အလှအပဆိုင်ရာဝန်ဆောင်မှုများ

ဝမ်းဗိုက်အရေပြားပိုများ

ဖြတ်ထုတ်ခြင်း

Tummy Tuck ပြုလုပ်ခြင်းသည် ဝမ်းဗိုက်ရှိ လျော့လျဲတွဲကျနေသော အရေပြားပိုများနှင့်အဆီများကို ဖြတ်ထုတ်ဖယ်ရှားပေးခြင်းအားဖြင့် သဘာဝကျကျ တင်းတင်းရင်းရင်း ပြားချပ်ချပ်လေးဖြစ်သွားအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသောလမ်းညွှန်မှုတွင် ဝမ်းဗိုက်အဆီပိုနှင့်တွဲကျနေသည့် အရေပြားများကိုဖြတ်ထုတ်ဖယ်ရှားခြင်းနှင့် ပက်သတ်ပီး ခွဲစိတ်မှုမပြုလုပ်မှီ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ကြိုတင်ဆွေးနွေးချိန်မှစ၍ ခွဲစိတ်မှုပြုလုပ်ပီးမည်ကဲ့သို့ ဂရုစိုက်ရမည်အထိ မိမိတို့သိရှိထားရမည့် အကြောင်းအရာများအားလုံးကို ပြည့်ပြည့်စုံစုံ လမ်းညွှန်ပြသပေးပါမည်။   

Tummy Tuck ဆိုတာဘာလဲ ?

ရန်ဟီးဆေးရုံတွင် tummy tuck ပြုလုပ်ရန် စဥ်းစားနေပါသလား?  Tummy tuck  ပြုလုပ်ခြင်းသည်  Abdominoplasty  ဟုလည်း အမည်ခေါ်တွင်ပီး အထူးသဖြင့် ဝမ်းဗိုက်အလယ်ပိုင်းနှင့် အောက်ဘက်ပိုင်းရှိ လျော့လျဲတွဲကျနေသည့် အရေပြားနှင့် အဆီပိုများကို ဖြတ်ထုတ်ဖယ်ရှားပေးသည့် အလှအပဆိုင်ရာ ခွဲစိတ်ကုသပြုပြင်မှုတစ်ခုဖြစ်ပါသည်။ ဝမ်းဗိုက်ကြွက်သားများကို တင်းတင်းရင်းရင်းဖြစ်အောင်ပြုလုပ်ပေးခြင်းဖြင့် ပြားပြားချပ်ချပ် အဆီပိုနှင့်အရေပြားပိုများရှိမနေသည့် ဝမ်းဗိုက်အနေအထားကို ပေါ်လွင်သွားစေပါမည်။  

Tummy Tuck at Yanhee Hospital

ရန်ဟီးဆေးရုံကြီးတွင် ဝမ်းဗိုက်ရှိ အဆီပိုများနှင့် တွဲကျနေသော အရေပြားများကို ဖြတ်ထုတ်ဖယ်ရှားပီး တင်းတင်းရင်းရင်း ချပ်ချပ်လျက်လျက်လေးဖြစ်နေမည့် အနေအထားကို ကုန်ကျစရိိတ်သက်သက်သာသာဖြင့် ခွဲစိတ်ပြုပြင်မှု ပြုလုပ်နိုင်ပီဖြစ်ပါသည်။ ဝမ်းဗိုက်ကြွက်သားတင်းအောင် လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် အစားအသောက်ထိန်းခြင်းများဖြင့် ဝမ်းဗိုက်ကြွက်သားအရေပြားများ တင်းတင်းရင်းရင်းချပ်ချပ်လျက်လျက်လေးဖြစ်သွားရန်ပြုလုပ်နိုင်သော်လည်း ရန်ဟီးဆေးရုံတွင် tummy tuck နည်းဖြင့် ခွဲစိတ်ပြုပြင်မှုပြုလုပ်လိုက်ခြင်းအားဖြင့် ဝမ်းဗိုက်အရေပြားတင်းရင်းပြားချပ်သွားရုံမျှမက ဝမ်းဗိုက်အရေပြားရှိ ဗိုက်ကြောပြတ်ရာအရေးအကြောင်းများလည်း ပျောက်ကင်းသွားပါမည်။ ထို့အပြင် tummy tuck နည်းဖြင့်ခွဲစိတ်မှုပြုလုပ်ပီး ဝမ်းဗိုက်အရေပြားများတင်းရင်းပြားချပ်သွားအောင် ပြုလုပ်ခြင်းသည့် ခွဲစိတ်မှုရလဒ်ကိုကြာရှည်ခံနိုင်သည့် အကောင်းဆုံးသောနည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။  

ဝမ်းဗိုက်အရေပြားတင်းရင်းပြားချပ်သွားအောင် ခွဲစိတ်မှုပြလုပ်ခြင်းသည် မည်ကဲ့သို့သောသူများအတွက် အကျိုးထူးမလဲ?

ပုံမှန်ကိုယ်အလေးချိန်ရှိပီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပသူများလည်း ဝမ်းဗိုက်အရေပြားလျော့လျဲတွဲကျနေခြင်း ရှိနေနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ကိုယ်ဝန်ဆောင်ခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကိုယ်အလေးချိန်သိသိသာသာကျသွားခြင်း၊ မျိုးရိုးလိုက်ခြင်းစသော အကြောင်းရင်းများစွာကြောင့် ဝမ်းဗိုက်အရေပြား လျော့လျဲတွဲကျလာခြင်း ဖြစ်ပါသည်။ ဝမ်းဗိုက်အရေပြားတင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်ပြုပြင်မှုမပြုလုပ်မှီ  မိမိရရှိလိုသည့်  ခွဲစိတ်မှုပြုလုပ်ပီး ရရှိလာမည့်ရလဒ်အနေအထားနှင့် ခွဲစိတ်မှုပြုလုပ်ပီးနောက်ဖြစ်နိုင်ချေရရှိသည့် နောက်ဆက်တွဲဆိုးကျိုးပြဿနာများနှင့်ပက်သတ်ပီး  မိမိအားခွဲစိတ်မှုပြုလုပ်ပေးမည့် ဆရာဝန်ကြီးနှင့် သေသေချာချာဆွေးနွေးရမည်။  ဝမ်းဗိုက်အရေပြားတင်းတင်းရင်းရင်းဖြစ်သွားအောင် ခွဲစိတ်မှုပြုလုပ်ရန် အသင့်တော်ဆုံးသော သူများမှာ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဝမ်းဗိုက်အရေပြားလုံးဝ တင်းရင်းပြားချပ်သွားမည့်ရလဒ်မျိုးထက် လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သွားပီး ကြည့်ကောင်းသွားမည့်အနေအထား ရရှိလာခြင်းကို  လက်ခံနိုင်မည့်သူများသာ ပြုလုပ်သင့်ပါသည်။  

ဝမ်းဗိုက်အရေပြားပိုများကို ဖြတ်ထုတ်ဖယ်ရှားသည့်နည်းဖြင့် ဝမ်းဗိုက်အရေပြားတင်းရင်းပြားချပ်သွားအောင် ခွဲစိတ်ပြုပြင်မှုသည် သင့်အတွက်မှန်ကန်သောရွေးချယ်မှုတစ်ခု ဖြစ်ပါသလား?

အောက်ဖော်ပြပါအခြေအနေတစ်ခုခုနှင့် ကိုက်ညီမှုရှိပါက  ရန်ဟီးဆေးရုံတွင် Tummy tuck ဟုခေါ်သည့် ဝမ်းဗိုက်အရေပြားအပိုများကို ဖြတ်ထုတ်ဖယ်ရှားပေးသည့်နည်းလမ်းဖြင့် ခွဲစိတ်ကုသပြုပြင်မှုပြုလုပ်ရန် သင့်တော်ပါသည်။

  • သင်သည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပီး ခန္ဓာကိုယ်ပုံစံအချိုးအစားကျသော်လည်း လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအသောက်ထိန်းခြင်းများဖြင့် ဝမ်းဗိုက်တွင်စုပုံနေသောအဆီပိုများမလျော့ပဲ ဝမ်းဗိုက်အရေပြားများတွဲကျနေခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်နေခြင်း
  • သင်၏ အရေပြားလျော့လျဲတွဲကြခြင်း အလွန်မဆိုးပဲ ကောင်းမွန်သည့်အနေအထားရှိနေသေးခြင်း
  • ခွဲစိတ်မှုပြုလုပ်ပီးရရှိလာမည့်ရလဒ်ကို လက်တွေ့ကျကျလက်ခံနိုင်ခြင်း
  • ခွဲစိတ်မှုပြုလုပ်ပီး ပြန်လည်နာလန်ထူချိန်အတောအတွင်း စွန့်စားမှုအနေဖြင့်ခွဲစိတ်မှုပြုလုပ်ခြင်းဖြင့် ရရှိလာသောအတွေ့အကြုံကို လူမှု့ယဥ်ကျေးမှုပိုင်ဆိုင်ရာအတွေ့အကြုံတို့နှင့် ပေါင်းစပ်ရရှိလာမည့်ရလဒ်ကို စိတ်ဝင်စားမှုရှိခြင်း
  • ဆေးလိပ်လုံးဝမသောက်ခြင်း

ဝမ်းဗိုက်အရေပြားနှင့်အဆီပိုများဖြတ်ထုတ်ဖယ်ရှားခြင်းပြုလုပ်ခြင်းသည် ကိုယ်အလေးချိန်ကျစေမည့်ကုသမှုတစ်ခုမဟုတ်သဖြင့် ကိုယ်အလေးချိန်ကျသွားစေလိုသော စိတ်ဆန္ဒရှိသူများအနေဖြင့် Tummy tuck နည်းလမ်းကို မရွေးချယ်သင့်ပေ။ ထို့အပြင် ကိုယ်ဝန်ထပ်ဆောင်ရန် အစီအစဥ်ရှိသော အမျိုးသမီးများအနေဖြင့်လည်း Tummy tuck နည်းဖြင့်ခွဲစိတ်မှုပြုလုပ်ရာတွင် ဝမ်းဗိုက်ရှိထောင်လိုက်ကြွက်သားများကို ဆွဲတင်းထားပီး ကိုယ်ဝန်ထပ်ဆောင်ခဲ့ပါက ၎င်းကြွက်သားများ ပြန်လည်လျော့လျဲမှုဖြစ်လာနိုင်သောကြောင့် ဤနည်းလမ်းကိုရွေးချယ်ပြုလုပ်ရန်  ခွဲစိတ်မှုပြုလုပ်မှီ သေသေချာချာ စဥ်းစားဆုံးဖြတ်သင့်ပါသည်။

ဝမ်းဗိုက်တွင် ယခင်ကခွဲစိတ်မှုတစ်ခုခုပြုလုပ်ခဲ့ဖူးပီး ခွဲစိတ်ဒဏ်ရာအမာရွတ်အသီးထခြင်း အမာရွတ်မလှမပဖြစ်နေခြင်းများ ဖြစ်ဖူးထားပါက ယခုအကြိမ်ဝမ်းဗိုက်အရေပြားတင်းအောင်ခွဲစိတ်မှုပြုလုပ်လျှင်လည်း အမာရွတ်အသီးထခြင်းနှင့် အမာရွတ်မလှမပဖြစ်တတ်ခြင်းတို့ ပိုမိုသိသိသာသာဖြစ်နိုင်သဖြင့် အခြားနည်းလမ်းများကို ရွေးချယ်ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။

ဝမ်းဗိုက်အရေပြားဖြတ်ထုတ်ဖယ်ရှားခြင်း၏ အားနည်းချက်တွေက ဘာတွေလဲ?

ဝမ်းဗိုက်အ‌ရေပြားအပိုများကို ဖြတ်ထုတ်ဖယ်ရှားလိုက်ခြင်းအားဖြင့်  ကိုယ်အ‌လေးချိန်လည်းကျသွားမည်မဟုတ်သလို လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ခန္ဓာကိုယ်အချိုးအစား‌ပြေပြစ်လှပအောင် ပြုလုပ်ပေးမည် မဟုတ်ပါ။ ထို့အပြင် ဝမ်းဗိုက်အရေပြားအပိုများကို ဖြတ်ထုတ်ဖယ်ရှားလိုက်ခြင်းအားဖြင့်  ချက်အောက်ဖက်ပိုင်းရှိ ဗိုက်ကြောပြတ်ရာ Stretch marks များ ဖြတ်ထုတ်လိုက်မည့် အရေပြားပိုများထဲတွင်ပါသွားသဖြင့် ဗိုက်ကြောပြတ်ရာများ လက်ရှိအနေအထားထက် ပိုမိုသက်သာပျောက်ကင်းသွားပါမည်။      

ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရာတွင် မည့်သည့်အကြောင်းအရာများကြိုတင်ဆွေးနွေးရမလဲ?

ခွဲစိတ်မှုပြုလုပ်ရာတွင်  ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနှင့် ခွဲစိတ်မှုအောင်အောင်မြင်မြင်ပြီးမြောက်သွားစေခြင်းသည် ခွဲစိတ်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ရာတွင် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဖြင့် ရှင်းပြဆွေးနွေးတိုင်ပင်မှုအပေါ်  များစွာသက်ရောက်မှုရှိပါသည်။    

  • ခွဲစိတ်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးစဥ် ခွဲစိတ်ဆရာဝန်မှ သင်၏လက်ရှိအနေအထားအရ ခွဲစိတ်မှုပြုလုပ်ပီးနောက် ‌‌ပြောင်းလဲရရှိလာမည့် ရလဒ်နှင့်ပက်သတ်ပီး သေသေချာချာရှင်းပြဆွေးနွေးမှု ပြုလုပ်ပါလိမ့်မည်။ ဝမ်းဗိုက်အရေပြားအပိုများဖြတ်ထုတ်ဖယ်ရှားပီးနောက် ရရှိလာမည့်အကျိုးရလဒ်များကိုသိရှိပီး ထိုရလဒ်အပေါ် မိမိ၏ထင်မြင်ယူဆချက်များကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြရန် အလွန်ပင် အရေးပါလှပါသည်။  
  •  ခွဲစိတ်ဆရာဝန်မှ အကောင်းဆုံးသောခွဲစိတ်မှုရလဒ်ရရှိရန် သင့်အတွက်အသင့်တော်ဆုံး‌ထင်မြင်ယူဆချက်များကို မျှဝေပေးပါလိမ့်မည်။ ခွဲစိတ်မှုပြုလုပ်ပီး မိမိရရှိလိုသည့်ရလဒ်နှင့် မိမိ၏မျှော်လင့်ချက်များကိုလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးရပါမည်။        
  • ဝမ်းဗိုက်အရေပြားပိုများ ဖြတ်ထုတ်ပီးနောက် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာများနှင့် အသုံးပြုမည့်မေ့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း သေသေချာချာရှင်းပြပေးပီးနောက် ခွဲစိတ်မှုပြုလုပ်ရန်သဘောတူညီခွင့်ပြုချက်ပုံစံတွင်လည်း လက်မှတ်ထိုးပေးရပါမည်။  
  • ခွဲစိတ်မှုမပြုလုပ်မှီ ကြိုတင်သုံးသပ်မှုများပြုလုပ်ရာတွင် သင်၏ကျန်းမာရေးအခြေအနေများကို အကဲဖြတ်စမ်းသပ်မှုများပြုလုပ်ပီးနောက် ခွဲစိတ်မှုလုပ်ငန်းစဥ်များအရ လိုအပ်သော ကျန်းမာရေးမှတ်တမ်းဓာတ်ပုံများလည်း ရိုက်ယူထားမည်ဖြစ်ပါသည်။    
  • ထို့အပြင် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရာတွင်  ခွဲစိတ်မှုပြုလုပ်ရန်အသုံးပြုမည့်မေ့ဆေး၊ ခွဲစိတ်ဒဏ်ရာပေးမည့်နေရာစသည်တို့အပြင် အခြားမိမိသိရှိလိုသော အကြောင်းအရာများကို ဆွေးနွေးမေးမြန်းနိုင်မည့် အကောင်းဆုံးသောအချိန်ပင် ဖြစ်ပါသည်။        

ဝမ်းဗိုက်အရေပြားပိုများဖြတ်ထုတ်ရန် ပြီးပြည့်စုံသော လမ်းညွန်ချက်များ

ဝမ်းဗိုက်အရေပြားပိုများဖြတ်ထုတ်ရာတွင် သိထားရမည့်အကြောင်းအရာများ


ဝမ်းဗိုက်အရေပြားပိုများဖြတ်ထုတ်ရန် ကြိုတင်ပြင်ဆင်ရမည့် အရာများ

ဆက်ဖတ်ရန်

ခွဲစိတ်မှုမပြုလုပ်မှီ ကြိုတင်တိုင်ပင်ဆွေးနွေးမှုပြုလုပ်ရာတွင် ခွဲစိတ်ဆရာဝန်မှ ကြိုတင်ပြင်ဆင်ရမည့်အရာများကို အသေးစိပ်ရှင်းပြပေးပါလိမ့်မည်။ ခွဲစိတ်မှုမပြုလုပ်မှီ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များတွင် ဆေးလိပ်ကြိုတင်ဖြတ်ထားခြင်း၊ မိမိသောက်နေကျဆေးများရှိပါက ကြိုတင်ဖြတ်ထားရန်လိုအပ်သည့်ဆေးများကို ကြိုတင်ဖြတ်ထားခြင်း၊ ခွဲစိတ်မှုပြုလုပ်မည့်နေ့တွင် ဆေးရုံသို့ယူဆောင်လာရမည့်အရာများနှင့် အစားအသောက်များ မည်သည့်အချိန်မှစ၍ကြိုတင်ဖြတ်ထားစေခြင်း စသည့်တို့ပါဝင်ပါသည်။  

ခွဲစိတ်မှုအောင်အောင်မြင်မြင်ပီးဆုံးသွားပီး ပုံမှန်အခြေအနေသို့ မြန်မြန်ပြန်လည်ရောက်ရှိစေရန် ခွဲစိတ်မှုမပြုလုပ်မှီ လိုက်နာဆောင်ရွက်ရမည့် ဆရာဝန်ညွှန်ကြားချက်များကို တသွေမတိမ်းလိုက်နာဆောင်ရွက်ရန် အလွန်ပင် အရေးကြီးလှပါသည်။

ဝမ်းဗိုက်အရေပြားပိုများ ဖြတ်ထုတ်ခြင်းမပြုလုပ်မှီ သင် အထူးဂရုစိုက်ပီးလိုက်နာဆောင်ရွက်ရမည့် ဆရာဝန်ညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဆေးလိပ်ဖြတ်ထားခြင်း။     ။ ခွဲစိတ်မှု မပြုလုပ်မှီနှင့် ခွဲစိတ်မှုပြုလုပ်ပီး နှစ်ပတ်အတွင်း ဆေးလိပ်လုံးဝဖြတ်ထားရပါမည်။ ဆေးလိပ်သောက်ခြင်းသည် ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာများကို ပိုဖြစ်စေနိုင်ပီး၊ ခွဲစိတ်ဒဏ်ရာအနာကျက်ခြင်းကိုလည်း ပို၍နှေးစေနိုင်ပါသည်။ ထိုအပြင် ခွဲစိတ်ဒဏ်ရာအမာရွတ်ကိုလည်း ပို၍သိသာထင်ရှားစေနိုင်ပါသည်။  ဆေးလိပ်ဖြတ်ထားခြင်းမရှိပဲ ဆက်တိုက်သောက်နေပါက ခွဲစိတ်ဆရာဝန်မှ ခွဲစိတ်မှုပြုလုပ်ပေးမည် မဟုတ်ပါ။
  • အရက်ဖြတ်ထားခြင်း။     ။ Refrain ခွဲစိတ်မှုမပြုလုပ်မှီ တစ်ပတ်ကြိုတင်၍ အရက်လုံးဝဖြတ်ထားရပါမည်။ ခွဲစိတ်မှုပြုလုပ်မည့်နေ့တွင်လည်း အရက်လုံးဝသောက်မရပါ။ ခွဲစိတ်မှုလုပ်မည့်အချိန်မတိုင်မှီ အနည်းဆုံး ၆နာရီအတွင်း မည်သည့်အစားအသောက်မျှ စားသုံးခြင်း မပြုလုပ်ရပါ။
  • ဆေးဝါးများနှင့် အားဖြည့်စာများ။      ။  Aspirin ကဲ့သို့သော သွေးကျဲဆေးများ၊  အရောင်ကျဆေးများနှင့် သဘာဝတိုင်းရင်းဆေးဖြည့်စွက်စာများစသည့်တို့သည် သွေးထွက်ခြင်းကို ပိုဖြစ်စေနိုင်သော‌ကြောင့် ၎င်းဆေးဝါးများအားလုံးကို ဖြတ်ထားရပါမည်။

အထူးညွှန်ကြားချက်များတွင် အောက်ပါအချက်အလက်များပါဝင်ပါသည်။  

  • ခွဲစိတ်မှုမပြုလုပ်မည့်နေ့တွင် ကြိုတင်ပြင်ဆင်ရမည့်အရာများ
  • ခွဲစိတ်မှုပြုလုပ်ရာတွင် အသုံးပြုမည့်မေ့ဆေးနှင့်ပက်သတ်သည့် သတင်းအချက်အလက်များ
  • ခွဲစိတ်မှုပြုလုပ်ပီးနောက် ဂရုစိုက်ရမည့်ညွှန်ကြားချက်များနှင့် ဆရာဝန်ရက်ချိန်းများ

    ဆေးလိပ်သောက်သူများအတွက် အထူးညွန်ကြားချက်များ 

    ဆေးလိပ်သောက်နေပါက ဆေးလိပ်ချက်ချင်းဖြတ်ရန် အကြံပြုပါလိမ့်မည်။ ခွဲစိတ်မှုပြုလုပ်ရာတွင်အသုံးပြုမည့် မေ့ဆေးအာနိသင်ကို အနှောက်အယှက်အဟန့်အတားမရှိစေရန် သို့မဟုတ် ခွဲစိတ်မှုပြုလုပ်ပီး ဒဏ်ရာအနာကျက်ခြင်းတို့ကို သက်ရောက်မှုမရှိစေရန် သင်၏ခန္ဓာကိုယ်ထဲတွင် နီကိုတင်းဓာတ်လုံးဝ ကင်းစင်သည့်အနေထားရောက်သည်အထိစောင့်ပီးမှ ခွဲစိတ်မှုကိုပြုလုပ်ရတတ်ပါသည်။ 

    နီကိုတင်းပါဝင်သည့် ကပ်ခွာများကပ်ခြင်း၊ e-cigarettes များသုံးခြင်းတို့လည်း ရပ်ရမည်။ ဆေးလိပ်သောက်ခြင်းကြောင့် ခွဲစိတ်မှုပြုလုပ်စဥ် အသက်ရှူလမ်းကြောင်း ယားယံခြင်းမှ အသက်ရှူလမ်းကြောင်း ပိတ်သွားတတ်ခြင်းနှင့် ခွဲစိတ်မှုပြုလုပ်စဥ် မေ့ဆေးပေးရာတွင် ချောင်းဆိုးခြင်းစသည်တို့ကိုလည်း ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် ခွဲစိတ်ဒဏ်ရာအနာကျက်နှေးစေသကဲ့သို့ ဒဏ်ရာအမာရွတ်အသီးထခြင်း အနာကျက်နှေးခြင်း စသည်တို့ကိုလည်း ဖြစ်စေနိုင်ပါသည်။ 

    

    ဝမ်ဗိုက်အရေပြားပိုများဖြတ်ထုတ်ခြင်းကြောင့် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာများ

    ဆက်ဖတ်ရန်

    The decision to undergo tummy tuck surgery is deeply personal, and it is important to weigh the benefits against the potential risks and complications. Your plastic surgeon and their team will provide detailed explanations of possible complications associated with tummy tuck surgery. You will be asked to sign consent forms indicating your full understanding of the procedure and its potential risks.

    Potential risks associated with tummy tuck surgery include:

    • Unfavorable scarring
    • Bleeding (hematoma)
    • Infection
    • Fluid accumulation
    • Poor wound healing
    • Skin loss
    • Blood clots
    • Numbness or changes in skin sensation
    • Risks associated with anesthesia
    • Skin discoloration or prolonged swelling
    • Fat necrosis (death of fatty tissue deep within the skin)
    • Significant wound separation
    • Asymmetry
    • Recurrence of loose skin
    • Persistent pain
    • Deep vein thrombosis, as well as cardiac and pulmonary complications
    • Persistent swelling in the legs
    • Nerve damage
    • Possible need for revision surgery
    • Suboptimal aesthetic outcome
    

    ဝမ်းဗိုက်အရေပြားအပိုများဖြတ်ထုတ်ဖယ်ရှားခြင်း ခွဲစိတ်မှုပြုလုပ်ပုံ

    ဆက်ဖတ်ရန်

    What happens during tummy tuck surgery?

    Tummy Tuck Incision

    The tummy tuck procedure involves the following steps:

    1. The surgeon makes a linear incision along the bikini line, extending from hipbone to hipbone.
    2. The skin and fat are separated from the abdominal wall, and excess fat and skin are removed.
    3. Muscles are tightened by pulling them together and stitching them into place.
    4. The incision is closed with stitches, and dressings are applied. A temporary tube may be inserted to drain excess fluid.
    5. The surgery takes about 2-3 hours under general anesthesia.
    6. Results include a flatter, firmer abdominal contour that is proportionate to your body type and weight.
    7. Initially, swelling may obscure the final results, and you may have difficulty standing fully upright until internal healing is complete.
    8. Within a week or two, you should notice a slimmer profile and feel more confident.
    

    ဝမ်းဗိုက်အရေပြားပိုများဖြတ်ထုတ်ပီး ပုံမှန်အခြေအနေမရောက်မှီ အနာကျန်မြန်အောင် ဂရုစိုက်ပုံစိုက်နည်းများ

    ဆက်ဖတ်ရန်

    After your surgery, dressings or bandages will be applied to your incisions. You may also be wrapped in an elastic bandage or compression garment to reduce swelling and support your abdomen during the healing process.

    A small, thin tube may be inserted under the skin temporarily to drain excess blood or fluid and help minimize swelling after tummy tuck surgery.

    Tummy Tuck Post-Operative Care

    • Use pillows under the knees and back for support while in bed, and keep the waist bent.
    • You may lie on your side or back and move your feet to improve circulation in the legs.
    • Wear the elastic compression garment snugly for 4-6 weeks.
    • Only take sponge baths for a few days after surgery. You may shower 7-10 days after surgery, once stitches are removed.
    • Resume normal activities after 2 weeks, but avoid strenuous activities for 4-6 weeks.
    • Keep your waist bent when walking for 2-3 days after surgery.
    • Follow up with your surgeon for a check-up and stitch removal 7-10 days after surgery.

    PRICE AND PACKAGES

    Procedure

    Hospital Stay

    Price (THB)

    Tummy Tuck (Lipectomy). Body weight less than 70 kgs

    3 Nights

    126,000

    Tummy Tuck (Lipectomy). Body weight more than 70 kgs 

    3 Nights

    18,000 per 10 Kgs

    Laser to reduce stretch marks

    None

    27,500

    Navelplasty (Local)

    None

    50,500

    Umbilicoplasty for outie?

    None


    28,500

    Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

    AVAILABLE DOCTORS

    ခွဲစိတ်မှုနှင့်ပက်သတ်ပီးအမေးများလေ့ရှိသည့် မေးခွန်းများ

    ကိုယ်ဝန်‌ဆောင်ပီးနောက် ဖြစ်ပေါ်လာသော ဝမ်းဗိုက်ရှိ ဗိုက်ကြောပြတ်ရာများ ပျောက်ကင်းသွားမလား?

    ဝမ်းဗိုက်အရေပြားပိုများ ဖြတ်ထုတ်ဖယ်ရှားရာတွင် ချက်အောက်ပိုင်းရှိ အရေပြားအပိုများနှင့် ဗိုက်ကြောပြတ်ရာများကို ဖြတ်ထုတ်ဖယ်ရှားပေးမည်ဖြစ်ပီး ချက်အပေါဘက်ပိုင်းရှိ ဗိုက်ကြောပြတ်ရာများ ဆက်လက်ကျန်ရှိနေပါလိမ့်မည်။ 

    ခွဲစိတ်မှုပြုလုပ်ပီးနောက် ဝမ်းဗိုက်လုံးဝပြားချပ်သွားမလား?

    ဝမ်းဗိုက်အရေပြားပိုများဖြတ်ထုတ်ဖယ်ရှားရာတွင် ဝမ်းဗိုက်ရှိပိုနေသောအရေပြားနှင့် အဆီပိုများကိုသာ  ဖြတ်ထုတ်ဖယ်ရှားပေးခြင်းဖြစ်ပီး၊ ဝမ်းဗိုက်အတွင်းပိုင်းကလီစာများရှိ အဆီပိုများကို ဖယ်ရှားပေးခြင်းမဟုတ်ပါ။ ထို့ကြောင့် ခွဲစိတ်မှုပြုလုပ်ပီး‌နောက် လက်ရှိအ‌နေအထားထက် ဝမ်းဗိုက်ပို၍ပြားချပ်သွားမည်ဖြစ်သော်လည်း လုံးဝပြားချပ်သွားမည်မဟုတ်ပါ။ 

    ဘန်ကောက်မြို့တွင် အချိန်မည်မျှကြာအောင် နေဖို့လိုအပ်ပါသလဲ?

    ပုံမှန်အားဖြင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံ ၃ရက်တက်ရပါမည်။ ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်မှ ၁၀ရက်အကြာတွင် ခွဲစိတ်ဆရာဝန်ပြန်လာပြပီး အနာချုပ်ရိုးဖြည်ရပါမည်။  

    ခွဲစိတ်မှုပြုလုပ်ပီးရရှိလာမည့် ခွဲစိတ်မှုရလဒ်သည် ကြာရှည်ခံမလား?

    ခွဲစိတ်မှုပြုလုပ်ပီးနောက် ကျန်းမာရေးနှင့် ညီညွတ်သောအစားသောက်များစားခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့သည့် ခွဲစိတ်မှုရလဒ်ကို ကြာရှည်ခံအောင် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကိုယ်အလေးချိန်အတက်အကျ အပြောင်းအလဲရှိခြင်းတို့သည် ခွဲစိတ်မှုရလဒ်ကြာရှည်မခံ ဖြစ်တတ်ပါသည်။   

    ခွဲစိတ်မှုပြုလုပ်ပီး ဖြစ်ပေါ်လာမည့် အမာရွတ်နှင့်ပက်သတ်ပီး မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမလဲ ?

    ပုံမှန်အားဖြင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာအမာရွတ် ဖြစ်တတ်ပါသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခွဲစိတ်ဒဏ်ရာအမာရွတ် တဖြည်းဖြည်းမှေးမှိန်လာပီး ရေကူးဝတ်စုံ သို့မဟုတ် အတွင်းခံဘောင်းဘီအတွင်း ဖုံးကွယ်ထားနိုင်ပါမည်။ သို့သော် ပင်ကိုယ်ခွဲစိတ်ဒဏ်ရာအသီးထတတ်သည့်သူများအနေဖြင့် ခွဲစိတ်မှုပြုလုပ်ပီးရရှိလာမည့်ရလဒ်နှင့် ဖြစ်နိုင်ချေရှိသည့်အမာရွတ်အသီးထခြင်းတို့ကိုိုနှိုင်းယှဥ်တွက်ဆပီးမှ ခွဲစိတ်မှုပြုလုပ်သင့် မသင့် သေသေချာချာ စဥ်းစားဆုံးဖြတ်ရပါမည်။ 

    ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ ?

    ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနားများမှာ အနာသွေးထွက်ခြင်း၊ အသုံးပြုရသည့် မေ့ဆေးများ၏ဆိုးကျိုးများရှိတတ်ခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အဆီဆဲလ်များသေခြင်း၊ အနာပြဲဟခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်းနှင့် ခွဲစိတ်ဒဏ်ရာမာနေခြင်း သို့မဟုတ် အနာအသီးထခြင်း၊ လိုအပ်ပါက ထပ်မံခွဲစိတ်ပြုပြင်ရတတ်ခြင်းတို့ ဖြစ်ပါသည်။   

    ခွဲစိတ်မှုပြုလုပ်ရန် ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုမလဲ ?

    ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲပြဿနာများအဖြစ်နည်းပီး ဘေးအန္တရာယ်ကင်းစေရန် ဆေးလိပ်ဖြတ်ခြင်း၊ အရက်သေရည်မသောက်ခြင်း၊ ဟော်မုန်းဆေးများမသုံးစွဲခြင်း၊ တိုင်းရင်းဆေးဖြည့်စွက်စာများရှောင်ခြင်းနှင့် ဆရာဝန်ညွှန်ကြားထားခြင်းမရှိပဲသောက်နေသည့် ဆေးဝါးများအားလုံးကို ခွဲစိတ်မှုမပြုလုပ်မှီ အနည်းဆုံး နှစ်ပတ်ကြိုတင်ရပ်ထားရပါမည်။ ရောဂါအခံတစ်ခုခုရှိပီး ဆေးဝါးကုသမှုခံယူနေသူများလည်း မိမိပြနေကျဆရာဝန်ထံမှ ခွဲစိတ်မှုပြုလုပ်ရန်ခွင့်ပြုပါကြောင်း ဆေးဝါးထောက်ခံချက်များ ကြိုတင်တောင်းခံထားရပါမည်။ ဝမ်းဗိုက်အရေပြားပိုများဖြတ်ထုတ်မှုမပြုလုပ်မှီ ကြွက်သားများပိုမိုကျန်းမာကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းများ ပြုလုပ်ထားပါက ခွဲစိတ်မှုရလဒ်ကို ပိုမိုကောင်းမွန်စေပါမည်။     Â