မေးရိုးသွယ်အောင် ခွဲစိတ်ပြုပြင်ခြင်း
မေးရိုးသွယ်အောင် ခွဲစိတ်ပြုပြင်ခြင်း(Mandible Angle Reduction)
မေးရိုးသွယ်အောင် ခွဲစိတ်ပြုပြင်ချင်းဆိုတာဘာလဲ
လေးထောင့်ကျကျမေးရိုးတစ်ခု ပိုင်ဆိုင်ထားသော အမျိုးသမီးနှင့် အမျိုးသားတို့အားလုံးအတွက် သဘာဝတရားကြီးက အပိုဆုတစ်ခု ဖန်တီးပေးထားသကဲ့သို့ပင်။ အမျိုးသားတစ်ယောက်အတွက် လေးထောင့်ကျကျ မေးရိုးကားကား တစ်ခုပိုင်ဆိုင်ပါက ယောက်ျားပီပီသသဖြစ်ခြင်း ရုပ်ဖြောင့်ခြင်းစသော ယောက်ျားဆန်ဆန်အသွင်သဏ္ဍာန်များ ပိုင်ဆိုင်ထားသကဲ့သို့ဖြစ်နေပီး အမျိုးသမီးတစ်ယောက်အတွက်မူ မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိနေသည့်အသွင် ဖော်ဆောင်နေပါလိမ့်မည်။ သို့သော် အချို့တွင် ပုံမှန်ထက်မေးရိုးပိုကားနေသောကြောင့် မျက်နှာ၏ကျန်အစိတ်အပိုင်းများ နှင့် အချိုးမကျဖြစ်နေတတ်ပါသည်။ ထိုကဲ့သို့ ပုံမှန်ထက်ပို၍ မေးရိုးကားနေပါက မေးရိုးသွယ်အောင် ခွဲစိတ်ပြုပြင်ခြင်းကို ပြုလုပ်ပေးခြင်းအားဖြင့် မိမိမျက်နှာနှင့် အချိုးကျလိုက်ဖက်သော မေးရိုးအနေထားကိုရရှိသွားမည် ဖြစ်သည်။ မေးရိုးကားလွန်းသော အမျိုးသမီးများတွင် အမျိုးသမီးပိုမိုဆန်ပီး မျက်နှာအနေထား သွယ်သွယ်လျလျလေး ဖြစ်သွားပေလိမ့်မည်။
ခွဲစိတ်မှုအတွက်ကုန်ကျစရိတ်
ခံတွင်းအပြင်ဘက်မှ ခွဲစိတ်ခြင်း ဘတ် ၈၅၀၀၀ ( ဆေးရုံ ၂ညအိပ် )
ခံတွင်းအတွင်းဘက်မှ ခွဲစိတ်ခြင်း ဘတ် ၁၁၀၀၀၀ (ဆေးရုံ ၂ညအိပ် )
မကြာခဏမေးမြန်းလေ့ရှိသော အမေးအဖြေများ
မေးခွန်း ၁ ခွဲစိတ်ပီးနောက် မျက်နှာပေါ်တွင် အမာရွတ်ဖြစ်ပေါ်နိုင်မလား
အဖြေ ၁ လူနာအများစုသည် ခွဲစိတ်ဒဏ်ရာမဖြစ်ပေါ်စေရန် ခွဲစိတ်ဒဏ်ရာကို ပါးစပ်ထဲမှခွဲစိပ်ပီး ပြုလုပ်လိုကြသည်။
မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ရာတွင် နာကျင်မှုရှိနိုင်မလား
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်နေစဉ် လူနာသည်အိပ်ပျော်နေပီး နာကျင်မှုလည်း မရှိပါ။ မေးဆေးကိုအသုံးပြုမည်ဖြစ်ပီး နိုးလာသောအခါ နာကျင်မှုနည်းပီး သက်တောင့်သက်သာဖြစ်စေရန် သောက်ဆေးများ ထိုးဆေးများကိုပေးထားမည်။
မေးခွန်း ၃ ဆေးရုံမှာ ဘယ်လောက်ကြာအောင် နေရမလဲ
အဖြေ ၃ ခွဲစိတ်ပီး ၂ရက်ကြာပီးနောက် ဆေးရုံဆင်းရပါမည်။ ခွဲစိတ်ပီး ၁ပတ်မှ ၂ပတ် ကြာသောအခါ ဆေးရုံသို့ ပြန်လာပြရမည်။
မေးခွန်း ၄ ခွဲစိတ်ပီးနောက် မည်ကဲ့သို့သော အမှားအယွင်းများ ဖြစ်ပေါ်နိုင်သလဲ
အဖြေ ၄ ခွဲစိတ်ပီးနောက် အနာသွေးထွက်ခြင်း၊ မေ့ဆေးထုံဆေးများကြောင့်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ၊ အနာပိုးဝင်ခြင်း၊ ပုံမှန်ထက် အနာကျက်နှေးခြင်း၊ ဘက်မညီခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်းကြောင့် မေးရိုးနှင့် အောက်ဘက်နှုတ်ခမ်းထုံခြင်းနှင့် အားနည်းသွားခြင်းများဖြစ်ပေါ်တတ်ပီး လိုအပ်ပါက ပြန်လည်ခွဲစိတ်ရန် လိုအပ်ပါမည်။
မေးခွန်း ၅ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၅ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ ရောဂါတစ်ခုခုကြောင့် အခြားမဖြစ်မနေသောက်ရမည့်ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။