ပေါင်အရေပြားတင်းအောင် ခွဲစိတ်ပြုပြင်ခြင်း
Thigh Lift ဆိုတာဘာလဲ
Thighplasty
Thigh Lift သို့မဟုတ် Thighplasty ဆိုတာ ပေါင်တံမှာရှိတဲ့ လျော့လျဲတွဲကျနေတဲ့အရေပြားတွေကို ပေါင်ခြံတစ်လျောက် ခွဲစိတ်ဒဏ်ရာပေးပီး ဖြတ်ထုတ်ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု မပြုလုပ်ခင်မှာ ကြွက်သားတွေ တင်းတင်းရင်းရင်းဖြစ်သွားအောင် လေ့ကျင့်ခန်းတွေ ကြိုတင်ပြုလုပ်ခဲ့မယ်ဆိုရင် ခွဲစိတ်ပီးနောက်ပိုင်း အကောင်းဆုံးရလဒ်တွေကို ရရှိမှာဖြစ်ပီး ပုံမှန်ပြန်ရောက်ချိန်လည်း မြန်မှာဖြစ်ပါတယ်။
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်
ကုသမှုအမည် ကုန်ကျစရိတ်
ပေါင်အရေပြားတင်းအောင်ခွဲစိတ်ခြင်း ဘတ် ၁၁၀၀၀၀ ( ဆေးရုံ ၂ညအိပ်အပါအဝင်)
အမေးများသော မေးခွန်းများနှင့် အဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေစဉ် သတိရနေမလား
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာမှာ မေ့ဆေးကိုအသုံးပြုမှာဖြစ်ပီး ခွဲစိတ်မှုတစ်လျောက်လုံး အိပ်ပျော်နေမှာ ဖြစ်ပါတယ်။
မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံမှာ ဘယ်လောက်ကြအောင် နေရမလဲ
အဖြေ ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံ ၂ရက်တက်ရမှာဖြစ်ပီး တစ်ပတ်ကနေ ၁၀ရက်ကြာရင်တော့ ဆေးရုံကို အနာချုပ်ရိုးဖြည်ဖို့ ပြန်လာပြရမှာ ဖြစ်ပါတယ်။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ပုံမှန်ပြန်ရောက်ချိန် ဘယ်လောက်ကြာမလဲ
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ပေါင်တံရောင်ရမ်းနေတတ်ပီး ညိုမည်းစွဲနေတတ်ပါမယ်။ ပုံမှန်အနေအထားကိုတော့ ခွဲစိတ်မှုပြုလုပ်ပီး ၃ပတ်လောက်အကြာမှာ တစ်ဖြည်းဖြည်း ရောက်ရှိသွားပါလိမ့်မယ့်။ အနာလည်း တဖြည်းဖြည်းကျက်သွားမှာဖြစ်ပီး ခွဲစိတ်ပီး ၆လကနေ ၁နှစ်လောက်ကြာရင် ပုံမှန်ဖြစ်သွားပါလိမ့်မယ်။
မေးခွန်း ၄ ခွဲစိတ်မှုပြုလုပ်ပီးရလဒ်က တစ်သက်လုံးကြာရှည်ခံမလား
အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီးရလဒ်က ကိုယ်အလေးချိန် အပြောင်းအလဲအပေါ် မူတည်ပါတယ်။
မေးခွန်း ၅ ခွဲစိတ်ဒဏ်ရာ အမာရွတ်က မြင်နိုင်မလား
အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ပီးနောက် အမာရွတ်ဖြစ်ပေါ်ခြင်းက အဓိကပြသနာတစ်ခုပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ခွဲစိတ်ဒဏ်ရာ အမာရွတ်ကလည်း တဖြည်းဖြည်းတော့ မှေးမှိန်လာနိုင်မှာဖြစ်ပီး ရေကူးဝတ်စုံ သို့မဟုတ် အတွင်းခံဝတ်ရင်လည်း မြင်ရမှာတော့ မဟုတ်ပါဘူး။ ယခင်က အမာရွတ်အသီးထခြင်း ဖြစ်ဖူးတဲ့သူတွေမှာတော့ ခွဲစိတ်ပီးရရှိလာမယ့် အမာရွတ်အသီးထခြင်းထက် ရလာတဲ့အကျိုးကျေးဇူးတွေကိုသာ ကျေနပ်ရောင့်ရဲရမှာ ဖြစ်ပါတယ်။
မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်သေးလဲ
အဖြေ ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ဒဏ်ရာမှသွေးထွက်ခြင်း၊ ခွဲစိတ်မှုပြုလုပ်ရာမှာအသုံးပြုရတဲ့ မေ့ဆေးများ၏ ဆိုးကျိုးများရှိတတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ဒဏ်ရာအသားတက်ခြင်းနှင့် လိုအပ်ပါက ထပ်မံခွဲစိတ်ပြုပြင်မှု ပြုလုပ်ရခြင်းတို့ပင် ဖြစ်ပါသည်။
မေးခွန်း ၇ ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၇ ခွဲစိတ်မှုပြုလုပ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ ၂ ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများ သုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများ သုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ အခြားမဖြစ်မနေ သောက်ရမည့် ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန် လိုအပ်ပီး ဆရာဝန်ခွင့်ပြုသော ဆေးများကိုသာ သောက်ရပါမည်။