နှာခေါင်းပြန်လည်ပုံဖော်ခွဲစိတ်ခြင်း
Nose Reshpaing ဆိုတာဘာလဲ
နှာခေါင်းဆိုတာ မျက်နှာတစ်ခုလုံးမှာ အပေါ်လွင်ဆုံးအရာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အချောဆုံးအလှဆုံးမဖြစ်ရင်တောင် ကြည့်ပျော်ရှု့ပျော်ဖြစ်တဲ့အနေအထားတစ်ခုဖြစ်ဖို့အတွက် နှာတံရဲ့ပုံစံအနေအထားဟာ အလွန်ကိုအရေးပါလှပါတယ်။
နှာတံပြားလွန်းရင်လည်း အဆင်မပြေသလို နှာတံကြီးမြင့်လွန်းကြီးလွန်းရင်လည်း မျက်နှာတစ်ခုလုံးကို နှာခေါင်းက နေရာယူထားသလို ဘယ်ကနေကြည့်ကြည့် နှာခေါင်းပဲမြင်နေရရင်လည်း အဆင်မပြေနိုင်။
Nose Reshaping ဆိုတာ မြင့်လွန်းကြီးလွန်းနေတဲ့နှာတံရိုးနဲ့ အရိုးနုတွေကို ပြေပြေပြစ်ပြစ်လေး ဖြစ်သွားပီး မျက်နှာအနေအထားနဲ့ လိုက်ဖက်ညီသွားအောင် ပိုလွန်းကြီးလွန်းနေတဲ့ နှာတံအရိုးနဲ့အရိုးနုလေးတွေကို အသေးစိတ်ခြစ်ထုတ်ပေးဖြင်း အားဖြင့် ခွဲစိတ်ကုသပြုပြင်မှုပြုလုပ်ခြင်း ဖြစ်ပါတယ်။ နှာခေါင်းပေါက်ထဲကနေ ခွဲစိတ်မှုပြုလုပ်ပေးမှာဖြစ်တဲ့အတွက်လည်း အမာရွတ် သေးသေးကလေး သို့မဟုတ် လုပ်ရမယ့်အနေအထားအရ တစ်ခါတစ်ရံမှာလည်း အမာရွတ်ကျန်နေမှာ မဟုတ်ပါဘူး။
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်
ခွဲစိတ်ကုသမှုအမည် ကုန်ကျစရိတ်
Nose Reshaping ဘတ် ၉၀၀၀၀ ( ဆေးရုံ ၂ညအိပ်)
နှာခေါင်းပေါက်နှစ်ခုခြား နံရံခွဲစိတ်ပြုပြင်ခြင်း ဘတ် ၈၀၀၀၀ (ဆေးရုံ ၂ညအိပ်)
အရိုးနုအစားထိုးပီးနှာတံထိပ်ခွဲစိတ်ပြုပြင်ခြင်း ဘတ် ၄၅၀၀၀
နှာခေါင်းပေါက်ကျဉ်းပေးခြင်း ဘတ် ၃၀၀၀၀
အမေးများသော မေးခွန်းများနှင့်အဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေစဉ် အိပ်ပျော်နေမလား
အဖြေ ၁ ခွဲစိတ်ကုသမှုပြုလုပ်ရာတွင် မေ့ဆေးကိုအသုံးပြုမည်ဖြစ်သောကြောင့် ခွဲစိတ်မှုပြုလုပ်နေစဉ်တစ်လျှောက်လုံး လုံးဝအိပ်ပျော်နေမည်။ ခွဲစိတ်မှုပြုလုပ်ချိန် ၁နာရီမှ ၂နာရီထိကြာမြင့်မည်။
မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဒဏ်ရာမှနာကျင်မှုရှိနိုင်မလား ဘယ်လောက်ကြာအောင် နာကျင်မှုရှိနိုင်မလဲ
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် နှာခေါင်းနှင့် နှာခေါင်းတစ်ဝိုက်တွင် ရောင်ရမ်းနေပီး နာကျင်မှုရှိနိုင်ပါမည်။ နာကျင်ကိုက်ခဲခြင်းသက်သာစေရန် ဆရာဝန်ညွန်ကြားသော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်။ ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ် သို့မဟုတ် ၃ပတ် ကြာသောအခါ နာကျင်ရောင်ရမ်းခြင်းများ တဖြည်းဖြည်းလျော့နည်းလာပီး တဖြည်းဖြည်းပုံမှန်အနေအားသို့ ပြန်လည်ရောက်ရှိသွားမည်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံမှာဘယ်လောက်ကြာအောင်နေရမလဲ
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံတွင် ၁ရက်မှ ၂ရက်ခန့် ဆေးရုံတက်ရမည်။ ခွဲစိတ်မှုပြုလုပ်ပီး တစ်ပတ်မှ ၁၀ရက်အကြာတွင် အနာချုပ်ရိုးဖြည်ရန် ဆေးရုံသို့ပြန်လာပြရပါမည်။
မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက် မိမိကိုယ်ကို မည်ကဲ့သို့ဂရုစိုက်ရမည်နည်း
အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီး ရက်အနည်းငယ်ခန့် နှာတံကိုထိခိုက်မိခြင်း၊ နှပ်ညှစ်ထုတ်ခြင်းများ ရှောင်ရမည်။ နှာတံပေါ်တွင်ကပ်ထားသော ပလာစတာအမာလေးကို ခွဲစိတ်ပီး ၄ရက်မှ ၇ရက်ထိ ကပ်ပေးထားရမည်။ ခွဲစိတ်မှုပြုလုပ်ပီး ၁ပတ်မှ ၂ပတ်အကြာတွင် ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းနိုင်မည်။ အလေးအပင်မ ခြင်း၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်ခြင်းများကို ခွဲစိတ်မှုပြုလုပ်ပီး ၁လမှ ၂လအထိ ရှောင်ကြဉ်ရမည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် နေ့စဉ် လုပ်ကိုင်ရသော အလုပ်အခြေအနေ၊ လူတစ်ဦးချင်းတစ်ယောက်ချင်းစီ၏ အခြေအနေနှင့် အခြားအခြေအနေများကို မူတည်ပီး ပုံမှန်အခြေအနေပြန်ရောက်ချိန် တစ်ယောက်နှင်းတစ်ယောက် မတူညီနိုင်ပါ။
မေးခွန်း ၅ ခွဲစိတ်ပီးနောက်ပိုင်း ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်သလဲ
အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာသွေးထွက်ခြင်း၊ အသုံးပြုရသော မေ့ဆေးများ၏ဆိုးကျိုးများ ဖြစ်တတ်ခြင်၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် အတိအကျထပ်တူညီမှုမရှိခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ မျက်ရည်ပြွန်ထိခိုက်ဒဏ်ရာရခြင်းနှင့် လိုအပ်ပါက ထပ်မံပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ရခြင်းများ ဖြစ်သည်။
မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၆ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ် ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ ရောဂါတစ်ခုခုကြောင့် အခြားမဖြစ်မနေသောက်ရမည့်ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။