+66 2 879 0300 myanmar@yanhee.net

သွားဖြူဖွေးအောင် ကုသမှုပြုလုပ်ခြင်း

သွားဖြူဖွေးအောင်ကုသမှုပြုလုပ်ခြင်း(Teeth Whitening)

စကားပြောလိုက်တဲ့အခါဖြစ်ဖြစ်၊ ရယ်မောလိုက်တဲ့အခါဖြစ်ဖြစ် တစ်ဖက်သားလူတွေကို ဆွဲဆောင်မှုနဲ့ မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့်အဝရရှိစေဖို့အတွက် ပြုံးလိုက်တဲ့အခါတိုင်း သွားလေးတွေ ဖြူဖြူဖွေးဖွေးကလေးဖြစ်နေဖို့ အင်မတန်ပင်အရေးကြီးလှပါတယ်။

အဲ့ဒီလို သွားအရောင်ဖြူဖြူဖွေးဖွေးကလေးဖြစ်မနေပဲ မည်းမည်းညစ်ညစ်ကြီးဖြစ်စေရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။

အဲ့ဒီအကြောင်းရင်းတွေကတော့

(၁) နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေ အထူးသဖြင့် ဝိုင်၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချို့အသီးအရွက်တွေဟာ သွားအရောင်ဖြူဖွေးမနေပဲ အရောင်ပြောင်းသွားခြင်းကို ဖြစ်စေပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း

(၃) သွားများကို သေသေချာချာ သန့်ရှင်းရေးမလုပ်ခြင်း။ ။ သွားအရောင်ဝါခြင်း အရောင်ပြောင်းခြင်း မဖြစ်စေဖို့အတွက် ဆေးလိပ်သောက်ခြင်းနဲ့ ကော်ဖီကဲ့သို့အရောင်ပါတဲ့ အစားအသောက်တွေ စားသောက်ပီးတဲ့အခါတိုင်း သေသေချာချာသွားမတိုက်ခြင်း၊ သွားကြားတွေသေသေချာချာ သန့်ရှင်းရေးမလုပ်မိခြင်း

(၄) သွားအရောင်ပြောင်းခြင်းကိုဖြစ်စေသော ဆေးဝါးများသောက်သုံးခြင်း

(၅) အသက်အရွယ်ကြီးရင့်လာခြင်း။ ။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အပေါ်ယံကြွေသွားအလွှာလေးရဲ့ မျက်နှာပြင်ဟာ ဟောင်းနွမ်းသွားပီး ဝါကျင့်ကျင့်အရောင် ဖြစ်သွားတတ်ခြင်း။

(၆) မိမိ၏မျိုးရိုးဗီဇ

(၇) မိမိနေထိုင်ရာပတ်ဝန်းကျင်

(၈) ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ကြောင့်ပဲဖြစ်ပါတယ်။

သွားအရောင် ဝါကျင့်ကျင့်ဖြစ်နေတဲ့အတွက် ပြုံးလိုက်တဲ့အခါတိုင်း အဆင်မပြေဖြစ်နေတတ်တဲ့သူတွေအတွက် သွားအရောင်လေး ဖြူဖွေးတောက်ပသွားစေဖို့အတွက် နည်းလမ်းများစွာရှိသည့်အနက် အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်စေမယ့် နည်းလမ်းတွေကို ရွေးချယ်တတ်ဖို့ အင်မတန်မှအရေးကြီးလှပါတယ်။

အကောင်းဆုံးအခြေအနေရစေဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ချိန်းဆိုရမယ်။ ဆရာဝန်နဲ့ဆွေးနွေးတဲ့အခါမှာလည်း သွားဖြူဖွေးအောင် မိမိကိုယ်တိုင် နေ့စဉ်အိမ်မှာ သန့်ရှင်းရေးပြုလုပ်ခြင်းနဲ့ လေဆာဖြင့် သွားဖြူဖွေးအောင်ပြုလုပ်ခြင်းနှစ်ခုရဲ့ ကွာခြားချက်တွေအကြောင်း သေသေချာချာမေးမြန်းပီး မိမိအတွက် မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်မယ်ဆိုတာ ရွေးချယ်ပြုလုပ်ရမှာဖြစ်ပါတယ်။

In-Office Teeth Whitening

ဒီနည်းလမ်းကတော့ ပထမဆုံးရွေးချယ်ပြုလုပ်သင့်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ သွားဆရာဝန်ရဲ့ ဆေးခန်းမှာ ပြုလုပ်ပေးနိုင်မှာဖြစ်ပီး ကုသမှုပြုလုပ်ချိန်လည်း တစ်နာရီခွဲလောက်သာ ကြာမြင့်မှာဖြစ်ပါတယ်။ ကုသမှုပြုလုပ်ရာမှာ သွားဆရာဝန်မှ အပေါ်ယံကြွေသွားလွှာကို ဖြူဖွေးတောက်ပသွားစေဖို့အတွက် ဂျယ်လ်လေးတစ်မျိုးကို လိမ်းပေးမှာဖြစ်ပါတယ်။ ကုသမှုပြုလုပ်ပီးနောက် မိမိသွားတွေ ဖြူဖွေးတောက်ပသွားမှာကို ချက်ချင်းတွေ့ရမှာ ဖြစ်ပါတယ်။

At-Home Teeth Whitening( Tray Whitening)

ဒီနည်းလမ်းကတော့ သွားဆရာဝန်ကနေ မိမိရဲ့သွားနဲ့ အံဝင်ခွင်ကျတပ်ဆင်လို့ရမယ့် သွားပုံစံခွက်လေးတစ်ခုကို ဖန်တီးပေးမယ်။ အဲ့ဒီနောက် ညအိပ်ယာဝင်ခါနီး သွားတိုက်ပီးတဲ့အခါ အဲ့ဒီသွားပုံစံခွက်လေးထဲကို သွားကို ဖြူဖွေးတောက်ပစေမယ့် ဂျယ်လ်ကို ဘယ်လိုလိမ်းပီး သွားမှာဘယ်လိုတပ်ဆင် ရမလဲဆိုတာ သေသေချာချာသင်ပြပေးမယ်။ မိမိကိုယ်တိုင် နေ့စဉ် ညအိပ်ခါနီးတိုင်းမှာ သွားတိုက်ပီး သွားပုံစံခွက်လေးမှာ ဂျယ်လ်လိမ်းပီး မိမိသွားမှာ ဆရာဝန်သင်ကြားတဲ့အတိုင်း သေသေချာချာ တပ်ဆင်အသုံးပြုခြင်းဖြင့် ဖြူဖွေးတဲ့သွားတွေကို တဖြည်းဖြည်းရရှိလာမှာ ဖြစ်တယ်။ ဒီနည်းလမ်းကတော့ ပုံမှန်အားဖြင့် ၁၀ရက်ကနေ ၁၄ရက်ကြာတတ်ပီး ကုသမှုစလုပ်ပီး ၃ရက်ကနေ ၅ရက်ကြာတဲ့အခါမှာ သွားအရောင်လေးစပီး ဖြူဖွေးလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

At-Home Whitening (Paint-On Teeth Whiteners ) သွားဖြူဖွေအောင်ပြုလုပ်ပေးနိုင်မယ့် သွားဖြူဆေးတွေ များစွာရှိသည့်အနက်မှ paint-on လို့ခေါ်တဲ့ဆေးကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူရှာပီး ဝယ်လို့ရနိုင်ပါမယ်။ Paint-on whiteniers တွေဟာ ဈေးနှုန်းလည်း အသင့်အတင့်မျှသာရှိပီး ဆေးဆိုင်တွေမှာ အလွယ်တကူရနိုင်ပေမယ့် သွားဆရာဝန်ကိုယ်တိုင် ကုသမှုပြုလုပ်ပေးမယ့် လေဆာဖြင့်သွားဖြူဖွေးအောင် ပြုလုပ်ခြင်းနဲ့ သွားပုံစံခွက်ကလေးမှာ သွားဖြူဖွေးစေမယ့် ဂျယ်လ်ကိုလိမ်းပီး ဖြူဖွေးအောင်ပြုလုပ်ခြင်းလောက်တော့ ထိရောက်မှုမရှိပါ ။

Paint-on teeth whiteners တွေဟာ သွားတိုက်ဆေးကဲ့သို့သော ဂျယ်လ်လေးတစ်မျိုးဖြစ်ပီး သွားတိုက်သွားပွတ်တံတွင်လိမ်းကာ သွားတိုက်ပေးခြင်းဖြင့် သွားဖြူဖွေးအောင်ပြုလုပ်ပေးခြင်း ဖြစ်သည်။

Paint-on teeth whiteners များသည် သွားအပေါ်ယံလွှာကို ဖုံးအုပ်ထားစေနိုင်သည့် အလွှာပါးလေးတစ်ခုအဖြစ် သွားကိုဖုံးထားပီး ခံတွင်းထဲတွင် တဖြည်းဖြည်းပျော်ဝင်သွားမည်။ သွားဖြူဖွေးအောင် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းများစွာရှိသည့်အနက် မည်သည့်နည်းလမ်းဖြင့် ရွေးချယ်ပြုလုပ်သင့်သည်ကို သွားဆရာဝန်နှင့် သေသေချာချာတိုင်ပင်ရန် အထူးလိုအပ်သည်။

At-Home Teeth Whiteing (Teeth-Whitening Strips) သွားဖြူဖွေးအောင်ပြုလုပ်ရာတွင် အသုံးပြုမည့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်ပါဝင်သော ကပ်ခွာပြားလေးမျာသည် ပါးလွှာပီး ဆန့်နိုင်ရှုံ့နိုင်သော ပလက်စတစ် ကပ်ခွာလေးများဖြစ်ပီး အပေါ်သွားနှင့် အောက်သွားများကိုကပ်ရန် တစ်စုံစီပါဝင်မည် ဖြစ်သည်။

သွားများကို ဖြူဖွေးအောင်ပြုလုပ်ပေးနိုင်မည့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါသော ကပ်ခွပြားလေးကို သွားပေါ်တွင် သေသေချာချာကပ်ပေးပီး သွားမျက်နှာပြင်နှင့် ကပ်သွားအောင် သေသေချာချာဖိပေးရမည်။

ပုံမှန်အားဖြင့် တစ်ကြိမ်ကပ်တိုင်း မိနစ် ၃၀ခန့် ကပ်ပေးရန်လိုအပ်ပီး တစ်နေ့လျှင် ၂ ကြိမ် ကပ်ပေးရမည်။ တစ်ယောက်နှင့် တစ်ယောက် အချိန်မည်မျှကြာအောင် အသုံးပြုရန် မတူညီပေ။

At-Home Teeth Whitening

( သွားဖြူဖွေးစေမည့်သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင်ဆေးရည်သုံးခြင်း)

ကုန်ကျစရိတ်လည်းသက်သက်သာသာနှင့် လူတိုင်းပြုလုပ်နိုင်သောနည်းလမ်းမှာ သွားဖြူဖွေးစေသော သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင်ဆေးရည်များကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ သွားများဖြူဖွေး သွားစေရန် သွားတိုက်ဆေးများနှင့် ခံတွင့်သန့်စင်ဆေးရည်များသည် သွားများ၏ အပေါ်ယံကြွေသား အလွှာတွင် စွဲကပ်နေသော အရောင်အစွန်းအထင်းများကို ပွတ်တိုက်စားခြင်းအားဖြင့် ဖယ်ရှားပေးခြင်း ဖြစ်သည်။

သို့သော်လည်း သွားဖြူဖွေးအောင် ပြုလုပ်ပေးနိုင်သော သွားတိုက်ဆေးများသည် လေဆာဖြင့် သွားဖြူအောင်ပြုလုပ်ခြင်းနှင့် အခြားနည်းများနှင့် ယှဉ်ကြည့်ပါက သိသိသာသာ သွားများဖြူဖွေး သွားအောင် မပြုလုပ်နိုင်ပေ။ သွား၏အပေါ်ယံလွှာရှိ အစွန်းအထင်းများကိုသာ ဖျော့သွားအောင် ပြုလုပ်ပေးနိုင်ပါမည်။

သွားဖြူဖွေးအောင် ပြုလုပ်ခြင်းနှင့်ပက်သက်ပီး ဆရာဝန်ချိန်းဆိုခြင်းနှင့် အသေးစိတ်ပိုမိုသိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ယနေ့ပဲ ဆက်သွယ်လိုက်ပါ

13 + 5 =