဒဏ်ရာ အမာရွတ်ဖြစ်ခြင်း၊

သွေးထွက်ခြင်း ( သွေးရည်ကြည်စုပုံခြင်း )၊

ခွဲစိတ်ဒဏ်ရာ ပိုးဝင်ခြင်း
အနာကျက်နှေးကွေးခြင်း၊

မေ့ဆေးထုံဆေးများ၏ဆိုးကျိုးများ ဖြစ်ခြင်း၊

ခွဲစိတ်ဒဏ်ရာတစ်လျှောက်ဆံပင်ကျွတ်ခြင်း၊

မျက်နှာရှိ အာရုံကြောအားနည်းခြင်းနှင့် အာရုံကြောထိခိုက်ဒဏ်ရာဖြစ်ဖြင်း၊

မျက်နှာတစ်ဖက်နှင့်တစ်ဖက် ထပ်တူညီမကျခြင်း၊

အရေပြားဆုံးရှုံးမှုဖြစ်ခြင်း၊

အရေပြားထုံနေခြင်း သို့မဟုတ် ထိလို့ထိမှန်းမသိခြင်း၊

အရေပြားအောက်လွှာရှိ အဆီပြင်တစ်ရှူးများ သေခြင်း၊

အရည်ကြည်များ စုပုံနေတတ်ခြင်း၊

ခွဲစိတ်ပီးနောက် နာကျင်မှုအမြဲရှိခြင်း၊

အရေပြားတင်းရင်းမှု ပုံမှန်မရှိခြင်း၊

အရေပြားအရောင် ပြောင်းလဲသွားခြင်း၊

ရောင်ရမ်းခြင်း သို့မဟုတ် ထုံကျင်နေခြင်း၊

ခွဲစိတ်ဒဏ်ရာ အနာချုပ်ရိုးများကို မြင်နိုင်ခြင်း၊

ချုပ်ရိုးများကြောင့် အရေပြားယားယံခြင်းဖြစ်ပေါ်နေပီး အနာချုပ်ရိုးထပ်မံဖြည်ရန် လိုအပ်ခြင်း။

တစ်ဖက်နှင့်တစ်ဖက် သိသာစွာမတူခြင်း၊

အမာရွတ်ဖြစ်ပေါ်ခြင်း၊

အနာချုပ်ရိုးအဆုံးနေရာတွင် အရေပြားဖုထစ်နေခြင်းကဲ့သို့သော မိမိအတွက်အဆင်မပြေ လက်မခံနိုင်သောအခြေအနေကြောင့် ထပ်မံခွဲစိတ်ပြုပြင်မှု ပြုလုပ်ရတတ်ခြင်း၊

သွေးကြောထုံးခြင်းနှင့် အခြားသော နှလုံး၊ အဆုတ်ပြသနာများဖြစ်တတ်ခြင်းနှင့်

လိုအပ်ပါက ထပ်မံခွဲစိတ်ပြုပြင်ရတတ်ခြင်းစသည့်တို့ပင် ဖြစ်ပါသည်။

ခွဲစိတ်မှုမပြုလုပ်ခင် ခွဲစိတ်မှုနှင့်ပက်သက်သော မိမိသလိုသမျှကို ဆရာဝန်အားမေးမြန်းရန် အလွန်ပင်အရေးကြီးပါသည်။ ခွဲစိတ်မှုအတွက် စိုးရိမ်ပူပန် စိတ်လှုပ်ရှားမှုများ၊ ကြောက်ရွံ့မှုများဖြစ်တတ်သည်မှာ သဘာဝပင်ဖြစ်သော်လည်း မခွဲစိတ်မှီ မိမိသိလိုသော အကြောင်းအရာများကို ရှက်ကြောက်နေခြင်းမရှိပဲ ဆရာဝန်အား မေးမြန်းရန် အထူးပင်လိုအပ်ပါသည်။

သတိပြုရန်

ခွဲစိတ်မှုပြုလုပ်ပေးမည့် ဆရာဝန်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းသည် ခွဲစိတ်မှုအောင်မြင်ရန် အထူးအရေးကြီးသော အဓိကသော့ချက်တစ်ခုဖြစ်ပါသည်။ အနာကောင်းစွာမကျက်မှီ ခွဲစိတ်ဒဏ်ရာကို ပွတ်တိုက်မိခြင်း၊ အရေပြားတင်းလွန်းပီးရွေ့လျားမှုမရှိအောင်ဂရိုစိုက်ခြင်းများ အထူးပင်အရေးကြီးသည်။ အဝတ်အစားများကို ဦးခေါင်းအထက်မှကျော်ပီး စွတ်၍ဝတ်ဆင်ခြင်း ရှောင်ရမည်။ မိမိကိုယ်တိုင် မည်ကဲ့သို့ဂရုပြုနေထိုင်ရမည်ကို ဆရာဝန်မှလည်း ကောင်းစွာရှင်းပြပေးမည် ဖြစ်ပါသည်။

ခွဲစိတ်မှုပြုလုပ်နေချိန်မှာ ဘာတွေဖြစ်မလဲ

ခွဲစိတ်မှုပြုလုပ်ရာတွင် ခွဲစိတ်ဒဏ်ရာသည် နားထင်ရှိ ဆံပင်အစပ်နားနေရာလေးမှစပီး အောက်ဘက်သို့ဆင်းသွားမည်။ ထို့နောက် နားရွက်ရှေ့နားလေးမှကပ်ပီး နားသီးလေးအောက်ဘက်လေးမှဝိုက်ကာ နားရွက်နောက်ဘက်ထိ တောက်လျောက်ရှိနေမည် ဖြစ်သည်။ ခွဲစိတ်ဆရာဝန်မှ အဆီပြင်နှင့် ကြွက်သွားကို သပ်သပ်စီဖြစ်အောင် လွှာပစ်လိုက်မည်။ အဆီများကို ဖယ်ရှားပေးပီးနောက် စုပ်ထုတ်ပစ်လိုက်မည်။ အောက်ဘက်ရှိ ကြွက်သားအလွှာကို တင်းတင်းရင်းရင်းဖြစ်သွားအောင် ဆွဲချုပ်ပေးပီးနောက် အရေပြားလွှာကို နောက်ဘက်သို့တင်းအောင် ဆွဲချုပ်ပေးမည်။ ပိုနေသော အရေပြားကို ဖြတ်ထုတ်ပစ်လိုက်မည်။ အနာချုပ်ရိုးများကို တစ်လွှာချင်းစီတွင် သေသေချာချာ ချုပ်ပေးမည်။ အပေါ်ဆုံးအရေပြားအလွှာကို ချုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကွဲထွက်သွားခြင်း မဖြစ်စေရန် ကလစ်ကလေးများဖြင့် အရေပြားနှစ်ခုကို ကုတ်ပီးဆွဲစေ့ပေးထားမည်။ နားရွက်နောက်ဘက်တွက် သားငန်ရည်များ စိမ့်ထွက်သွားစေရန် ပိုက်သေးသေးလေးတစ်ခုကို ထည့်ပေးထားပါမည်။ ဦးခေါင်းတစ်ခုလုံးကို ရောင်ရမ်းခြင်းနှင့် အညိုမည်းစွဲခြင်းများ လျော့နည်းစေရန် ပတ်တီးဖြင့် တင်းတင်းရင်းရင်း ပတ်စည်းပေးထားမည်။ ခွဲစိတ်ကုသမှုပြုလုပ်ချိန် ၁ နာရီမှ ၂ နာရီထိကြာမြင့်တတ်ပီး၊ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကို အသုံးပြုမည်ဖြစ်ပါသည်။ သိသိသာသာထင်ထင်ရှားရှား ပြောင်းလဲမှုကို ခွဲစိတ်ပီးနောက်ဖြစ်တတ်သော ရောင်ရမ်းခြင်းနှင့် အညိုမည်းစွဲခြင်းများ ပျောက်သွားသောအခါ မြင်တွေ့နိုင်မည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် လုံးဝပုံမှန်အခြေအနေ ရောက်ရှိသွားသောအခါ မျက်နှာအရေပြား ပိုမိုတင်းတင်းရင်းရင်းနှင့် ငယ်ရွယ်နုပျိုသွားရုံမျှမကပဲ မိမိကိုယ်ကိုမိမိ ပိုမိုယုံကြည်မှု ရရှိသွားမည် ဖြစ်ပါသည်။

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်မှုပြုလုပ်ဖို့အတွက် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်တဲ့အခါ ဘာတွေမျှော်လင့်ထားရမလဲ


ခွဲစိတ်မှုပြုလုပ်ဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှုတွေပြုလုပ်တဲ့အခါမှာ ဆရာဝန်မှ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြလုပ်ရာမှာအသုံးပြုမည့် မေ့ဆေးအကြောင်းတွေနဲ့ ခွဲစိတ်မှုနဲပက်သတ်လို့ သင်သိရှိလိုတဲ့ မေးခွန်းတွေကို ဆရာဝန်မှဖြေကြားပေးမှာပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုပြုလုပ်ပီး ပုံမှန်ပြန်လည်ရောက်ရှိချိန်

ခွဲစိတ်ကုသမှုပြုလုပ်ပီးနောက်မှာတော့ ခွဲစိတ်မှုကြောင့် ရောင်ရမ်းခြင်းတွေ သွေးရည်ခြည်ဥခြင်းကြောင့် ညိုမည်းစွဲနေခြင်းတွေ တတ်နိုင်သမျှလျော့နည်းစေဖို့ မျက်နှာပတ်ပတ်လည်မှာ ပတ်တီးစည်းပေးထားမှာ ဖြစ်ပါတယ်။ ခွဲစိတ်ပီးနောက် သားငန်ရည်စိမ့်ထွက်မှုနည်းပီး ခွဲစိတ်ဒဏ်ရာတစ်ဝိုက် အရေပြားထဲမှ သားငန်ရည်တွေစုပုံမနေဖို့ ပိုက်သေးသေးလေးတစ်ခု ထည့်ပေးထားမှာဖြစ်ပီး သွေးရည်ကြည်တွေနဲ့ သားငန်ရည်တွေ စိမ့်ထွက်သွားစေမှာ ဖြစ်ပါတယ်။ အထူးဂရုပြုလိုက်နာဆောင်ရွက်ရမယ့် ဆရာဝန်ညွှန်ကြားချက်တွေမှာ ခွဲစိတ်ဒဏ်ရာကို ဘယ်လိုဂရုစိုက်ရမယ်၊ ဆေးဝါးတွေကိုအချိန်မှန်မှန် တိတိကျကျသောက်ရမယ်၊ အနာကျက်မြန်ဖို့ အနာပိုးဝင်ခြင်းမဖြစ်စေဖို့အတွက် အနာလိမ်းဆေးတွေ ဘယ်လိုလိမ်းပေးရမယ်၊ ခွဲစိတ်ဒဏ်ရာရဲ့ အနေအထားကိုကြည့်ခြင်းအားဖြင့် အနာကောင်းလား မကောင်းလားကြိုတင်သတိထားပီး ဆရာဝန်ကိုအချိန်မှီပြန်ပြနိုင်ဖို့ ရှင်းပြပေးမယ်၊ နောက်ပီး ဘယ်နေ့ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြန်လာပြရမယ်စတဲ့ အချက်အလက်တွေပါပဲ။



ခွဲစိတ်ကုသမှုပြုလုပ်ပီး အနာကိုဘယ်လိုဂရုစိုက်ရမလဲ

ခွဲစိတ်ပီးနောက် ခွဲစိတ်ဒဏ်ရာတစ်ဝိုက်ကို အနည်းဆုံး ၂ ရက် ရေခဲအိပ်ကပ်ပေးရမယ်။

ဦးခေါင်းကို အမြဲမြှင့်ပေးထားရမယ်။

နောက်ဘက်ကိုလှည့်ကြည့်တဲ့အခါ ဦးခေါင်းရော ပုခုံးရောပါ လှည့်ပီးကြည့်ရမယ်။

ခွဲစိတ်မှုပြုလုပ်ပီး အနည်းဆုံး ၂ပတ်ခန့် အလေးအပင် မ ခြင်း ရှောင်ရမယ်။

ခွဲစိတ်မှုပြုလုပ်ပီး ၃ရက်လောက်ကြာတဲ့အခါ ခွဲစိတ်ဒဏ်ရာတစ်ဝိုက် ကပ်ပေးထားတဲ့ ပတ်တီးတွေအားလုံးကို ဖြည်ပီး ခေါင်းလျှော်ရည်အသုံးပြုပီး ခေါင်းလျှော်နိုင်ပါမယ်။

ပုံမှန်အလုပ်တွေကိုတော့ ခွဲစိတ်ပီး ၂ပတ်ကနေ ၃ပတ်ကြာပီးမှသာ ပြုလုပ်ရပါမယ်။

ခွဲစိတ်မှုပြုလုပ်ပီး အနည်းဆုံး တစ်လခန့်လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အားစိုက်လုပ်ရတဲ့ အလုပ်တွေအားလုံးကို ရှောင်ကြဉ်ရပါမယ်။

ခွဲစိတ်ပီး ၁လခွဲလောက်ကြာတဲ့အထိ ဆံပင်ဆေးဆိုးခြင်း၊ ဆံပင်ခြောက်သွေ့အောင်မှုတ်စက်ဖြင့် မှုတ်ပေးခြင်းများကို ရှောင်ကြဉ်ရပါမယ်။

ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်ကနေ ၁၀ရက်ကြာတဲ့အခါ အနာချုပ်ရိုးဖြည်ဖို့အတွက် ဆရာဝန်ကိုပြန်ပြရပါမယ်။

ခွဲစိတ်မှုပြုလုပ်ပီးနောက် ဦးရေပြားထုံနေခြင်းများ ဖြစ်ပေါ်တတ်ပီး ၆ပတ်မှ ၈ပတ်ကြာသောအခါ ပုံမှန်ပြန်ဖြစ်သွားပါမယ်။

မျက်နှာအရေပြားတင်းအောင် ခွဲစိတ်ပြုပြင်ခြင်းဟာ ကြာရှည်ခံနိုင်မလား

ခွဲစိတ်ကုသမှုပြုလုပ်ပီးနောက် အစပိုင်းမှာတော့ ရောင်ရမ်းမှုတွေ အရေပြားတင်းတင်းကြီးဖြစ်နေမှုစတဲ့ အခြေအနေတွေကြောင့် သက်သက်သာသာ မဖြစ်ပေမယ့် နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ ပုံမှန်အနေအထားကို ပြန်ရောက်သွားတဲ့အခါ ခွဲစိတ်ပြုပြင်မှု မပြုလုပ်ခင်ကပုံစံပျောက်သွားပီး လူသစ်တစ်ယောက်လို့ ငယ်ရွယ်နုပျိုသွားတဲ့ အနေအထားလေးတစ်ခု ပြန်လည်ရရှိသွားမှာ ဖြစ်ပါတယ်။ ခွဲစိတ်ပီးနောက် အနာချုပ်ရိုးတွေ ဒဏ်ရာတွေ ပျောက်သွားပီး ပုံမှန်အနေအထားတစ်ခု ပြန်ရောက်သွားစေဖို့ အနည်းဆုံး ၆လမက စောင့်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှုပြုလုပ်ပီးနောက်ပိုင်း နေရောင်ခြည်ထိတွေ့မှု တတ်နိုင်သမျှရှောင်ကြဉ်ရမယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်ထိတွေမှုများမယ်ဆိုရင် အရေပြားကိုပျက်ဆီးစေပီး အသက်အရွယ်ကို ပိုမိုအိုမင်းရင့်ရော်စေလို့ပါပဲ။ ကျန်းမာရေးကောင်းအောင် နေထိုင်စားသောက်ပြုမူဖို့လည်း အထူးလိုအပ်ပီး သို့မှသာ ငယ်ရွယ်နုပျိုခြင်းကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံးအနေဖြင့် ခွဲစိတ်ကုသမှုမပြုလုပ်မှီ မိမိတို့အနေဖြင့် သိလိုသည်များကို ကြိုတင်စုံစမ်းမေးမြန်းမှုများ ပြုလုပ်နိုင်ပီး မိမိတို့အနေဖြင့် မည်ကဲ့သို့သော ခွဲစိတ်ကုသမှုပြုလုပ်ဖို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူသလို လူတစ်ဦးချင်းစီရဲ့ ဆန္ဒအလိုက်ပြုလုပ်ဖို့လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေကလည်း တူညီမှာမဟုတ်တဲ့အတွက် သင်တို့အတွက် ဘယ်လိုခွဲစိတ်ကုသမှုမျိုးက အသင့်တော်ဆုံး အကောင်းဆုံးဖြစ်မလဲဆိုတာ ကျွန်တော်တို့ဆေးရုံမှာရှိတဲ့ ဆရာဝန်ကြီးတွေမှ အကောင်းဆုံးရွေးချယ်ပြုလုပ်ပေးဖို့ အကြံပြုပေးမှာဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုကုန်ကျစရိတ်


ခွဲစိတ်ကုသမှုအမည် ကုန်ကျစရိတ်

နဖူးအရေပြားဆွဲတင်းခြင်း ဘတ် ၈၅၀၀၀ ( ဆေးရုံတစ်ညအိပ်အပါအဝင်)

ပါးအရေပြားဆွဲတင်းခြင်း ဘတ် ၁၀၀၀၀၀ ( ဆေးရုံတစ်ညအိပ်အပါအဝင်)

လည်ပင်းအရေပြားဆွဲတင်းခြင်း ဘတ် ၈၀၀၀၀ (ဆေးရုံတစ်ညအိပ်အပါအဝင် ) (ပါးအရေပြားဆွဲတင်းခြင်းနှင့်တစ်ပေါင်းတည်းလုပ်ရမည်)

အမေးများသော မေးခွန်းများနှင့် အဖြေများ

မေးခွန်း ၁ မျက်နှာအရေပြားတင်းရင်းအောင် ခွဲစိတ်မှုပြုလုပ်ရန် သင့်တော်တဲ့သူတစ်ယောက်ဖြစ်နိုင် မဖြစ်နိုင်ကို မည်ကဲ့သို့သိရှိနိုင်မလဲ

အဖြေ ၁ သင်သည် အသက်အရွယ်အားဖြင့် ၄၅နှစ်အထက်ဖြစ်ပီး ကျန်းမာရေးလည်းကောင်းမယ် ပိုမိုငယ်ရွယ်နုပျိုချင်တဲ့ဆန္ဒရှိနေမယ်ဆိုရင်ဖြင့် မျက်နှာအရေပြားတင်းတင်းရင်းရင်းဖြစ်အောင် ပြန်လည်ခွဲစိတ်ပြုပြင်ဖို့ အကောင်းဆုံးသောသူတစ်ယောက်ဖြစ်နေပါပီ။ သင့်ရဲ့ ကျန်မာရေးဆိုင်ရာ အချက်အလက်တွေနဲ့ သင့်မျက်နှာရဲ့အနေအထားကို ဓာတ်ပုံရိုက်ပီးပို့ပေးလိုက်ပါ။ ဆရာဝန်နဲ့ ကိုယ်စားတိုင်ပင်ဆွေးနွေးပေးမှာဖြစ်ပါတယ်။ 



မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်နေချိန်မှာ အိပ်ပျော်နေမလား

အဖြေ ၂ ခွဲစိတ်မှုပြုလုပ်တဲ့အခါ မေ့ဆေးကို အသုံးပြုမှာဖြစ်တဲ့အတွက် လုံးဝအိပ်ပျော်နေမှာဖြစ်ပါတယ်။

မေးခွန်း ၃ ခွဲစိတ်ကုသချိန် ဘယ်လောက်ကြာမလဲ

အဖြေ ၃ ခွဲစိတ်ကုသမှုပြုလုပ်မယ့် မျက်နှာရဲ့အစိတ်အပိုင်းအလိုက် အများအားဖြင့် တစ်နေရာကို ၁နာရီကနေ ၂နာရီထိ ကြာတတ်ပါတယ်။

မေးခွန်း ၄ ခွဲစိတ်ကုသမှုပြုလုပ်ဖို့အတွက် ဘန်ကောက်မြို့မှာ ဘယ်နှစ်ရက်လောက် နေရမလဲ

အဖြေ ၄ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးမယ် ခွဲစိတ်မှုပြုလုပ်မယ်။ ပီးရင် အနာချုပ်ရိုးဖြည်ဖို့ပြန်ပြရမယ်ဆိုတော့ အားလုံးစုစုပေါင်း ၁၀ရက်မှ ၁၄ရက်လောက်တော့ ဘန်ကောက်မြို့မှာနေရမှာ ဖြစ်ပါတယ်။

မေးခွန်း ၅ ခွဲစိတ်ဒဏ်ရာအမာရွတ်ကို မြင်နိုင်ပါသလား

အဖြေ ၅ နဖူးအရေပြားတွေတွဲကျနေလို့ နဖူးအရေပြားဆွဲတင်းတဲ့သူတွေအတွက် ခွဲစိတ်ဒဏ်ရာက ဦးရေပြားထဲမှာရှိတဲ့အတွက် ခွဲစိတ်ဒဏ်ရာကို ဆံပင်တွေနဲ့ဖုံးထားတဲ့အတွက် သိပ်ပီးထင်ထင်ရှားရှား မမြင်နိင်ပါ။ ဆံပင်ကျွတ်တတ်တဲ့သူတွေမှာတော့ နဖူးအရေပြားတင်းအောင်ဆွဲတင်းထားတဲ့သူတွေမှာ ခွဲစိတ်ဒဏ်ရာကို မြင်တွေ့နေနိုင်မှာဖြစ်တယ်ဆိုတာ ကြိုတင်သိရှိထားဖို့လိုအပ်ပါတယ်။ ပါးနှစ်ဘက်လုံးတင်းအောင် ဆွဲပီးတင်းထားတဲ့သူတွေအတွက်တော့ ခွဲစိတ်ဒဏ်ရာက နားရွက်ရဲ့အပေါ်ဘက် နားထင်အစပ်ကနေ နားရွက်ရှေ့တောက်လျောက် ပီးတော့ နားရွက်ရဲ့အနော်ဘက်နားထိ အနာချုပ်ရိုးရှိနေမှာဖြစ်ပီး လည်ပင်းအရေပြား ဆွဲတင်းမယ့်သူတွေမှာတော့ အနာချုပ်ရိုးက နားရွက်နောက်နားကနေ အောက်ဘက်ထိ အနည်းငယ်ပိုပီးရှည်တတ်ပါတယ် တချို့မေ့စေ့အောက်အရေပြားတွေ အရမ်းတွဲနေရင်တော့ မေ့စေ့အောက်ဘက်နားလေးမှာလည်း ခွဲစိတ်ဒဏ်ရာလေးတစ်ခု ရှိနေတတ်ပါတယ်။

မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ပီး ဘာတွေရှောင်ရမလဲ

အဖြေ ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက်မှာတော့ အနည်းဆုံး ၂ပတ်ခန့် ရေမကူးရ နေရောင်ခြည် အရမ်းမထိရ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အလေးအပင် မ ခြင်းများကိုတော့ အနည်းဆုံး ၂ပတ်မှ ၃ပတ်ထိ ရှောင်ရမှာဖြစ်ပါတယ်။ ဆံပင်ဆိုးဆေး ၆ ပတ်လောက်ရှောင်ရပါမယ်။

မေးခွန်း ၇ ခွဲစိတ်ပီးနောက် မည်ကဲ့သို့သောအမှားအယွင်းများ ဖြစ်ပေါ်နိုင်ပါသလဲ

အဖြေ ၇ ခွဲစိတ်ပီးနောက် အနာသွေးထွက်ခြင်း၊ မေ့ဆေးထုံဆေးများကြောင့်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ၊ အနာပိုးဝင်ခြင်း၊ ပုံမှန်ထက် အနာကျက်နှေးခြင်း၊ ဘက်မညီခြင်း၊ ခွဲစိတ်ဒဏ်ရာတစ်ဝိုက် ထုံနေခြင်း ပုံမှန်ထက်အားနည်းခြင်းစသော အာရုံကြောထိခိုက်မှု ပြသနာများဖြစ်တတ်ခြင်း အနာရွတ်အသီးထခြင်း၊ လိုအပ်ပါက ထပ်မံခွဲစိတ်ပြုပြင်မှု ပြုလုပ်ရတတ်ခြင်း စသည်တို့ဖြစ်ပါတယ်။

မေးခွန်း ၈ ခွဲစိတ်မှုပြုလုပ်ဖို့အတွက် ဘာတွေကြိုတင်ပြင်ဆင်ခဲ့ရမလဲ

အဖြေ ၈ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ ခွဲစိတ်မှုပြုလုပ်မည့် အရေပြားတစ်ဝိုက်တွင် ဝက်ခြံများထွက်နေခြင်း၊ ပိုးဝင်ခြင်းများ မဖြစ်အောင် ဂရုစိုက်ရပါမည်။ မခွဲစိတ်ခင် ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ အခြားမဖြစ်မနေသောက်ရမည့်ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

6 + 11 =