သွားစိုက်ခြင်း
Dental Implants (သွားစိုက်ခြင်း)
သွားတစ်ချောင်း သို့မဟုတ် သွားအချောင်းပေါင်းများစွာ ဆုံးရှုံးဖူးပါသလား
အစားအသောက်တွေစားတဲ့အခါ အဆင်မပြေဖြစ်တာ စကားပြောတဲ့အခါ သွားမရှိပဲ လပ်နေတဲ့နေရာကနေ လေထွက်ပီးအသံမပီပြင်တာ သို့မဟုတ် ပြုံးလိုက်တဲအ့ခါ အဆင်မပြေပဲ မိမိကိုယ်ကိုမိမိ ယုံကြည်မှုမရှိတာမျိုး ခံစားဖူးပါသလား
အဲ့ဒီပြသနာတွေအားလုံးကို ပြေလည်သွားစေဖို့အတွက် သွားအတုစိုက်ခြင်းက ကူညီပါလိမ့်မယ် သွားတစ်ချောင်း သို့မဟုတ် တစ်ချောင်းမကဆုံးရှုံးရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။အဲ့ဒီအကြောင်းရင်းတွေကတော့
(၁) ထိခိုက်ဒဏ်ရာရခြင်း
(၂) သွားပိုးစားခြင်း
(၃) သွားဖုံးနဲ့ အောက်မေးရိုးတွေ ပိုးဝင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ လစ်လပ်သွားတဲ့ သွားတစ်ချောင်းစီရဲ့ နေရာကို သွားအံကတ်တွေတပ်ခြင်းနဲ့ အခြားကုသမှုတွေ ပြုလုပ်ခြင်းထက် သွားတစ်ချောင်းစီစိုက်ခြင်းက ပိုပီးသဘာဝကျကျနဲ့ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
သွားစိုက်ခြင်းရ၏ အကျိုးကျေးဇူးများ အလွယ်တကူဖြုတ်တပ်နိုင်သော သွားအံကတ်များနှင့် ယှဉ်ကြည့်ပါက သွားအတုစိုက်ခြင်းသည် သဘာဝအတိုင်း သွားအစစ်ကဲ့သို့သော သွားတစ်ချောင်းကို ရရှိနိုင်မှာဖြစ်ပီး သွားစိုက်ခြင်းအားဖြင့် လစ်လစ်နေသည့် သွားနေရာသို့ အခြားသွားများ ယိမ်းယိုင်လာပီး မျက်နှာအရိုးများပုံမှန်မဖြစ်ပဲ နေရာလွှဲတတ်ခြင်းကိုလည်း ကာကွယ်ရာရောက်ပါသည်။ သွားအတုစိုက်ခြင်းသည် ဘေးချင်း ကပ်လျက်ရှိသောသွားများကို အားကိုးအားထားခြင်းမပြုပဲ သဘာဝအတိုင်းရှိသော သွားများနှင့် လုံးဝသီးခြားစီဖြစ်လျက်ရှိမည်။ အထူးဂရုစိုက်ရန်လည်း မလိုအပ်ပဲ ပုံမှန်အတိုင်း သွားသန့်ရှင်းရေး ပြုလုပ်နိုင်မည်။
သွားတစ်ချောင်းစီစိုက်ခြင်းကြောင့်ရရှိလာမည့် အခြားသော အကျိုးကျေးဇူးများစွာရှိသည်။ ၄င်းတို့်မှာ
(၁) ဆုံးရှုံးသွားသောသွားများနေရာတွင် ကြာရှည်ခံမည့်သွားများ ရှိလာခြင်း (၂) သွားဖုံးများတစ်လျောက် သွားများရွေ့လျားယိမ်းယိုင်မှု မရှိတော့ခြင်း
(၃) သဘာဝအတိုင်းကြည့်ကောင်းသည့် သွားများရှိလာခြင်း
(၄) ပုံမှန်အတိုင်းအစားအစားများ ပြန်ဝါးနိုင်ခြင်းနှင့် စကားပြောရာတွင် ပြသနာမရှိခြင်း
(၅) ဘေးချင်းကပ်လျက်ရှိသောသွားများကို တွန်းခြင်း၊ ဆောင့်ခြင်းနည်းပါးသွားခြင်း
(၆) ပြုံးလိုက်သောအခါ မိမိကိုယ်ကိုမိမိ ပိုမိုယုံကြည်မှုရှိခြင်းတို့ပင် ဖြစ်ပါသည်။
သွားစိုက်ရန် ချင့်ချိန်ဆုံးဖြတ်ချက်ချခြင်း သွားဆရာဝန်နှင့်ပြသပီး လိုအပ်သော စစ်ဆေးမှုများပြုလုပ်ခြင်း၊ ကျန်မာရေးအခြေအနေနှင့် မိမိ၏သွားဘက်ဆိုင်ရာပြသနာများအရ မိမိအနေဖြင့် သွားအတုစိုက်ခြင်းကို ပြုလုပ်နိုင်မည့် အကောင်းဆုံးသော သူတစ်ယောက်ဖြစ်နိုင် မဖြစ်နိုင်ကို သိရှိနိုင်ပီး သွားအတုစိုက်ခြင်းပြုလုပ်ရန် စဉ်းစားဆုံးဖြတ်ရပါမည်။
စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် မိမိ၏ခံတွင်းအနေအထား၊ သွားများ၏အနေအထားနှင့် မိမိ၏ ကျန်းမာရေးအခြေအနေအရာ သွားဘယ်နှစ်ချောင်းစိုက်ရမည်ကိုလည်း သိရှိသွားမည်။ အောက်ဖော်ပြပါ ပုံကိုကြည့်ချင်းအားဖြင့် သွားစိုက်ရန်လိုအပ်သည့် လူနာတစ်ယောက်၏ သွားအနေအထားကို သွားဆရာဝန်တစ်ယောက်အနေဖြင့် ကြိုတင် သိရှိပေလိမ့်မည်။
သွားမစိုက်မှီ စမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် သွားစိုက်ရန်လိုအပ်သည့်လူနာ၏ ခံတွင်းဖွဲ့စည်းပုံကို သိရှိနိုင်မည်။ ပါးစပ်အဖွင့်အပိတ်လုပ်ခြင်းဖြင့် သွားများနှင့် မေးရိုးများ အံဝင်ခွင်ကျဖြစ်နိုင်မှု အခြေအနေကိုလည်း သိရှိနိုင်မည်။ မေးရိုးများ၊ သွားဖုံးများ၊ ဦးခေါင်းနှင့်လည်ပင်းများအားလုံး၏ ဖွဲ့စည်းပုံကို သိရှိနိုင်မည်။
သွားစစ်ဆေးမှုပြုလုပ်နေစဉ် သွားဆရာဝန်သည် သင်၏ခံတွင်းဖွဲ့စည်းပုံ အနေအထားအရ အောက်ဖော်ပြပါအချက်အလက်များကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပီး သွားအတုစိုက်ခြင်း အဆင်ပြေ မပြေ ဆုံးဖြတ်ချက်ချမည်။ ၄င်းတို့မှာ
(၁) မေးရိုးများ၏ အကျယ်အဝန်းနှင့် အမြင့်ကို တိုင်းတာပီး သွားတစ်ချောင်းဝင်ဆံ့နိုင်မည့် မေးရိုးအကျယ်အဝန်း လုံလောက်မှုရှိမရှိ တိုင်းတာသတ်မှတ်မည်။
(၂) သွားဖုံးရောဂါများရှိ မရှိကို စမ်းသပ်စစ်ဆေးမည်။ သွားဖုံးရောဂါတစ်ခုခုရှိပါက သွားမစိုက်မှီ သွားဖုံးကိုကျန်းမာအောင် လိုအပ်သောကုသမှုများ ပြုလုပ်ရမည်။
(၃) သွားဖုံးများသည် စိုက်မည့်သွားအတုကို မြဲမြံစွာထားနိုင်မှုရှိ မရှိကို စစ်ဆေးမှုပြုလုပ်မည်။
သွေးချိုဆီးချိုကဲ့သို့သောရောဂါများရှိပါက မိမိ၏ သွေးချိုဆီချို အနေအထားအရ ထိန်းနိုင်သော သွားစိုက်ခြင်းပြုလုပ်ရန် လက်ခံနိုင်သော အနေအထားဖြစ် မဖြစ်သိရှိရန် လိုအပ်သော သွေးစစ်ဆေးမှုများကို ပြုလုပ်ရမည်။ သွေးကျဲဆေးများ၊ အင်ဆူလင်ထိုးဆေးများစသော မိမိနေ့စဉ်အသုံးပြုနေသည့် ဆေးဝါးများရှိပါက သွားဆရာဝန်ကို ကြိုတင်အသိပေး အကြောင်းကြားရမည်။
ဓာတ်မှန်ရိုက်ပီးစမ်းသပ်ခြင်း
သာမာန်မျက်စိဖြင့်မမြင်နိုင်သော သွားအတွင်းပိုင်းပြသနာများကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ရန် ခံတွင်းပိုင်းဓာတ်မှန်များကို လိုအပ်သလိုရိုက်ရမည်။ ဓာတ်မှန်ရိုက်ပီး စမ်းသပ်ပေးခြင်းဖြင့် မေးရိုးများ၏ အခြေအနေများကိုလည်း ကောင်းစွာသိရှိနိုင်ပါမည်။
ထို့နောက် ရရှိလာသည့်စမ်းသပ်မှုရလဒ်များအပေါ်မူတည်ပီး သွားဆရာဝန်မှ မိမိအတွက် ရွေးချယ်ပြုလုပ်သင့်သည့် ကုသမှုများနှင့်ပက်သတ်ပီး သေသေချာချာရှင်းလင်းပြပါမည်။ သွားစိုက်ခြင်းမပြုလုပ်မှီ သွားသန့်ရှင်းရေးလုပ်ခြင်း၊ အမြစ်သတ်ခြင်းစသော အထူးပြုလုပ်ရန် လိုအပ်သည့် သွားဘက်ဆိုင်ရာကုသမှုများနှင့်ပက်သတ်ပီး သေသေချာချာ သိရှိသွားပါမည်။
သွားမစိုက်ခင် အောက်ခြေအခိုင်အမာပြုလုပ်ခြင်း သွားဖုံးများကျန်းမာပီး မေးရိုးများလည်းကောင်းမွန်ပါက သွားတစ်ချောင်းစိုက်ရန် မခက်လှပေ။ သို့သော် သွားစိုက်ရန် မေးရိုးအနေအထားနှင့် သွားဖုံးများ လုံလောက်သည့် အနေအထားမရှိပါက သွားဖုံးကိုခပ်ထူထူလေး ဖြစ်သွားစေရန် လိုအပ်သော သွားဖုံးအတုများထည့်ပေးခြင့် သွားစိုက်ရန်အတွက် သွားဖုံးနေရာ လုံလုံလောက်လောက်နှင့် အခိုင်အမာဖြစ်အောင် ဖန်တီးပေးရမည်။ သွားဖုံးအတုထည့်ပီး အနာလုံးဝကျက်သွားသည့် အနေအထားသို့ ရောက်သောအခါမှသာ သွားစိုက်ခြင်းကို ပြုလုပ်နိုင်မည်။
သွားဖုံးရောင်ခြင်း၊ သွားဖုံးပြည်တည်ခြင်းစသော သွားဖုံးပြသနာများ ဖြစ်နေပါက သွားမစိုက်မှီ သွားဖုံးပြသနာများလုံးဝပျောက်ကင်းသည်အထိ ကုသမှုများပြုလုပ်ရပါမည်။
ကုသမှုပြုလုပ်ပေးမည့် အစီအစဉ်
ခံတွင်းစစ်ဆေးမှုများပြုလုပ်ပေးပီးနောက် သွားစိုက်ရန်သင့်တော်သော သူတစ်ယောက်ဖြစ်ပါက သွားဆရာဝန်မှ သွားစိုက်ပုံတစ်ဆင့်ချင်းနှင့် ပက်သက်ပီး ရှင်းပြပေးပါလိမ့်မည်။ ကုန်ကျစရိတ်နှင့် ဆေးခန်းသို့ လာပြရမည့်အချိန်၊ သွားတစ်ချောင်းစိုက်ရန် စုစုပေါင်းကြာမြင့်ချိန်များကို လည်း ထပ်လောင်းရှင်းပြပေးပါမည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အစဉ်တစိုက် လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးသည်။ သွားတစ်ချောင်းစိုက်ပီးသည့် အနေအထားရောက်ရန် လပေါင်းများစွာကြာ မည်။ ထို့အပြင် သွားဖုံးအတုအစားထိုးရန်လိုအပ်ခြင် သို့မဟုတ် သွားဖုံးပြသနာများရှိပါက ပို၍အချိန် ကြာမည်။
အခြားနည်းလမ်းများ
အကြောင်းအမျိုးမျိုးကြောင့် သွားစိုက်ရန်အဆင်မပြေပါက လစ်လပ်နေသော သွားများနေရာတွင် Dental Bridge ကဲ့သို့သော့ လစ်လပ်နေသောနေရာ အတွက် သွားတစ်ချောင်းမကအစားထိုးပေးပီး ဘေးတစ်ဘက်စီရှိသွားများကို ငုံပီးစွပ်ပေးရသောနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်မည်။ အံကတ်ဝတ်နေပါ မိမိ၏သွားဖုံးနှင့်ပိုမိုအံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ပီးတပ်ဆင် အသုံးပြုနိုင်သည်။ နောက်အနာဂတ်တွင် လိုအပ်ပါက သွားတစ်ချောင်းစီ စိုက်ခြင်းကို ပြုလုပ်သင့်သည်။ မိမိအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးနည်းလမ်းကို သွားဆရာဝန်မှ အကြံပြုပေးပါလိမ့်မည်။
သွားစိုက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ အခြားသော ခွဲစိတ်ကုသမှုများကဲ့သို့ပင် သွားစိုက်ခြင်းတွင်လည်း နောက်ဆက်တွဲဖြစ်နိုင်သော ဆိုးကျိုးများရှိတတ်သည်။ ၄င်းတို့်မှာ
(၁) ပိုးဝင်ခြင်း
(၂) သွေးထွက်ခြင်း
(၃) သွားအတုကျွတ်ထွက်ခြင်း
(၄) ဘေးချင်းကပ်လျက်သွားကိုထိခိုက်ဒဏ်ရာရခြင်း
(၅) စိုက်မည့်သွားနားရှိ အာရုံကြောနှင့်ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။
သွားစိုက်ခြင်းပြုလုပ်ပုံ သွားစိုက်ရာတွင် စိုက်ပေးမည့်သွားကို မေးရိုးတွင် ခွဲစိတ်မှုပြုလုပ်ပီး နေရာချပေးမည်။ အချိန်ကြာလာသည်နှင့်အမျှ မေးရိုးထဲတွင် သွားအတုအံဝင်ခွင်ကျ မြဲမြံစွာဖြစ်သွားပီး ကြာရှည်ခံသွားမည်။
သွားစစိုက်သည့်လအနည်းငယ်အတွင်း သွားကိုသန့်ရှင်းရေးသေသေချာချာ ဂရုတစိုက်ပြုလုပ်ပေးခြင်းဖြင့် သွားစိုက်ခြင်းမြန်မြန်ပီးအောင် ဝိုင်းဝန်းကူညီရမည်။
သွားစိုက်ခြင်းမပြုလုပ်မှီ ပိုးကင်းသန့်စေသောဆေးရည်ဖြင့် အာလုပ်ကျင်းပေးရမည်။ သွားစိုက်နေစဉ် စိုးရိမ်းကြောက်ရွံ့မှုနည်းရန် အိပ်ဆေးများလိုအပ်သလိုပေးမည်။
မေးရိုးကိုထုံဆေးထိုးပေးပီးနောက် စိုက်မည့်သွားအမြစ်ကို သေသေချာချာ နေရာချပေးမည်။ သွားစိုက်ရာတွင်အသုံးပြုမည့် ကိရိယာများ၏အသံနှင့် တုန်ခါသံများကိုကြားနေရမည်။ သို့သော် နာကျင်မှုမရှိပါ။ မိမိစိုက်မည့် သွားအရေအတွက်ပေါ်မူတည်ပီး သွားစိုက်ချိန် မတူညီပါ။ သွားစိုက်ပုံ အဆင့်ဆင့်ကို အောက်ဖော်ပြပါပုံတွင် ကြည့်နိုင်သည်။
A. ခွဲစိတ်ဒဏ်ရာပေးခြင်း။ ။ မေးရိုးမြင်ရသည်အထိ သွားဖုံးတွင် ခွဲစိတ်ဒဏ်ရာသေးသေးလေး ပေးမည်။ ထို့နောက် သွားအမြစ်ချရန် မေးရိုးကိုလိုအပ်သလို ခွဲစိတ်ပေးမည်။
B. သွားအမြစ်ချရန် မေးရိုးကိုပြင်ဆင်ပေးခြင်း။ ။ မေးရိုးထဲသို့ သွားအမြစ်ချရန် အပေါက်လေး တစ်ပေါက် သေသေချာချာဖောက်ပေးမည်။ အသုံးပြုမည့် သွား၏အရွယ်အစားကို မူတည်ပီး အပေါက်ကလေး ဖောက်ပေးမည်။
C. သွားအတုနေရာချခြင်း။ ။ မေးရိုးတွင် အပေါက်ကလေးဖောက်ပီးနောက် စိုက်မည့် သွားအတုကို သေသေချာချာ နေရာတကျထည့်ပေးမည်။ ထို့နောက် ခွဲစိတ်ဒဏ်ရာကို သေသေချာချာ ပြန်ချုပ်ပေးမည်။ တစ်ခါတစ်ရံ သွားအစစ်စွပ်ပေးရန် အောက်ခြေဝက်အူရစ်ထဲတွင်ရစ်ပီးစွပ်ပေးမည့် သွားအစစ်ကလေးစွပ်ရမည့်အပိုင်းကို တစ်ခါတည်းတပ်ပေးလိုက်မည်။
သွားစိုက်ပီးနောက် ဘယ်လိုဂရုစိုက်ရမလဲ
သွားစိုက်ပီးနောက် ခေတ္တခဏနားနေပီး အားလုံးအဆင်ပြေသောအခါ အိမ်ပြန်နိုင်မည်။ ရောင်ရမ်းခြင်းနှင့် သွေးအနည်းငယ်ထွက်ခြင်းများ ဖြစ်နိုင်ပါသည်။ အနာမြန်မြန်ကျက်ပီး ပုံမှန်အခြေအနေ မြန်မြန် ရောက်ရောက်ရန် အောက်ဖော်ပြပါ ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။ ၄င်းတို့မှာ
(၁) သွားစိုက်သည့်နေ့တွင် အစားအစာအဖြစ် အရည်များကိုသာစားရမည်။(၂) ဆရာဝန်ညွှန်ကြားသော ပိုးသတ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများကို သောက်ရမည်။
(၃) မေးရိုးကို ဖိမိစေခြင်းမဖြစ်အောင် ဂရုစိုက်ရမည်။
(၄) သွားစိုက်ပီး ပထမရက်အနည်းငယ်အတွင်း အစားပျော့ပျော့စားရမည်။
(၅) သွားအတု သို့မဟုတ် အံကတ်တတ်ခြင်းများ ရက်အနည်းငယ် ရှောင်ရမည်။
ခံတွင်းသန့်ရှင်းရေး ဘယ်လိုလုပ်မလဲ
သွားနှင့်သွားဖုံးများကို ကောင်းစွာသန့်စင်ပေးခြင်းသည် သွားစိုက်ပီး ပုံမှန်အခြေအနေပြန်ရောက်ရန် လွန်စွာအရေးကြီးသည်။ ခံတွင်းကို ပုံမှန်သန့်စင်ပေးခြင်းမရှိပါက ပိုးဝင်နိုင်ပီး စိုက်ထားသော သွားအတုကို အရိုးထဲတွင်မြဲမြံနေခြင်း မရှိစေနိုင်ပါ။ သွားစိုက်ပီးနောက် အကောင်းဆုံး အနေအထားရရန်
(၁) အစားစားပီးတိုင်း သွားတိုက်ရာတွင် သွားနှင့်သွားဖုံးများ ထိခိုက်ဒဏ်ရာ မရစေရန် နူးညံ့သောသွားတိုက်သွားပွတ်တံကို အသုံးပြုရမည်။
(၂) သွားစိုက်ထားသော ဒဏ်ရာကို မတိုက်ရ။ သွားစိုက်ဒဏ်ရာ အနီးတစ်ဝိုက်ကိုသာ သန့်ရှင်းအောင် သွားတိုက်ပေးရမည်။
(၃) ဆရာဝန်ညွန်ကြားသော ပိုးကင်းသန့်စေမည့် ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုရမည်။
သွားစိုက်ပီးနောက် ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြရမလဲ စိုက်ထားသောသွားမှာ မေးရိုးထဲတွင် လုံးဝအသားတကျဖြစ်သွားရန် လပေါင်းများစွာ ကြာမြင့်ပါသည်။ အနက်ကျက်သွားသည့် အနေအထားအပေါ်မူတည်ပီး သွားဆရာဝန်ကို အကြိမ်များစွာ ပြန်လာပြန်ရန်လိုအပ်ပါသည်။
အနာမကျက်ခင်နှင့် နောက်ဆုံးအဆင့်အတွက်အသုံးပြုမည့် ဝက်အူရစ်အဖုံးလေးများ
သွားတစ်ချောင်းစိုက်ရာတွင် အသုံးပြုမည့် Healing Abutments နှင့် Final Abutments ဟူ၍ ဝက်အူရစ်အဖုံးကလေး ၂မျိုးရှိသည်။ Healing Abutments သည် စိုက်မည့်သွားပတ်လက်ရှိ သွားဖုံးတစ်သျူးများ အနာကောင်းစွာကျက်ရန် အထောက်အကူပြုပီး Final Abutments ဝက်အူရစ်အဖုံးလေးများကို သွားဖုံးအနာကောင်းစွာကျက်သွားပီး နောက်ဆုံးအဆင့် သွားအစစ်ပုံစံ သွားတစ်ချောင်း၏ မြင်နိုင်သော အပေါ်ဘက်အစိတ်အပိုင်းတပ်ဆင်ရာတွင် အသုံးပြုပါမည်။
ဝက်အူရစ်အဖုံးများတပ်ပီးနောက် မည်ကဲ့သို့ဂရုစိုက်ရမလဲ ဝက်အူရစ်အဖုံးလေးများတပ်ပီးနောက် သွားဖုံးကိုခွဲထားသော အနာကျက်ရန် ပုံမှန်အားဖြင့် အချိန် ၄ပတ်မှ ၆ပတ်အထိ ကြာမြင့်တတ်ပါသည်။ ထိုကဲ့သို့ ဝက်အူရစ်အဖုံးလေးများဖြင့် ဖုံးထားပေးပီး၊ သွားဖုံးအနာကောင်းစွာမကျက်မှီ ဆရာဝန်ညွှန်ကြားသော အစားအစာများနှင့် သွားသန့်ရှင်းရေး ပြုလုပ်ပုံများကို တသွေမတိမ်းလိုက်နာဆောင်ရွက်ရမည်။
သွားတစ်ချောင်းစိုက်ရာတွင် ဒုတိယအဆင့်ပြုလုပ်ပုံကို ပုံ D မှ ပုံG အထိ တွေ့မြင့်နိုင်မည်။
A. Exposing the Implant ။ ။ မေးရုံးထဲတွင်မြုတ်ထားသော သွားအမြစ်ပိုင်းကို တွေ့ရှိရန် ပုံပါအတိုင်း ခွဲစိတ်ဒဏ်ရာသေးသေးလေး ပေးမည်။
B. Plasing Healing Cuffs ။ ။ သွားအမြစ်ပိုင်းဝက်အူရစ်တွင် ဝက်အူရစ် အဖုံးလေးကို ယာယီတပ်ပေးမည်။
C. Placing filan abutments ။ ။ သွားဖုံးအနာကောင်းစွာ ကျက်သွားသောအခါ နောက်ဆုံးအဆင့် သွားအစစ်ကဲ့သို့သော သွားအပေါ်ပိုင်းအဖုံးတပ်ဆင်ရန် ဝက်အူရစ်အဖုံးလေးကို တပ်ဆင်ပေးမည်။ ထို့နောက် သွားဖုံးနှင့်တစ်တန်းတည်း ကပ်လျက်ရှိမည့် သွားတစ်ချောင်း၏ မြင်နေရသော အစိတ်အပိုင်းကို ဝက်အူရစ်အဖုံးပေါ်တွင် တပ်ဆင်ပေးပါမယ်။
သွားအမြစ်ပိုင်းဝက်အူအရစ်ကို ဖုံးပေးထားသောဝက်အူရစ် အဖုံးပတ်လည်ရှိသွားဖုံးများ အနာကျက် သွားသောအခါ ထိုဝက်အူရစ် အဖုံးပေါ်တွင်တပ်ဆင်ပေးမည့် တကယ့်သွားအစစ်ပုံစံ သွားအတု တစ်ချောင်းကို ဖန်တီးပေးရတော့မည်။ သင့်ခံတွင်းအနေအထားနှင့် ကိုက်ညီမည့် သွားတစ်ချောင်း ရရှိရန် မကြာခဏပြန်ပြရပေလိမ့်မည်။ ထို့နောက် သွားအစစ်တစ်ချောင်းကဲ့သို့သော သွားတစ်ချောင်းရရှိရန် တစ်လ သို့မဟုတ် တစ်လမက စောင့်ရပါလိမ့်မည်။
သွားဆရာဝန်မှ သင့်၏သွားအနေအထားကို သေသေချာချာပုံစံခွက်ယူပီး သွားအတုတစ်ချောင်း ပြုလုပ်ပေးမည့်ပညာရှင်မှာ သွားတစ်ချောင်း ဖန်တီးပေးမှာဖြစ်ပါသည်။ အပေါ်သွားများနှင့် အောက်သွားမျာကို စိထားမည့်အနေအထားကို ပုံစံယူပီးနောက် အကောင်းဆုံးဖြစ်မည့် သွားတစ်ချောင်းဖန်တီးပေးပါမည်။
သွားအတုကို ပုံစံချခြင်း
တပ်ဆင်ပေးမည့် သွားအတုအဆင်သင့်ဖြစ်သောအခါ သွားအမြစ် အပေါ်ပိုင်းရှိ ဝက်အူအရစ်ပေါ်တွင် သေသေချာချာတင်ဆင်ပေးပီး အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သောပြုပြင်မှုများကိုပြုလုပ်ပေးမည်။ လုံးဝအဆင်ပြေပါက ပုံ G တွင်ပြထားသည့်အတိုင်း ဝက်အူအရစ်ပေါ်တွင် သွားအတုကို သေသေချာချာ တပ်ဆင်ပေးလိုက်ပါမည်။ ကုသမှုပြုလုပ်ပီး ရက်သတ္တပတ်အနည်းငယ်အတွင်း မာကျောသည့်အစားအစာများကို ရှောင်ကြဉ်ရပါမည်။
ရန်ဟီးဆေးရုံကြီးရှိ သွားဘက်ဆိုင်အထူးကုဌာနတွင် သွားစိုက်ခြင်းနှင့် ပက်သက်ပီး စုံစမ်းမေးမြန်းမှုများ ကြိုတင်ပြလုပ်လိုနိုင်ပီး သွားဆရာဝန်မှ သင့်၏အခြေအနေအရ အကောင်းဆုံးသော ကုသမှုများနှင့် ကုန်ကျစရိတ်များ၊ ကုသမှုပြုလုပ်ပုံများ၊ ဆရာဝန်လာပြရမည့် အကြိမ်အရေတွက် စသည်တို့ကို ကြိုတင်သိရှိနိုင်ပါမည်။
ဆရာဝန်နှင့်ဆွေးနွေးရန် နှိပ်ပါ
ယနေ့ပဲ ဆက်သွယ်လိုက်ပါ