အမျိုးသား ရင်သားအဆီထုပ်ခြင်း
ရင်သားကြီးနသောအမျိုးသားများ ရင်သားသေးအောင် ခွဲစိတ်ပြုပြင်ခြင်း
အမျိုးသားများ ရင်သားအဆီထုတ်ခြင်း (Male Breast Reduction ) ဆိုတာဘာလဲ
Male Breast Reduction ဆိုတာ အမျိုးသားတွေရဲ့ရင်သားမှာ အဆီအပိုတွေစုပုံပီး အမျိုးသမီး တစ်ယောက်ရဲ့ ရင်သားကဲ့သို့ကြီးနေတဲ့အတွက် ပိုနေတဲ့အဆီပိုတွေကို ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်။
ရင်သားအဆီထုတ်ခြင်း
အမျိုးသားတွေမှာ ရင်သားကြီးနေရခြင်း အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ ရင်သားမှာ အဆီပိုတွေများပီး စုပုံနေခြင်းကြောင့်ဆိုရင် အဲ့ဒီအဆီတွေကို ဖယ်ထုတ်ဖို့ Breast Fat Liposuction က အကောင်းဆုံး ရွေးချယ်ပြုလုပ်သင့်တဲ့ ခွဲစိတ်မှုတစ်ခုပါပဲ။ ဒီလိုပိုနေတဲ့အဆီတွေကို စုပ်ထုတ်ဖယ်ရှားပီးနောက် ရင်သားမှာပိုနေတဲ့အဆီပိုတွေ တော်တော်များများ လျော့နည်းသွားနိုင်မှာဖြစ်ပီး လုံးဝ ပြားချပ်သွားမယ့် အနေအထားကို ရောက်သွားမှာတော့ မဟုတ်ပါဘူး။ ရင်သားအဆီပိုတွေ စုပ်ထုတ်ခြင်းဟာ နို့ရည်ထွက်ဂလင်းများကို ဖယ်ရှားပေးခြင်း မဟုတ်သလို အခြားအဆီမဟုတ်တဲ့ ဂလင်းတွေကိုလည်း ဖယ်ထုတ်ပေးခြင်း မဟုတ်ပဲ ရင်သားမှာရှိတဲ့ ပိုနေတဲ့အဆီပိုတွေကို စုပ်ထုတ်ဖယ်ရှားပေးခြင်းသာ ဖြစ်ပါတယ်။
ရင်သားအရေပြားအောက်ဘက်မှ ရင်သားတစ်သျူးများကို ဖယ်ရှားပေးခြင်း
အမျိုးသားတွေမှာ ရင်သားကြီးရခြင်း အဓိကအကြောင်းရင်းက အဆီပိုတွေကြောင့်မဟုတ်ပဲ ရင်သားဂလင်းတွေ ကြီးနေခြင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ Subcutaneous Mastectomy လို့ခေါ်တဲ့ ရင်သားရဲ့ အရေပြားလွှာအောက်ဘက်ကနေ အဲ့ဒီပိုနေတဲ့ဂလင်းတွေကို ဖယ်ရှားခြင်းအားဖြင့် ရင်သားကို သေးသွားအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ရာမှာတော့ နို့သီးကွင်းဘေးပတ်ပတ်လည်မှ ခွဲစိတ်ဒဏ်ရာ သေးသေးကလေးပေးပီး ပိုနေတဲ့ရင်သား တစ်သျူးတွေကို ဖြတ်ထုတ်ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ပီးနောက်ပိုင်း နို့သီးခေါင်းဘေးပတ်လည်မှာ ခွဲစိတ်ဒဏ်ရာ အမာရွတ်လေးရှိနိုင်မှာဖြစ်ပီး၊ အချိန်ကြာလာသည်နှင့်အမျှ အမာရွတ်ကလေး တဖြည်းဖြည်းနူးညံ့သွားနိုင်မှာ ဖြစ်ပါတယ်။
ခွဲစိတ်မှုအတွက်ကုန်ကျစရိတ်
ခွဲစိတ်မှုအမည် ကုန်ကျစရိတ်
Vaser Liposuction ဘတ် ၈၆၀၀၀
(ဆေးရုံ ၁ညအိပ်အပါအဝင်)
ရင်သားဖြတ်ထုတ်ခြင်း ဘတ် ၇၀၀၀၀
(ဆေးရုံ ၁ညအိပ်အပါအဝင်)
ရင်သားဖြတ်ထုတ်ခြင်း + သမရိုးကျအဆီထုတ်ခြင်း ဘတ် ၉၅၀၀၀
( ဆေးရုံ ၂ညအိပ်အပါအဝင်)
ရင်သားဖြတ်ထုတ်ခြင်း + Vaserနည်းဖြင် အဆီထုတ်ခြင်း ဘတ် ၁၀၅၀၀၀
(ဆေးရုံ ၂ညအိပ်အပါအဝင်)
အမေးများသောမေးခွန်းများနှင့် အဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေတဲ့အချိန်မှာ ခွဲစိတ်မှုပြုလုပ်နေတာတွေအားလုံးကို သိနေနိုင်မလား
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာမှာ မေ့ဆေးကိုအသုံးပြုမှာဖြစ်တဲ့အတွက် ခွဲစိတ်မှုတစ်လျှောက်လုံး အိပ်ပျော်နေမှာဖြစ်ပီး၊ ခွဲစိတ်မှုလုပ်နေတာတွေကိုလည်း လုံးဝသိရှိနေမှာ မဟုတ်ပါဘူး။
မေးခွန် ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံဘယ်နှစ်ရက် တက်ရမလဲ
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံတွင် ၁ရက်မှ ၂ရက်ခန့် ဆေးရုံတက်ရန်လိုအပ်ပီး၊ ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်ကနေ ၁၀ရက်ကြာတဲ့အခါမှာတော့ အနာချုပ်ရိုးဖြည်ဖို့အတွက် ဆေးရုံကိုပြန်လာပြရပါမယ်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ပုံမှန်ပြန်ရောက်ဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ်အတွင်း ခွဲစိတ်ဒဏ်ရာတစ်ဝိုက်မှာ ရောင်ရမ်းခြင်းတွေ အညိုမည်းစွဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ခွဲစိတ်ဒဏ်ရာလည်း အနာတဖြည်းဖြည်းကျက်သွားမှာဖြစ်ပီး၊ ခွဲစိတ်ပီး ၆လမှ ၁နှစ်ခန့် ကြာတဲ့အခါမှာတော့ ပုံမှန်အခြေအနေသို့ လုံးဝပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
မေးခွန် ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်မလဲ
အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ခွဲစိတ်ဒဏ်ရာမှ သွေးထွက်ခြင်း၊ ခွဲစိတ်ရာတွင်အသုံးပြုမည့် မေ့ဆေးဆိုးကျိုးတွေရှိခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်ပိုနှေးခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ ရင်သားတစ်ဖက်နဲ့တစ်ဖက်မတူညီခြင်း၊ အရေပြားလျော့ပီးတွဲကျခြင်း၊ အမာရွတ်မလှမပဖြစ်ခြင်း၊ လိုအပ်ပါက ထပ်မံပြန်လည်ခွဲစိတ်ရခြင်းစသည်တို့ပဲ ဖြစ်ပါတယ်။
မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ဖို့အတွက် ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုအပ်မလဲ
အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီနောက်ပိုင်းဖြစ်တတ်တဲ့ နောက်ဆက်တွဲပြသနာတွေ မဖြစ်နိုင်စေဖို့အတွက် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ အားဖြည့်စာဆေးဝါးများသုံးစွဲခြင်းဟာ ခွဲစိတ်မှုကို အနှောက်အယှက်ပေးနိုင်ပါသည် ထို့ကြောင့် ဆရာဝန်မှ ခွဲစိတ်မှုပြုလုပ်ရာတွင် မလိုလားအပ်သောဆိုးကျိုးများ ဖြစ်နိုင်သည့်အတွက် ဆက်လက်သောက်သုံးရန် မသင့်တော်ပါဟု ပြောထားသော ဆေးဝါးများအားလုံးကို ရပ်ထားပေးရပါမည်။ မိမိမှာရောဂါတစ်ခုခုရှိတဲ့အတွက် မဖြစ်မနေသောက်နေရသော ဆေးဝါးများ ရှိပါကလည်း ဆရာဝန်နှင့်ပြန်ပြပီး ခွဲစိတ်မှုပြုလုပ်မည်ဖြစ်သဖြင့် လက်ရှိသောက်နေသော ဆေးဝါးများကြောင့် ခွဲစိတ်မှုလုပ်ပီး နောက်ဆက်တွဲပြသနာများ မဖြစ်နိုင်စေရန် ဆရာဝန်ကို ကြိုတင်အသိပေးအကြောင်းကြားပီး ထိုဆေးဖြတ်ဖို့လိုပါကလည်း ဆရာဝန်၏ အကြံပြုချက်အရ ဖြတ်ရမည့်ဆေးဝါးမျာကိုဖြတ်ပီး၊ ဆက်သောက်ရမည့် ဆေးဝါးများကိုလည်း ဆရာဝန်ညွန်ကြားသည့်အတိုင်း သောက်ခဲ့ရပါမည်။
ရင်သားကြီးနေသောအမျိုးသားများ ရင်သားသေးအောင် ခွဲစိတ်ပြုပြင်ခြင်း
Male Breast Reduction ဆိုတာဘာလဲ