+66 2 879 0300 myanmar@yanhee.net

နှာခေါင်းအလှ ခွဲစိတ်ပြုပြင်ခြင်း

နှာခေါင်းအလှခွဲစိတ်ပြုပြင်ခြင်းဆိုတာ ဘာလဲ

 နှာခေါင်းအလှခွဲစိတ်ပြုပြင်ခြင်း ( Rhinoplasty )

 နှာခေါင်းအလှပြုပြင်ခြင်း( Rhinoplasty )ဆိုသည်မှာ နှာတံကလေးပေါ်ပေါ်လွင်လွင်ဖြစ်သွားအောင် အစားထိုးအသုံးပြုမည့်ဆီလီကွန်ကို ခွဲစိတ်ပြုပြင်မည့်သူ၏ မျက်နှာနှင့်အချိုးကျလိုက်ဖက်အောင် အကောင်းဆုံးပုံဖော်ပီးနောက် နှာတံအရိုးပေါ်တင်ပေးခြင်းအားဖြင့် ခွဲစိတ်ပြုပြင်မှုပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ သိပ္ပံပညာကို အနုပညာလက်ရာနှင့်ပေါင်းစပ်ပီး အစားထိုးအသုံးပြုမည့်ဆီလီကွန်ကို အနုပညာလက်ရာမြောက်ပုံဖော်ကာ ခွဲစိတ်မှုခံယူမည့်လူနာ၏ မျက်နှာအချိုးအစားနှင့် တစ်သားတည်းကျအောင် ဖန်တီးပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ခွဲစိတ်မှုပြုလုပ်ရာတွင် နှာခေါင်းပေါက်ထဲမှ ခွဲစိတ်ခြင်းဖြစ်သောကြောင့် ခွဲစိတ်ဒဏ်ရာအမာရွတ်လည်း မရှိပါ။

ခွဲစိတ်ကုသမှုပြုလုပ်ပုံ
 နှာတံမြင့်အောင်ခွဲစိတ်ပြုပြင်ခြင်း ( Rhinoplasty )
နှာခေါင်းပေါက်အတွင်းထဲမှခွဲစိတ်ပီး ဆီလီကွန်ထည့်ပေးခြင်းဖြစ်သည်။  

အရေပြားကို နှာခေါင်းရိုးနှင့် အရိုးနုတို့မှသီးခြားစီဖြစ်အောင် လွှာပစ်လိုက်သည်။

 နှာတံအရိုးပေါ်တွင် ဆီလီကွန်ကို နေရာတကျဖြစ်အောင် တင်ပေးမည်။

ထို့နောက် အရေပြားကို နှာခေါင်းရိုးနှင့်ပြန်ကပ်သွားအောင် ပြန်ချုပ်ပေးမည်။

 နှာခေါင်းပေါက်ကျဉ်းသွားအောင် ခွဲစိတ်ခြင်း ( Alarplasty )
ခွဲစိတ်ဆရာဝန်မှ နှာခေါင်းပေါက် အောက်ခြေအရေပြားကို လိုသလောက်ဖြတ်ထုတ်ဖယ်ရှားပေးပီး နှာခေါင်းပေါက်အောက်ခြေကျဉ်းသွားအောင်ပြုလုပ်ခြင်းဖြင့် နှာခေါင်းကိုအချိုးကျလှပသွားအောင် ခွဲစိတ်ပြုပြင်ပေးခြင်း ဖြစ်ပါသည်။

ခွဲစိတ်ပီးနောက်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြသနာများ

ဆီလီကွန်အစားထိုးပီး နှာခေါင်းအလှပြုပြင်ပီးနောက် ဖြစ်နိုင်ချေရှိသောနောက်ဆက်တွပြသနာများမှာ

(၁) ခွဲစိတ်ဒဏ်ရာသေးထွက်ခြင်း သွေးရည်ကြည်စုခြင်း၊                                                                                                                                                                          

(၂) အနာပိုးဝင်ခြင်း၊

(၃) ခွဲစိတ်ဒဏ်ရာ အနာကျက်နှေးခြင်း၊

(၄) အရေပြားအရုံခံစားသိရှိနိုင်မှု ပြောင်းလဲသွားခြင်း၊                                                                                                                                                                                         

(၅) အာရုံကြော၊ သွေးကြောစသော နှာခေါင်းအတွင်းဘက်ရှိအင်္ဂါအစိတ်ပိုင်းများ ယာယီ သို့မဟုတ် အမြဲတမ်းထိခိုက်ပျက်ဆီးမှု ဖြစ်ခြင်း၊    

 (၆)အမာရွတ်ဖြစ်ပေါ်ခြင်း၊

(၇) ဆီလီကွန်ဘေးပတ်ပတ်လည်အရေပြားတင်းခြင်း၊

(၈) ဆီလီကွန်နေရာလွဲနေခြင်းနှင့် ဘေးပတ်လည်ရှိအစိတ်အပိုင်းများကိုဖိထားခြင်း၊                                                                                                                                                                                

(၉) အရေပြားကောက်ကြောင်းပုံမှန်မဖြစ်ခြင်း၊ 

(၁၀) အရေပြားထိတွေ့အရုံခံစားမှုပြောင်းလဲခြင်း၊  

(၁၁) အမြဲနာကျင်မှုရှိနေခြင်း၊

(၁၃) လိုအပ်ပါက ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ရခြင်း၊

(၁၃) မေ့ဆေးထုံဆေးဆိုးကျိုးများဖြစ်တတ်ခြင်း စသည်တို့ဖြစ်ပါသည်။

 

နှာတံမြင့်အောင်ဆီလီကွန်အစားထိုးခွဲစိတ်ပီးနောက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ခွဲစိတ်မှုပြုလုပ်ပေးမည့် ဆရာဝန် သို့မဟုတ် ခွဲစိတ်မှုခံယူမည့်လူနာအပေါ်မူတည်ပီး ပြောင်းလဲမှုရှိနိုင်မည်။

ခွဲစိတ်ပီးနောက်နေ့တွင် ပုံမှန်အလုပ်များကို ပြန်လုပ်နိုင်မည်။

ရောင်ရမ်းမှုတတ်နိုင်သမျှနည်းစေရန် ခေါင်းအုံး ၂လုံးအသုံးပြုပီး ဦးခေါင်းကိုအနည်းငယ်မြှင့်ပီးအိပ်ရပါမည်။

ခွဲစိတ်မှုပြုလုပ်ထားသည့်နေရာတစ်ဝိုက် ရောင်ရမ်းမှုတတ်နိုင်သမျှလျော့နည်းစေရန် အနည်းဆုံး ၄၈နာရီ ရေခဲအိပ်ကပ်ပေးရမည်။ ( ခွဲစိတ်ပီး ၄၈နာရီမှာ ၇၂နာရီအတွင်းရောင်ရမ်းမှုလျော့နည်းသွားမည်)

ခွဲစိတ်ပီးနောက် နှာတံပေါ်တွင်ကပ်ပေးထားသော ပလာစတာအမာကလေးကို  တတ်နိုင်သမျှခြောက်သွေ့နေအောင် ဂရုစိုက်ပေးရမည်။ ခွဲစိတ်ပီး ၅ရက်မှ ၇ရက်ကြာပါက နှာတံပေါ်ကပ်ထားသော ပလာစတာကို ခွာပေးမည်။

ခွဲစိတ်ပီး ပထမ ၅ရက်မှ ၁၀ရက်အတွင်း ပြင်းထန်စွာနှပ်ညှစ်ခြင်းကို ရှောင်ကြဉ်ရမည်။

ခွဲစိတ်ပီး ပထမ ၁၀ရက်အတွင်း အလေးအပင် မ ခြင်းကို ရှောင်ကြဉ်ရမည်။

ခွဲစိတ်ပီး ၄ပတ်မှ ၆ပတ်အတွင်း နှာခေါင်းကို ပွတ်တိုက်မိခြင်း သို့မဟုတ် အေရိုးဗစ်ကဲ့သို့သော လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်။

ခွဲစိတ်ပီး ၇ရက်ကြာသောအခါ ဆရာဝန်ကို ချုပ်ရိုးဖြည်ရန် ပြန်ပြရပါမည်။

 

ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်

ခွဲစိတ်မှုအမည်                                                           ကုန်ကျစရိတ်

ပုံမှန်ဆီလီကွန်                                                           ဘတ် ၃၀၀၀၀

အမေရိကားဆီလီကွန်                                                  ဘတ် ၄၀၀၀၀

ကိုရီးယားဆီလီကွန်                                                     ဘတ် ၅၀၀၀၀

အမေးများဆုံးသော အမေးအဖြေများ

မေးခွန်း ၁  ကျွန်ုပ်သည် ခွဲစိတ်မှုပြုလုပ်နေစဉ် အိပ်ပျော်နေမလား

အဖြေ ၁  ခွဲစိတ်မှုပြုလုပ်ရာတွင် အသုံးပြုမည့် ထုံဆေးနှင့်အိပ်ဆေးအရှိန်ကြောင့် နာကျင်မှုနှင့် စိုးရိမ်ပူပန်မှုလျော့နည်းသွားပီး အိပ်ပျော်နေမည်။

မေးခွန်း ၂  ခွဲစိတ်ပီးနောက်ဆေးရုံမှာ ဘယ်လောက်ကြာအောင်နေရမလဲ

အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ချိန် တစ်နာရီခန့်သာကြာမြင့်မည်ဖြစ်ပီး၊ ခွဲစိတ်မှုပြုလုပ်ပီးနောက် အိမ်သို့ပြန်လည် အနားယူနိုင်မည်။ တစ်ပတ်ကြာပီးနောက် ပြန်လာပြရပါမည်။

မေးခွန်း ၃ ခွဲစိတ်ပီးနောက် နာကျင်မှုရှိနိုင်မလား

အဖြေ ၃ ခွဲစိတ်ပီးနောက် နာကျင်မှုအနည်းငယ်မှ အသင့်အတင့်ရှိနိုင်ပါမည်။ နာကျင်မှုသက်သာစေရန် ဆရာဝန်မှ အကိုက်အခဲပျောက်ဆေးများ ပေးပါလိမ့်မည်။

မေးခွန်း ၄ အနာကျက်ချိန်ဘယ်လောက်ကြာမလဲ
အဖြေ ၄ ခွဲစိတ်ပီး ၁ပတ်မှ ၂ပတ်ကြာပီးနောက် နာကျင်မှုနှင့် ရောင်ရမ်းမှုတဖြည်းဖြည်းလျော့နည်း သွားပါမည်။ ခွဲစိတ်ပီးရက်အနည်းငယ်ခန့် နှာတံပေါ်တွင် ပလာစတာကပ်ထားခြင်းများ လိုအပ်ပါမည်။

မေးခွန်း ၅ ခွဲစိတ်ပီးနောက် မည်ကဲ့သို့သောအမှားအယွင်းများ ဖြစ်ပေါ်နိုင်ပါသလဲ

အဖြေ ၅ ခွဲစိတ်ပီးနောက် အနာသွေးထွက်ခြင်း၊ မေ့ဆေးထုံဆေးများကြောင့်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ၊ အနာပိုးဝင်ခြင်း၊ ပုံမှန်ထက် အနာကျက်နှေးခြင်း၊ ဘက်မညီခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ မျက်ရည်ပြွန်ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ပြုပြင်မှု ထပ်မံပြုလုပ်ရတတ်ခြင်းစသော နောက်ဆက်တွဲပြသနာများ ဖြစ်တတ်ပါသည်။ ဆီလီကွန်ထည့်ပီးနောက် အရောပြားပါးပါးလေးဖြစ်နေခြင်း သို့မဟုတ် နှာခေါင်းကို ခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဆီလီကွန်နေရာလွဲခြင်းများ ဖြစ်တတ်သည်။ အထက်ဖော်ပြပါ နောက်ဆက်တွဲပြသနာများမရှိပါက တစ်သက်လုံး ဆီလီကွန်ပြန်ထုတ်ပြန်လဲရန်မလိုအပ်ပဲ နေနိုင်မည်။

မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ

အဖြေ ၆ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ နှာစေးခြင်း အဆုတ်အအေးပတ်ခြင်းစသော အသက်ရှူလမ်းကြောင်းပြသနာများ မဖြစ်အောင် ဂရုစိုက်ရပါမည်။ မခွဲစိတ်ခင် ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ အခြားမဖြစ်မနေသောက်ရမည့်ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

6 + 11 =